ငယ်စဉ်က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး ထိပ်တန်းအဆင့်ရောက်အောင် တက်လှမ်းနိုင်ခဲ့သူ ကတ်စ်မဲရိုး

တစ်ချိန်တုန်းက ဖခင်ရဲ့စွန့်ပစ်တာခံခဲ့ရပြီး ဆင်းရဲချို့တဲ့,တဲ့ဘဝမှာ မိခင်နဲ့အတူ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ အခုအချိန်မှာ ပေါင်သန်းနဲ့ချီ ဝင်ငွေရပြီး ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ဦးဖြစ်လာမယ်လို့ ဘယ်သူကများထင်မိမှာလဲ .. မယုံမရှိပါနဲ့ .မိတ်ဆွေ . .အဲဒီသူက ‘အိပ်မက်ပြဇာတ်ရုံ’ထဲကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ‘ဆမ်ဘာ’တေးသွားသစ် ကတ်စ်မဲရိုးပါပဲ။ အခုလက်ရှိ ကတ်စ်မဲရိုးရဲ့ဘဝက ကြီးမားတဲ့အောင်မြင်မှုတွေ၊ မက်လောက်စရာ ဝင်ငွေတွေရရှိနေပေမယ့် ဒီလိုဘဝမျိုးရောက်အောင် ကတ်စ်မဲရိုး လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းက ပန်းခင်းထားတဲ့ လမ်းတော့မဟုတ်ခဲ့ဘူး။

အသက်(၅)နှစ်အရွယ်မှာ အဖေဖြစ်သူက ကိုယ့်မိသားစုကို ရက်ရက်စက်စက်စွန့်ပစ်သွားချိန်မှာ အားကိုးစရာဆိုလို့ အမေတစ်ယောက်သာရှိပြီး သားသမီး(၃)ယောက်ရှိတဲ့အထဲ ကတ်စ်မဲရိုးက အကြီးဆုံးသားဖြစ်တာကြောင့် အရွယ်မရောက်ခင်မှာဘဲ မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်းကနေ တာဝန်ယူခဲ့ရတယ်။ လူလားမမြောက်ခင် အဖေမရှိတဲ့အဖြစ်ဆိုးနဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရပေမယ့် ကတ်စ်မဲရိုးကတော့ သူ့အဖေအပေါ် ဘာအငြိုးအတေးမှ မထားခဲ့ဘူး။

“တကယ်လို့ ဒီနေ့မှာ ကျွန်တော့်အဖေနဲ့ လမ်းမှာ ပြန်ဆုံမယ်ဆိုရင် သူ့ကို ကျွန်တော် မှတ်မိမှာမဟုတ်လောက်ဘူး။ ကျွန်တော်အသက်(၅)နှစ်လောက်တုန်းက အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်ခဲ့ပြီး အဖေက ဒီမိသားစုရဲ့တာဝန်ကို အမေဆီ အားလုံးလွှဲပြီးတော့ တစ်ယောက်တည်း ရုန်းထွက်သွားခဲ့တယ်။ ဖြစ်နိုင်ရင် အဖေနဲ့ ပြန်တွေ့ခွင့်ရချင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ် ကျွန်တော် ဘယ်လို နာကြည်းမှုမှ မရှိလို့ပါပဲ။ အရာအားလုံးက ဘုရားသခင်အလိုကျပဲဖြစ်ပြီး ဖြစ်ပြီးတဲ့ကိစ္စတွေကို ကျွန်တော် နာကြည်းခံစားနေမှာမဟုတ်ပါဘူး”လို့ ၂၀၁၈ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ကတ်စ်မဲရိုးက ဖြေကြားခဲ့ဖူးတယ်။

