

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက
မန်ယူတောင်ပံကစားသမားဖြစ်သူ အန်တိုနီအနေနဲ့ ဘယ်အပိုင်းတွေမှာ
တိုးတက်ဖို့ လိုနေသေးလဲဆိုတာ ပြောပြလာပါတယ်။ ဘရာဇီးတောင်ပံ
ကစားသမားဖြစ်သူဟာ အေဂျက်အသင်းကနေ ပေါင် ၈၂ သန်းနဲ့
ပြောင်းရွှေ့လာပြီးနောက် ၂၉ ပွဲကစားရာမှာ ၇ ဂိုးသာ သွင်းထားနိုင်တာကြောင့်
ဝေဖန်မှုတွေ ခံနေရပါတယ်။ ဆာဟာကလည်း အချက်အလက်ကောင်းတွေ
မရှိတဲ့ ကစားသမားတစ်ဦးအပေါ်မှာ ပိုက်ဆံတွေအများကြီး မန်ယူအသင်းက
သုံးခဲ့မိကြောင်း သဘောတူပေမယ့်၊ အန်တိုနီက အိုးထရက်ဖို့ဒ်မှာ
အောင်မြင်နိုင်ကြောင်း သက်သေပြဖို့ အရမ်းမိုက်တဲ့ အရည်အချင်းတွေရှိတဲ့
ကြောက်စရာကောင်းတဲ့လူငယ်တစ်ဦး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
” အန်တိုနီရဲ့ အပြောင်းအရွှေ့က ရူးသွပ်စရာကောင်းပါတယ်၊
ဘာလို့လဲဆိုတော့ မန်ယူအသင်းဘက်က ဒီလောက် ငွေပမာဏသုံးရလောက်အောင်
ကောင်းတဲ့အချက်အလက်မျိုး သူ့မှာ မရှိတာကြောင့်ပါ။
ဒါပေမယ့် သူက အရမ်းမိုက်တဲ့ အရည်အချင်းရှိတဲ့ ကြောက်ဖိုကောင်းတဲ့
လူငယ်တစ်ဦးပါ။ ပရီးမီးယားလိဂ်မှာ အသားကျဖိုကတော့ အချိန်ယူရမာပါပဲ၊
ရုပ်ပိုင်းဆိုင်ရာအရတော့ သူက အခုထိအောင် ကောင်းကောင်းအသားကျထားပါတယ်။
ဘောလုံးကို သူ့ရဲ့ ညာခြေနဲ့ ဖြတ်တင်ပေးတာအပါအဝင် တိုးတက်ဖို့
အများကြီးကျန်ပါသေးတယ်။ သူ့ရဲ့ ညာခြေနဲ့ လိမ်ခေါက်တာတွေလည်း
သူ မလုပ်နိုင်သေးဘူး။ သူ့မှာ အရည်အချင်းအများကြီးရှိပေမယ့်
တစ်ဖက်တည်းပဲ အသုံးပြုနေတာက ဟန်ချက်မညီပါဘူး။ သူ တိုးတက်အောင်
လုပ်နိုင်တဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်၊ ဒီနွေရာသီမှာ ရာသီကြိုအစီစဥ်က
သူ့အတွက် အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ ပိုတော့ ကောင်းလာနေပါပြီ၊
ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ ထရိမ်နင်ကွင်း မဟုတ်ပါဘူး။
ကိုယ်က ခြေစွမ်းပြပြီး ပွဲတွေ အနိုင်ရနေဖို့ လိုတယ်။
ကမ္ဘာပေါ်က အရည်အချင်းအားလုံးရှိရင်တောင်၊ လုံလောက်မှာ မဟုတ်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။
zawgyi
