ဂါနာချိုဟာ တစ်ချိန်ကျရင် ထိပ်တန်းအဆင့်ရောက်လာမယ်လို့ ဗန်ပါစီ ချီးကျူး

မန်ချက်စတာယူနိုက်တက် နာမည်ကျော်တိုက်စစ်မှူးဟောင်း ဗန်ပါစီက

အသင်းရဲ့လူငယ်ကြယ်ပွင့် ဂါနာချိုဟာ တစ်ချိန်ကျရင် ထိပ်တန်းအဆင့်ကို

တက်လှမ်းနိုင်မယ့် ကစားသမားဖြစ်တယ်လို့ ချီးကျူးသုံးသပ်လိုက်ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်တိုက်စစ်အတွက် အရေးပါတဲ့

သူတစ်ဦးဖြစ်နေပြီး (၂၉)ပွဲကစား၊ (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်

ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်က ဆောက်သမ်တန်နဲ့ပွဲမှာ

ဂါနာချို ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ရက်အတော်ကြာ

အနားယူရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်

ချန်ပီယံဆု ရယူခဲ့တဲ့ ဗန်ပါစီက “ဂါနာချိုဟာ စောင့်ကြည့်ရမယ့်

လူငယ်တစ်ဦးဖြစ်ပြီး သူက အသက်ငယ်ပေမယ့် အရည်အချင်းရှိတဲ့

ကစားသမားဖြစ်ပါတယ်။ ခက်ခဲတဲ့အခြေအနေ၊ ဖိအားတွေနဲ့

ရင်ဆိုင်ခဲ့ရချိန်မှာ ဂါနာချိုဟာ အသက်နဲ့မလိုက်အောင်

အကောင်းဆုံးရင်ဆိုင်ကျော်လွှားခဲ့ပြီး ဒါက လူငယ်ဘောလုံးသမား

တစ်ဦးအတွက် ထူးခြားတဲ့အရည်အချင်းတစ်ခုလည်းဖြစ်ပါတယ်”လို့

BT Sport နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

zawgyi

ဂါနာခ်ိဳဟာ တစ္ခ်ိန္က်ရင္ ထိပ္တန္းအဆင့္ေရာက္လာမယ္လို႔ ဗန္ပါစီ ခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဗန္ပါစီက

အသင္းရဲ႕လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳဟာ တစ္ခ်ိန္က်ရင္ ထိပ္တန္းအဆင့္ကို

တက္လွမ္းႏိုင္မယ့္ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးသုံးသပ္လိုက္ပါတယ္။

အသက္(၁၈)ႏွစ္သာရွိေသးတဲ့ အာဂ်င္တီးနားတိုက္စစ္ကစားသမား

ဂါနာခ်ိဳဟာ ဒီရာသီမွာ ယူႏိုက္တက္တိုက္စစ္အတြက္ အေရးပါတဲ့

သူတစ္ဦးျဖစ္ေနၿပီး (၂၉)ပြဲကစား၊ (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၅)ႀကိမ္

ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့တစ္ပတ္က ေဆာက္သမ္တန္နဲ႔ပြဲမွာ

ဂါနာခ်ိဳ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ရက္အေတာ္ၾကာ

အနားယူရေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္

ခ်န္ပီယံဆု ရယူခဲ့တဲ့ ဗန္ပါစီက “ဂါနာခ်ိဳဟာ ေစာင့္ၾကည့္ရမယ့္

လူငယ္တစ္ဦးျဖစ္ၿပီး သူက အသက္ငယ္ေပမယ့္ အရည္အခ်င္းရွိတဲ့

ကစားသမားျဖစ္ပါတယ္။ ခက္ခဲတဲ့အေျခအေန၊ ဖိအားေတြနဲ႔

ရင္ဆိုင္ခဲ့ရခ်ိန္မွာ ဂါနာခ်ိဳဟာ အသက္နဲ႔မလိုက္ေအာင္

အေကာင္းဆုံးရင္ဆိုင္ေက်ာ္လႊားခဲ့ၿပီး ဒါက လူငယ္ေဘာလုံးသမား

တစ္ဦးအတြက္ ထူးျခားတဲ့အရည္အခ်င္းတစ္ခုလည္းျဖစ္ပါတယ္”လို႔

BT Sport နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။