ကတ်စ်မဲရိုးရဲ့ ငယ်စဉ်ဘဝက ဘယ်လောက်အထိကြမ်းတမ်းလဲဆိုရင် ဘရာဇီးလ်နိုင်ငံက,ကလေးငယ်လေးတွေ အရမ်းကြိုက်တဲ့ ‘ဒိန်ချဉ်’ကို ဝယ်သောက်ဖို့တောင် ပိုက်ဆံတစ်ပြားမှ မရှိခဲ့ပါဘူး။ “ငယ်ငယ်တုန်းက အဲဒီ ဒိန်ချဉ်ကို ကျွန်တော်အရမ်းသောက်ချင်ခဲ့တာဗျ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ငွေဆိုလို့ ခြူးတစ်ပြားမှမရှိဘူးလေ။ ဒါပေမဲ့ ဒိန်ချဉ်တစ်ခွက်ကလည်း အရမ်းဈေးအကြီး,ကြီးတော့ မဟုတ်ဘူး . .၂၀ ဆင့်(Cent)လောက်ပဲရှိတာပါ”လို့ ကတ်စ်မဲရိုးက သူ့ရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းကို မျက်ရည်စတွေနဲ့ပြန်လည်တူးဖော်ခဲ့ပါတယ်။ အောက်ခြေက စတင်ခဲ့ရတဲ့ ဘရာဇီးလ်နိုင်ငံက နာမည်ကျော်ဘောလုံးသမားတွေရဲ့ထုံးစံအတိုင်းပဲ ဘောလုံးက ကတ်စ်မဲရိုးအတွက် သူ့ဘဝကို အပြောင်းအလဲဖြစ်စေဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး အသက်(၁၁)နှစ်အရွယ်မှာ ထိပ်သီးကလပ် ဆော်ပေါ်လိုအကယ်ဒမီကို စတင်ရောက်ရှိခဲ့တယ်။

ဆော်ပေါ်လိုအကယ်ဒမီမှာ ကိုယ်ပိုင်အိပ်ခန်း၊ စားကောင်းသောက်ဖွယ်တွေ၊ Air Con လို ဇိမ်ခံပစ္စည်းတွေနဲ့ ပထမဆုံးအကြိမ်ထိတွေ့ခံစားရတဲ့အခါ ကတ်စ်မဲရိုးတစ်ယောက် မယုံနိုင်လောက်အောင်ဖြစ်ခဲ့ပြီး သူ့ဘဝမှာ TV ဆိုတာကို ဆော်ပေါ်လိုအကယ်ဒမီရောက်မှ ပထမဆုံးအကြိမ် ကြည့်ခွင့်ရခဲ့တာပါ။ ဆော်ပေါ်လိုအကယ်ဒမီကို ရောက်ရှိခဲ့တာက ကတ်စ်မဲရိုးရဲ့ဘဝကို ပဉ္စလက်ဆန်ဆန်ပြောင်းလဲဖို့ အခွင့်အရေးဆိုတာ အဲဒီအချိန်မှာတော့ ကတ်စ်မဲရိုးတစ်ယောက် ကြိုမသိခဲ့ဘူး။

၂၀၁၀ ခုနှစ်မှာ ဆော်ပေါ်လိုအသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပြီးတဲ့နောက် ကတ်စ်မဲရိုးရဲ့ ရွှေရောင်ကာလတွေ အစပျိုးလာပြီး (၃)နှစ်အကြာမှာပဲ လာလီဂါထိပ်သီး ရီးယဲလ်အသင်းက သူတို့အရန်အသင်းအတွက် ကတ်စ်မဲရိုးကို ခေါ်ယူခဲ့တယ်။ ရီးယဲလ်ကို ရောက်ပြီးတော့ ၂၀၁၄-၁၅ ရာသီမှာ ပေါ်တိုအသင်းဆီ တစ်ရာသီအငှားသွားကစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ရီးယဲလ်အသင်းရဲ့အဓိက ကွင်းလယ်လူဖြစ်ခဲ့ပြီး (၉)နှစ်တာကာလအတွင်း ချန်ပီယံလိဂ်(၅)ကြိမ်၊ လာလီဂါ(၃)ကြိမ်အပါအဝင် ဆုဖလား(၁၈)ခုအထိရယူနိုင်ခဲ့တယ်။

ကတ်စ်မဲရိုးဟာ အသက်(၃၀)အရွယ်ရောက်မှ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ငယ်ငယ်တုန်းကတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ခြေချခဲ့ဖူးပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကတ်စ်မဲရိုးက အခုလိုပြောခဲ့တယ်။ “ဒီကိစ္စကို လူတော်တော်များများ မသိကြသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အသက်(၁၅)နှစ်လောက်တုန်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လူငယ်ပြိုင်ပွဲအဖြစ် လာကစားခဲ့ဖူးပြီး အဲဒီအချိန်မှာ ကျွန်တော်က ဆော်ပေါ်လိုလူငယ်ကစားသမားဖြစ်နေတာပါ။ Nike ဖလားပြိုင်ပွဲအဖြစ် ဒီကွင်းထဲမှာ လာကစားခွင့်ရချိန်ကတည်းက တစ်ချိန်ချိန်ကျရင်တော့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိခဲ့တာဖြစ်ပြီး အခု ကျွန်တော့် ဆန္ဒတွေပြည့်ဝသွားပြီဖြစ်တာကြောင့် ကမ္ဘာမှာ အပျော်ရွှင်ရဆုံးလူတစ်ယောက်လို့တောင် ပြောရမှာဖြစ်ပါတယ်”။

