ကစားသမားဘဝအောင်မြင်မှုမှာ စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုသာနေ

နာမည်ကျော်ဘောလုံးသမားဟောင်းတွေကို စစ်တမ်းကောက်ခံမှုအရ စီရော်နယ်လ်ဒိုရဲ့
ကစားသမားဘဝက သူ့ပြိုင်ဘက် မက်ဆီထက် ပိုအောင်မြင်တယ်လို့ အများစုက
သတ်မှတ်ကြပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား(GOAT) နှစ်ဦးအဖြစ်
သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတာက
ပြီးခဲ့တဲ့ဆယ်စုနှစ်(၂)ခုနီးပါးအတွင်း ပရိသတ်တွေကြားမှာ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ပြီး
အချင်းချင်း အပြန်အလှန်ငြင်းခုံရင်းနဲ့သာ အဆုံးသတ်လေ့ရှိပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ တစ်ဦးချင်းအောင်မြင်မှုမှာတော့
စီရော်နယ်လ်ဒိုကို အသာရနေပြီး Ballon d’Or ဆုကို အကြိမ်အများဆုံးအဖြစ်
(၇)ကြိမ်အထိဆွတ်ခူးခဲ့တာကြောင့် (၅)ကြိမ်သာရခဲ့တဲ့ စီရော်နယ်လ်ဒိုထက်
ခေါင်းတစ်လုံးမက ပိုမြင့်နေပါတယ်။

ဒါပေမဲ့လည်း ဘောလုံးသမားဟောင်း (၃)ပုံ(၂)ပုံက စီရော်နယ်လ်ဒိုရဲ့ကစားသမားဘဝ
အောင်မြင်မှုမှတ်တမ်းက မက်ဆီထက် ပိုသာတယ်လို့ယူဆနေကြတာဖြစ်ပါတယ်။
နာမည်ကျော် ဘောလုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ The Athletic က စီရော်နယ်လ်ဒိုနဲ့
မက်ဆီတို့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်မှာ ဘယ်သူက အောင်မြင်မှု
အများဆုံးဖြစ်မလဲဆိုတာ နာမည်ကျော်ဘောလုံးသမားဟောင်းတွေဆီကနေ မဲဆန္ဒ
ကောက်ခံခဲ့ပြီး (၆၆%)က စီရော်နယ်လ်ဒိုကို ရွေးချယ်ခဲ့ကြတာပါ။

စီရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝတစ်လျှောက်
မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်တို့နဲ့အတူ ပရီးမီးယားလိဂ်၊
လာလီဂါ၊ စီးရီးအေ၊ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့တာက မက်ဆီထက်
ပိုသာတယ်လို့ ဘောလုံးသမားဟောင်းတွေက ယူဆခဲ့ပါတယ်။

မက်ဆီကတော့ ဘာစီလိုနာကစားသမားဘဝတုန်းက လာလီဂါ၊ စပိန်ဘုရင့်ဖလား၊
ချန်ပီယံလိဂ်စတဲ့ ဆုဖလားတွေရယူနိုင်ခဲ့ပေမယ့် လက်ရှိ PSG အသင်းနဲ့ ပြည်တွင်း
ဆုဖလားတွေသာ ရယူနိုင်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုနဲ့ယှဉ်ရင် အောင်မြင်မှု
မှတ်တမ်းအရ နိမ့်ပါးနေတာလည်းဖြစ်ပါတယ်။

Photos:Getty Images,AP,football-espana,Twitter,Cristiano Ronaldo facebook,The Guardian,EL COMERCIO PERÚ

[Zawgyi]

နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြကို စစ္တမ္းေကာက္ခံမႈအရ စီေရာ္နယ္လ္ဒိုရဲ႕
ကစားသမားဘဝက သူ႔ၿပိဳင္ဘက္ မက္ဆီထက္ ပိုေအာင္ျမင္တယ္လို႔ အမ်ားစုက
သတ္မွတ္ၾကပါတယ္။

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား(GOAT) ႏွစ္ဦးအျဖစ္
သတ္မွတ္ခံထားရတဲ့ စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတာက
ၿပီးခဲ့တဲ့ဆယ္စုႏွစ္(၂)ခုနီးပါးအတြင္း ပရိသတ္ေတြၾကားမွာ အေျဖရွာမရတဲ့ ပုစာၦတစ္ပုဒ္ျဖစ္ခဲ့ၿပီး
အခ်င္းခ်င္း အျပန္အလွန္ျငင္းခုံရင္းနဲ႔သာ အဆုံးသတ္ေလ့ရွိပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ တစ္ဦးခ်င္းေအာင္ျမင္မႈမွာေတာ့
စီေရာ္နယ္လ္ဒိုကို အသာရေနၿပီး Ballon d’Or ဆုကို အႀကိမ္အမ်ားဆုံးအျဖစ္
(၇)ႀကိမ္အထိဆြတ္ခူးခဲ့တာေၾကာင့္ (၅)ႀကိမ္သာရခဲ့တဲ့ စီေရာ္နယ္လ္ဒိုထက္
ေခါင္းတစ္လုံးမက ပိုျမင့္ေနပါတယ္။

ဒါေပမဲ့လည္း ေဘာလုံးသမားေဟာင္း (၃)ပုံ(၂)ပုံက စီေရာ္နယ္လ္ဒိုရဲ႕ကစားသမားဘဝ
ေအာင္ျမင္မႈမွတ္တမ္းက မက္ဆီထက္ ပိုသာတယ္လို႔ယူဆေနၾကတာျဖစ္ပါတယ္။
နာမည္ေက်ာ္ ေဘာလုံးဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ The Athletic က စီေရာ္နယ္လ္ဒိုနဲ႔
မက္ဆီတို႔ရဲ႕ ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ ဘယ္သူက ေအာင္ျမင္မႈ
အမ်ားဆုံးျဖစ္မလဲဆိုတာ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြဆီကေန မဲဆႏၵ
ေကာက္ခံခဲ့ၿပီး (၆၆%)က စီေရာ္နယ္လ္ဒိုကို ေ႐ြးခ်ယ္ခဲ့ၾကတာပါ။

စီေရာ္နယ္လ္ဒိုဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝတစ္ေလွ်ာက္
မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္တို႔နဲ႔အတူ ပရီးမီးယားလိဂ္၊
လာလီဂါ၊ စီးရီးေအ၊ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ခဲ့တာက မက္ဆီထက္
ပိုသာတယ္လို႔ ေဘာလုံးသမားေဟာင္းေတြက ယူဆခဲ့ပါတယ္။

မက္ဆီကေတာ့ ဘာစီလိုနာကစားသမားဘဝတုန္းက လာလီဂါ၊ စပိန္ဘုရင့္ဖလား၊
ခ်န္ပီယံလိဂ္စတဲ့ ဆုဖလားေတြရယူႏိုင္ခဲ့ေပမယ့္ လက္ရွိ PSG အသင္းနဲ႔ ျပည္တြင္း
ဆုဖလားေတြသာ ရယူႏိုင္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုနဲ႔ယွဥ္ရင္ ေအာင္ျမင္မႈ
မွတ္တမ္းအရ နိမ့္ပါးေနတာလည္းျဖစ္ပါတယ္။

Photos:Getty Images,AP,football-espana,Twitter,Cristiano Ronaldo facebook,The Guardian,EL COMERCIO PERÚ