

အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ဖို့ရှိနေတဲ့ မန်ချက်စတာ
ယူနိုက်တက်အသင်းဟာ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ကို
စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်နေပြီလို့ သတင်းထွက်လာပါတယ်။
အခုလောလောဆယ် ယူနိုက်တက်ကို ဝယ်ဖို့အတွက် ဗြိတိန်ရဲ့အချမ်းသာဆုံး
စီးပွားရေးလုပ်ငန်းရှင် ‘ဆာ’ဂျင်ရက်ကလစ်ဖ်နဲ့ ကာတာသန်းကြွယ်သူဌေး
အယ်လ်သာနီ ပိုင်ဆိုင်တဲ့ စီးပွားရေးအဖွဲ့က အပြိုင်ကြိုးပမ်းနေပြီး
မကြာခင် အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်မယ့်အနေအထားပါပဲ။
ဂလေဇာမိသားစုကတော့ အသင်းအရောင်းအဝယ်ကိစ္စတွေကြောင့်
ယူနိုက်တက်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်အပေါ် ထိခိုက်မှုရှိတာမျိုး
မဖြစ်စေချင်ဘဲ ဒီရာသီမှာ အောင်မြင်မှုတွေ ဆက်လက်ရယူသွားနိုင်အောင်
အာရုံစိုက်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဂလေဇာမိသားစုရဲ့
စီမံကိန်းတွေထဲမှာ အသင်းကို ဘယ်သူပဲဝယ်ပါစေ နည်းပြအဲရစ်တန်ဟက်ကို
စာချုပ်သက်တမ်းတိုးမယ့်ကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်ကို (၃)နှစ်သက်တမ်းနဲ့
နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း အခု စာချုပ်သက်တမ်းတိုးသွားဖို့
ဆန္ဒရှိနေသလို အဲဒါနဲ့ပတ်သက်ပြီး ‘ဆာဂျင်ရက်ကလစ်ဖ်၊
အယ်လ်သာနီတို့ကလည်း အားပေးထောက်ခံကြတယ်လို့
ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့ပါတယ်။
zawgyi
ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္လို ယူႏိုက္တက္ကို ႏွစ္အၾကာႀကီးကိုင္တြယ္ခ်င္ေနတဲ့ အဲရစ္တန္ဟက္ရဲ႕ ဆႏၵျပည့္ေတာ့မယ္ . . .
အသင္းပိုင္ရွင္အေျပာင္းအလဲျဖစ္ဖို႔ရွိေနတဲ့ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းဟာ နည္းျပျဖစ္သူ အဲရစ္တန္ဟက္ကို
စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ စီစဥ္ေနၿပီလို႔ သတင္းထြက္လာပါတယ္။
အခုေလာေလာဆယ္ ယူႏိုက္တက္ကို ဝယ္ဖို႔အတြက္ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံး
စီးပြားေရးလုပ္ငန္းရွင္ ‘ဆာ’ဂ်င္ရက္ကလစ္ဖ္နဲ႔ ကာတာသန္းႂကြယ္သူေဌး
အယ္လ္သာနီ ပိုင္ဆိုင္တဲ့ စီးပြားေရးအဖြဲ႕က အၿပိဳင္ႀကိဳးပမ္းေနၿပီး
မၾကာခင္ အသင္းပိုင္ရွင္အေျပာင္းအလဲျဖစ္မယ့္အေနအထားပါပဲ။
ဂေလဇာမိသားစုကေတာ့ အသင္းအေရာင္းအဝယ္ကိစၥေတြေၾကာင့္
ယူႏိုက္တက္ရဲ႕ ကြင္းတြင္းစြမ္းေဆာင္ရည္အေပၚ ထိခိုက္မႈရွိတာမ်ိဳး
မျဖစ္ေစခ်င္ဘဲ ဒီရာသီမွာ ေအာင္ျမင္မႈေတြ ဆက္လက္ရယူသြားႏိုင္ေအာင္
အာ႐ုံစိုက္ထားတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ဂေလဇာမိသားစုရဲ႕
စီမံကိန္းေတြထဲမွာ အသင္းကို ဘယ္သူပဲဝယ္ပါေစ နည္းျပအဲရစ္တန္ဟက္ကို
စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥလည္း တစ္ခုအပါအဝင္ျဖစ္ေနပါတယ္။
ယူႏိုက္တက္အသင္းဟာ အဲရစ္တန္ဟက္ကို (၃)ႏွစ္သက္တမ္းနဲ႔
နည္းျပအျဖစ္ ခန႔္အပ္ခဲ့ေပမယ့္လည္း အခု စာခ်ဳပ္သက္တမ္းတိုးသြားဖို႔
ဆႏၵရွိေနသလို အဲဒါနဲ႔ပတ္သက္ၿပီး ‘ဆာဂ်င္ရက္ကလစ္ဖ္၊
အယ္လ္သာနီတို႔ကလည္း အားေပးေထာက္ခံၾကတယ္လို႔
ၿဗိတိန္သတင္းစာ Mirror က ေဖာ္ျပခဲ့ပါတယ္။