ငယ်စဉ်တုန်းက အဖမဲ့သားဘဝနဲ့ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ အခုဆိုရင် ချန်ပီယံလိဂ်လို ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီ . . . ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်လည်းရခဲ့ပါပြီ။ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အလွယ်တကူအရှုံးမပေးဘဲ ကိုယ့်ပန်းတိုင်ကို အရောက်ချီတက်ခဲ့တဲ့ ကတ်စ်မဲရိုးရဲ့ ဘဝဇာတ်ကြောင်းကတော့ လူငယ်လေးတွေအတွက် လေးစားအားကျစရာ၊ အတုခိုးစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့ သတ်မှတ်ရမှာပါပဲ . . .

Photo:LifeBogger,Instagram,SportMob,Football Religion,Manchester United,Esajaelina,SportsKhabri

[Zawgyi]

တစ္ခ်ိန္တုန္းက ဖခင္ရဲ႕စြန႔္ပစ္တာခံခဲ့ရၿပီး ဆင္းရဲခ်ိဳ႕တဲ့,တဲ့ဘဝမွာ မိခင္နဲ႔အတူ ႐ုန္းကန္ရွင္သန္ခဲ့ရတဲ့ ကေလးတစ္ေယာက္ဟာ အခုအခ်ိန္မွာ ေပါင္သန္းနဲ႔ခ်ီ ဝင္ေငြရၿပီး ကမာၻ႔အဆင့္ေဘာလုံးသမားတစ္ဦးျဖစ္လာမယ္လို႔ ဘယ္သူကမ်ားထင္မိမွာလဲ .. မယုံမရွိပါနဲ႔ .မိတ္ေဆြ . .အဲဒီသူက ‘အိပ္မက္ျပဇာတ္႐ုံ’ထဲကို မၾကာေသးခင္ကမွ ေရာက္ရွိလာတဲ့ ‘ဆမ္ဘာ’ေတးသြားသစ္ ကတ္စ္မဲ႐ိုးပါပဲ။ အခုလက္ရွိ ကတ္စ္မဲ႐ိုးရဲ႕ဘဝက ႀကီးမားတဲ့ေအာင္ျမင္မႈေတြ၊ မက္ေလာက္စရာ ဝင္ေငြေတြရရွိေနေပမယ့္ ဒီလိုဘဝမ်ိဳးေရာက္ေအာင္ ကတ္စ္မဲ႐ိုး ေလွ်ာက္လွမ္းခဲ့ရတဲ့ ခရီးလမ္းက ပန္းခင္းထားတဲ့ လမ္းေတာ့မဟုတ္ခဲ့ဘူး။

အသက္(၅)ႏွစ္အ႐ြယ္မွာ အေဖျဖစ္သူက ကိုယ့္မိသားစုကို ရက္ရက္စက္စက္စြန႔္ပစ္သြားခ်ိန္မွာ အားကိုးစရာဆိုလို႔ အေမတစ္ေယာက္သာရွိၿပီး သားသမီး(၃)ေယာက္ရွိတဲ့အထဲ ကတ္စ္မဲ႐ိုးက အႀကီးဆုံးသားျဖစ္တာေၾကာင့္ အ႐ြယ္မေရာက္ခင္မွာဘဲ မိသားစုတာဝန္ကို တစ္ဖက္တစ္လမ္းကေန တာဝန္ယူခဲ့ရတယ္။ လူလားမေျမာက္ခင္ အေဖမရွိတဲ့အျဖစ္ဆိုးနဲ႔ ကေလးဘဝကို ျဖတ္သန္းခဲ့ရေပမယ့္ ကတ္စ္မဲ႐ိုးကေတာ့ သူ႔အေဖအေပၚ ဘာအၿငိဳးအေတးမွ မထားခဲ့ဘူး။

