ချိုင်းထောက်ကို အားပြုပြီး သွားလာနေရတဲ့ ဂါနာချိုရဲ့ ဓာတ်ပုံတွေကြောင့် ယူနိုက်တက်ပရိသတ်တွေ စိတ်မကောင်းဖြစ်နေ

မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဂါနာချိုဟာ

ခြေထောက်အကာအကွယ်ဖိနပ်ဝတ်ဆင်ပြီး ချိုင်းထောက်နဲ့

သွားလာလှုပ်ရှားနေရတာကြောင့် သူ့အတွက် ပရိသတ်တွေ

စိတ်မကောင်းဖြစ်နေကြပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့

အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုဟာ ပြီးခဲ့တဲ့တစ်ပတ်က

ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ခံလူ ဝေါ်လ်ကာပီတာစ်ရဲ့

ကြမ်းတမ်းတဲ့ဘောလုံးဖျက်ထုတ်မှုကြောင့် ညာဘက်ခြေချင်းဝတ်မှာ

ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲရစ်တန်ဟက်က ဂါနာချိုရဲ့

ဒဏ်ရာအနေအထားဟာ မျှော်လင့်ထားတာထက် ပိုဆိုးရွားတယ်လို့

ဝန်ခံပြောဆိုခဲ့ပြီး ဂါနာချိုအနေနဲ့ ရက်အတော်ကြာ အနားယူရဖို့ရှိနေပါပြီ။

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်တိုက်စစ်အတွက် အားထားရတဲ့

ကစားသမားတစ်ဦးဖြစ်နေပြီး ပြိုင်ပွဲစုံမှာ (၄)ဂိုးသွင်း၊

ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့တာကြောင့် သူ ဒဏ်ရာရသွားတာက

ဂါနာချိုအတွက်သာမက ယူနိုက်တက်အတွက်လည်း ကြီးမားတဲ့

ထိုးနှက်ချက်ဖြစ်လာပါတယ်။ သောကြာနေ့တုန်းက ဂါနာချိုဟာ

မိသားစုနဲ့အတူ မန်ချက်စတာမြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ

နေ့လယ်စာ,စားခဲ့ပြီး ဆိုင်ထဲကအပြန်မှာ ခြေထောက်အကာအကွယ်

ဖိနပ်ဝတ်ဆင်ပြီးတော့ ချိုင်းထောက်ကို အားပြုသွားလာရတဲ့

ပုံတွေကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

zawgyi

ခ်ိဳင္းေထာက္ကို အားျပဳၿပီး သြားလာေနရတဲ့ ဂါနာခ်ိဳရဲ႕ ဓာတ္ပုံေတြေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ေန

မန္ခ်က္စတာယူႏိုက္တက္လူငယ္ကစားသမား ဂါနာခ်ိဳဟာ

ေျခေထာက္အကာအကြယ္ဖိနပ္ဝတ္ဆင္ၿပီး ခ်ိဳင္းေထာက္နဲ႔

သြားလာလႈပ္ရွားေနရတာေၾကာင့္ သူ႔အတြက္ ပရိသတ္ေတြ

စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ အသက္(၁၈)ႏွစ္သာရွိေသးတဲ့

အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳဟာ ၿပီးခဲ့တဲ့တစ္ပတ္က

ေဆာက္သမ္တန္နဲ႔ပြဲမွာ ေနာက္ခံလူ ေဝၚလ္ကာပီတာစ္ရဲ႕

ၾကမ္းတမ္းတဲ့ေဘာလုံးဖ်က္ထုတ္မႈေၾကာင့္ ညာဘက္ေျခခ်င္းဝတ္မွာ

ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ အဲရစ္တန္ဟက္က ဂါနာခ်ိဳရဲ႕

ဒဏ္ရာအေနအထားဟာ ေမွ်ာ္လင့္ထားတာထက္ ပိုဆိုး႐ြားတယ္လို႔

ဝန္ခံေျပာဆိုခဲ့ၿပီး ဂါနာခ်ိဳအေနနဲ႔ ရက္အေတာ္ၾကာ အနားယူရဖို႔ရွိေနပါၿပီ။

ဂါနာခ်ိဳဟာ ဒီရာသီမွာ ယူႏိုက္တက္တိုက္စစ္အတြက္ အားထားရတဲ့

ကစားသမားတစ္ဦးျဖစ္ေနၿပီး ၿပိဳင္ပြဲစုံမွာ (၄)ဂိုးသြင္း၊

ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ သူ ဒဏ္ရာရသြားတာက

ဂါနာခ်ိဳအတြက္သာမက ယူႏိုက္တက္အတြက္လည္း ႀကီးမားတဲ့

ထိုးႏွက္ခ်က္ျဖစ္လာပါတယ္။ ေသာၾကာေန႔တုန္းက ဂါနာခ်ိဳဟာ

မိသားစုနဲ႔အတူ မန္ခ်က္စတာၿမိဳ႕မွာရွိတဲ့ စားေသာက္ဆိုင္တစ္ခုမွာ

ေန႔လယ္စာ,စားခဲ့ၿပီး ဆိုင္ထဲကအျပန္မွာ ေျခေထာက္အကာအကြယ္

ဖိနပ္ဝတ္ဆင္ၿပီးေတာ့ ခ်ိဳင္းေထာက္ကို အားျပဳသြားလာရတဲ့

ပုံေတြကို ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။