ယူနိုက်တက်ပရိသတ်များဟာအမေရိကန်တွင်ဝရက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရမဲ့ခြေစမ်းပွဲအတွက်လက်မှတ်ဈေးနှုန်းကိုသိရှိလိုက်ရပြီးနောက် အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။ အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာလာမယ့်နွေရာသီတွင်အမေရိကန်နိုင်ငံမှ, ဝေးလ်အခြေစိုက်National League ကလပ်ဝရက်စ်ဟမ်းနှင့်ခြေစမ်းပွဲကစားပါမယ်။ ယူနိုက်တက်ဟာNational League ကလပ်အသင်းငယ်လေးဝရက်စ်ဟမ်းနှင့် ပွဲစဉ်တွင်နာမည်ကျော်ကစားသမားများကိုအသုံးပြုလာမှာမဟုတ်ဘဲ အကယ်ဒမီမှကစားသမားများကိုသာအသုံးပြုလာပါမယ်။ ဒါပေမဲ့လည်းယင်းပွဲအတွက်လက်မှတ်ဈေးနှုန်ူးသတ်မှတ်ချက်မှာ အံ့ဩသင့်စရာကောင်းလောက်အောင်များပြားနေမှုနှင့်အတူ ယူနိုက်တက်ပရိသတ်များဒေါသထွက်နေပါတယ်။ ယူနိုက်တက်နှင့်ဝရက်စ်ဟမ်းတို့ကစားမဲ့ခြေစမ်းပွဲအတွက် အနိမ့်ဆုံးလက်မှတ်ဈေးနှုန်းမှာဒေါ်လာ၁၇၀ဖြစ်ပြီးအမြင့်ဆုံး လက်မှတ်ဈေးနှုန်းမှာဒေါ်လာ၂၅၀ဖြစ်လာပါမယ်။ ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာယင်းပွဲလက်မှတ် ဈေးနှုန်းသတ်မှတ်ချက်အပေါ်ဝေဖန်နေကြပါတယ်။ ပရိသတ်တစ်ဦးက “ဒီလောက်ငွေတွေအများကြီးဘယ်သူများပေးမှာလဲ”လို့ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း “အကယ်ဒမီနဲ့အရန်ကစားသမားတွေကစားမဲ့ […]