ေျခတစ္ေခ်ာင္း အန္တိုနီ ဘယ္အရာေတြမွာ တိုးတက္ဖို႔ လိုေနေသးလဲ …
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း လူးဝစ္ ဆာဟာက
မန္ယူေတာင္ပံကစားသမားျဖစ္သူ အန္တိုနီအေနနဲ႔ ဘယ္အပိုင္းေတြမွာ
တိုးတက္ဖို႔ လိုေနေသးလဲဆိုတာ ေျပာျပလာပါတယ္။ ဘရာဇီးေတာင္ပံ
ကစားသမားျဖစ္သူဟာ ေအဂ်က္အသင္းကေန ေပါင္ ၈၂ သန္းနဲ႔
ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၂၉ ပြဲကစားရာမွာ ၇ ဂိုးသာ သြင္းထားႏိုင္တာေၾကာင့္
ေဝဖန္မႈေတြ ခံေနရပါတယ္။ ဆာဟာကလည္း အခ်က္အလက္ေကာင္းေတြ
မရွိတဲ့ ကစားသမားတစ္ဦးအေပၚမွာ ပိုက္ဆံေတြအမ်ားႀကီး မန္ယူအသင္းက
သုံးခဲ့မိေၾကာင္း သေဘာတူေပမယ့္၊ အန္တိုနီက အိုးထရက္ဖို႔ဒ္မွာ
ေအာင္ျမင္ႏိုင္ေၾကာင္း သက္ေသျပဖို႔ အရမ္းမိုက္တဲ့ အရည္အခ်င္းေတြရွိတဲ့
ေၾကာက္စရာေကာင္းတဲ့လူငယ္တစ္ဦး ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။
” အန္တိုနီရဲ႕ အေျပာင္းအေ႐ႊ႕က ႐ူးသြပ္စရာေကာင္းပါတယ္၊
ဘာလို႔လဲဆိုေတာ့ မန္ယူအသင္းဘက္က ဒီေလာက္ ေငြပမာဏသုံးရေလာက္ေအာင္
ေကာင္းတဲ့အခ်က္အလက္မ်ိဳး သူ႔မွာ မရွိတာေၾကာင့္ပါ။
ဒါေပမယ့္ သူက အရမ္းမိုက္တဲ့ အရည္အခ်င္းရွိတဲ့ ေၾကာက္ဖိုေကာင္းတဲ့
လူငယ္တစ္ဦးပါ။ ပရီးမီးယားလိဂ္မွာ အသားက်ဖိုကေတာ့ အခ်ိန္ယူရမာပါပဲ၊
႐ုပ္ပိုင္းဆိုင္ရာအရေတာ့ သူက အခုထိေအာင္ ေကာင္းေကာင္းအသားက်ထားပါတယ္။
ေဘာလုံးကို သူ႔ရဲ႕ ညာေျခနဲ႔ ျဖတ္တင္ေပးတာအပါအဝင္ တိုးတက္ဖို႔
အမ်ားႀကီးက်န္ပါေသးတယ္။ သူ႔ရဲ႕ ညာေျခနဲ႔ လိမ္ေခါက္တာေတြလည္း
သူ မလုပ္ႏိုင္ေသးဘူး။ သူ႔မွာ အရည္အခ်င္းအမ်ားႀကီးရွိေပမယ့္
တစ္ဖက္တည္းပဲ အသုံးျပဳေနတာက ဟန္ခ်က္မညီပါဘူး။ သူ တိုးတက္ေအာင္
လုပ္ႏိုင္တဲ့ အပိုင္းေတြ အမ်ားႀကီး ရွိပါတယ္၊ ဒီေႏြရာသီမွာ ရာသီႀကိဳအစီစဥ္က
သူ႔အတြက္ အကူအညီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူ ပိုေတာ့ ေကာင္းလာေနပါၿပီ၊
ဒါေပမယ့္ ပရီးမီးယားလိဂ္ဟာ ထရိမ္နင္ကြင္း မဟုတ္ပါဘူး။
ကိုယ္က ေျခစြမ္းျပၿပီး ပြဲေတြ အႏိုင္ရေနဖို႔ လိုတယ္။
ကမာၻေပၚက အရည္အခ်င္းအားလုံးရွိရင္ေတာင္၊ လုံေလာက္မွာ မဟုတ္ပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။