“တကယ္လို႔ ဒီေန႔မွာ ကြၽန္ေတာ့္အေဖနဲ႔ လမ္းမွာ ျပန္ဆုံမယ္ဆိုရင္ သူ႔ကို ကြၽန္ေတာ္ မွတ္မိမွာမဟုတ္ေလာက္ဘူး။ ကြၽန္ေတာ္အသက္(၅)ႏွစ္ေလာက္တုန္းက အေဖနဲ႔အေမ အႀကီးအက်ယ္ရန္ျဖစ္ခဲ့ၿပီး အေဖက ဒီမိသားစုရဲ႕တာဝန္ကို အေမဆီ အားလုံးလႊဲၿပီးေတာ့ တစ္ေယာက္တည္း ႐ုန္းထြက္သြားခဲ့တယ္။ ျဖစ္ႏိုင္ရင္ အေဖနဲ႔ ျပန္ေတြ႕ခြင့္ရခ်င္ပါေသးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔အေပၚ ကြၽန္ေတာ္ ဘယ္လို နာၾကည္းမႈမွ မရွိလို႔ပါပဲ။ အရာအားလုံးက ဘုရားသခင္အလိုက်ပဲျဖစ္ၿပီး ျဖစ္ၿပီးတဲ့ကိစၥေတြကို ကြၽန္ေတာ္ နာၾကည္းခံစားေနမွာမဟုတ္ပါဘူး”လို႔ ၂၀၁၈ ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ ကတ္စ္မဲ႐ိုးက ေျဖၾကားခဲ့ဖူးတယ္။

ကတ္စ္မဲ႐ိုးရဲ႕ ငယ္စဥ္ဘဝက ဘယ္ေလာက္အထိၾကမ္းတမ္းလဲဆိုရင္ ဘရာဇီးလ္ႏိုင္ငံက,ကေလးငယ္ေလးေတြ အရမ္းႀကိဳက္တဲ့ ‘ဒိန္ခ်ဥ္’ကို ဝယ္ေသာက္ဖို႔ေတာင္ ပိုက္ဆံတစ္ျပားမွ မရွိခဲ့ပါဘူး။ “ငယ္ငယ္တုန္းက အဲဒီ ဒိန္ခ်ဥ္ကို ကြၽန္ေတာ္အရမ္းေသာက္ခ်င္ခဲ့တာဗ်။ ဒါေပမဲ့ ကြၽန္ေတာ္တို႔မွာ ေငြဆိုလို႔ ျခဴးတစ္ျပားမွမရွိဘူးေလ။ ဒါေပမဲ့ ဒိန္ခ်ဥ္တစ္ခြက္ကလည္း အရမ္းေဈးအႀကီး,ႀကီးေတာ့ မဟုတ္ဘူး . .၂၀ ဆင့္(Cent)ေလာက္ပဲရွိတာပါ”လို႔ ကတ္စ္မဲ႐ိုးက သူ႔ရဲ႕ ငယ္ဘဝတစ္စိတ္တစ္ပိုင္းကို မ်က္ရည္စေတြနဲ႔ျပန္လည္တူးေဖာ္ခဲ့ပါတယ္။ ေအာက္ေျခက စတင္ခဲ့ရတဲ့ ဘရာဇီးလ္ႏိုင္ငံက နာမည္ေက်ာ္ေဘာလုံးသမားေတြရဲ႕ထုံးစံအတိုင္းပဲ ေဘာလုံးက ကတ္စ္မဲ႐ိုးအတြက္ သူ႔ဘဝကို အေျပာင္းအလဲျဖစ္ေစဖို႔ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ျဖစ္ၿပီး အသက္(၁၁)ႏွစ္အ႐ြယ္မွာ ထိပ္သီးကလပ္ ေဆာ္ေပၚလိုအကယ္ဒမီကို စတင္ေရာက္ရွိခဲ့တယ္။

ေဆာ္ေပၚလိုအကယ္ဒမီမွာ ကိုယ္ပိုင္အိပ္ခန္း၊ စားေကာင္းေသာက္ဖြယ္ေတြ၊ Air Con လို ဇိမ္ခံပစၥည္းေတြနဲ႔ ပထမဆုံးအႀကိမ္ထိေတြ႕ခံစားရတဲ့အခါ ကတ္စ္မဲ႐ိုးတစ္ေယာက္ မယုံႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ၿပီး သူ႔ဘဝမွာ TV ဆိုတာကို ေဆာ္ေပၚလိုအကယ္ဒမီေရာက္မွ ပထမဆုံးအႀကိမ္ ၾကည့္ခြင့္ရခဲ့တာပါ။ ေဆာ္ေပၚလိုအကယ္ဒမီကို ေရာက္ရွိခဲ့တာက ကတ္စ္မဲ႐ိုးရဲ႕ဘဝကို ပၪၥလက္ဆန္ဆန္ေျပာင္းလဲဖို႔ အခြင့္အေရးဆိုတာ အဲဒီအခ်ိန္မွာေတာ့ ကတ္စ္မဲ႐ိုးတစ္ေယာက္ ႀကိဳမသိခဲ့ဘူး။

၂၀၁၀ ခုႏွစ္မွာ ေဆာ္ေပၚလိုအသင္းႀကီးအတြက္ စတင္ကစားခြင့္ရခဲ့ၿပီးတဲ့ေနာက္ ကတ္စ္မဲ႐ိုးရဲ႕ ေ႐ႊေရာင္ကာလေတြ အစပ်ိဳးလာၿပီး (၃)ႏွစ္အၾကာမွာပဲ လာလီဂါထိပ္သီး ရီးယဲလ္အသင္းက သူတို႔အရန္အသင္းအတြက္ ကတ္စ္မဲ႐ိုးကို ေခၚယူခဲ့တယ္။ ရီးယဲလ္ကို ေရာက္ၿပီးေတာ့ ၂၀၁၄-၁၅ ရာသီမွာ ေပၚတိုအသင္းဆီ တစ္ရာသီအငွားသြားကစားခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ရီးယဲလ္အသင္းရဲ႕အဓိက ကြင္းလယ္လူျဖစ္ခဲ့ၿပီး (၉)ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္(၅)ႀကိမ္၊ လာလီဂါ(၃)ႀကိမ္အပါအဝင္ ဆုဖလား(၁၈)ခုအထိရယူႏိုင္ခဲ့တယ္။

ကတ္စ္မဲ႐ိုးဟာ အသက္(၃၀)အ႐ြယ္ေရာက္မွ မန္ခ်က္စတာယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ ငယ္ငယ္တုန္းကေတာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ေျခခ်ခဲ့ဖူးပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ကတ္စ္မဲ႐ိုးက အခုလိုေျပာခဲ့တယ္။ “ဒီကိစၥကို လူေတာ္ေတာ္မ်ားမ်ား မသိၾကေသးဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္ အသက္(၁၅)ႏွစ္ေလာက္တုန္းက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ လူငယ္ၿပိဳင္ပြဲအျဖစ္ လာကစားခဲ့ဖူးၿပီး အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ေဆာ္ေပၚလိုလူငယ္ကစားသမားျဖစ္ေနတာပါ။ Nike ဖလားၿပိဳင္ပြဲအျဖစ္ ဒီကြင္းထဲမွာ လာကစားခြင့္ရခ်ိန္ကတည္းက တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵရွိခဲ့တာျဖစ္ၿပီး အခု ကြၽန္ေတာ့္ ဆႏၵေတြျပည့္ဝသြားၿပီျဖစ္တာေၾကာင့္ ကမာၻမွာ အေပ်ာ္႐ႊင္ရဆုံးလူတစ္ေယာက္လို႔ေတာင္ ေျပာရမွာျဖစ္ပါတယ္”။

ငယ္စဥ္တုန္းက အဖမဲ့သားဘဝနဲ႔ ဆင္းဆင္းရဲရဲ ႐ုန္းကန္ခဲ့ရတဲ့ ေကာင္ေလးတစ္ေယာက္ဟာ အခုဆိုရင္ ခ်န္ပီယံလိဂ္လို ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီ . . . ပရီးမီးယားလိဂ္လို ကမာၻ႔အေကာင္းဆုံးလိဂ္ၿပိဳင္ပြဲမွာ ကမာၻ႔အေကာင္းဆုံးအသင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ခြင့္လည္းရခဲ့ပါၿပီ။ အခက္အခဲေတြနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ အလြယ္တကူအရႈံးမေပးဘဲ ကိုယ့္ပန္းတိုင္ကို အေရာက္ခ်ီတက္ခဲ့တဲ့ ကတ္စ္မဲ႐ိုးရဲ႕ ဘဝဇာတ္ေၾကာင္းကေတာ့ လူငယ္ေလးေတြအတြက္ ေလးစားအားက်စရာ၊ အတုခိုးစရာေကာင္းတဲ့ ဇာတ္လမ္းတစ္ပုဒ္ျဖစ္တယ္လို႔ သတ္မွတ္ရမွာပါပဲ . . .

Photo:LifeBogger,Instagram,SportMob,Football Religion,Manchester United,Esajaelina,SportsKhabri