

ပြီးခဲ့တဲ့အင်္ဂါည ယူရိုခြေစစ်ပွဲတွေအပြီးမှာ မန်ယူပရိသတ်တွေဟာ
နည်းပြတန်ဟက်ကို ထူးထူးခြားခြားတောင်းဆိုမှုတစ်ခုလုပ်ခဲ့ကြပါတယ်။
အဲဒါကတော့ လက်ကျန်ရာသီက အသင်းရဲ့တိုက်စစ်မှာ ဝက်ဟော့အစား
တွမ်မီနေးကိုသာ အသုံးပြုဖို့ပါ။ မန်ယူကွင်းလယ်လူတွမ်မီနေးဟာ
စပိန်ကို အံ့အားသင့်ဖွယ်အနိုင်ရမှုမှာ စကော့တလန်ရခဲ့တဲ့ ၂ ဂိုးစလုံးကို
သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဆိုက်ပရပ်စ်နဲ့အုပ်စုအဖွင့်တုန်းကလည်း
လူစားဝင်လာပြီး ၂ ဂိုးသွင်းပေးခဲ့သေးတာကြောင့် ပြီးဆုံးသွားခဲ့တဲ့
နိုင်ငံတကာကြားဖြတ်မှာ ၄ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း မန်ယူ
တိုက်စစ်မှာ တွမ်မီနေးကို ထားကစားဖို့ ဆိုရှယ်မီဒီယာထက်မှာ
တောင်းဆိုသံတွေ ညံသွားပါတယ်။ ”ရယ်စရာလို့တော့ ထင်မှာပေါ့နော်။
ဒါပေမဲ့ ငါတို့တိုက်စစ်မှာ ဝက်ဟော့ထက်စာရင် တွမ်မီနေးက
ပိုကောင်းမယ့်သူပါ”လို့ မန်ယူပရိသတ်တစ်ယောက်က ရေးခဲ့တာပါ။
နောက်ထပ်မန်ယူပရိသတ်တစ်ယောက်ကလည်း ”လက်ကျန်ရာသီမှာ
ငါတို့ရဲ့တိုက်စစ်မှုးအဖြစ် တွမ်မီနေးကို ထားကစားသင့်ပါတယ်”လို့ ရေးခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမန်ယူကွင်းလယ်မှာ ကက်စမဲရိုးက ပွဲပယ်ထိထားတဲ့အပြင်
ဆာဘစ်ဇာကလည်း ဒဏ်ရာရနေလို့ တွမ်မီနေးဟာ သူကစားနေကျနေရာမှာသာ
အလိုအပ်ဆုံးဖြစ်နေတာပါ။ အငှားရောက်လာကတည်းက မန်ယူအတွက်
၂ ဂိုးသာသွင်းနိုင်သေးတဲ့ ဝက်ဟော့ကတော့ သူ့အတွက် အဆိုးရွားဆုံး
နိုင်ငံတကာကြားဖြတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ
တစ်ယောက်လျော့ဂျီဘရော်တာနဲ့ပွဲမျိုးမှာတောင် ဂိုးမသွင်းနိုင်ခဲ့လို့
ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။
zawgyi
” ငါတို႔တိုက္စစ္မွာ ဝက္ေဟာ့ထက္စာရင္ တြမ္မီေနးက ပိုေကာင္းမယ့္သူျဖစ္ေနမလားပဲ ” 🤔
ၿပီးခဲ့တဲ့အဂၤါည ယူ႐ိုေျခစစ္ပြဲေတြအၿပီးမွာ မန္ယူပရိသတ္ေတြဟာ
နည္းျပတန္ဟက္ကို ထူးထူးျခားျခားေတာင္းဆိုမႈတစ္ခုလုပ္ခဲ့ၾကပါတယ္။
အဲဒါကေတာ့ လက္က်န္ရာသီက အသင္းရဲ႕တိုက္စစ္မွာ ဝက္ေဟာ့အစား
တြမ္မီေနးကိုသာ အသုံးျပဳဖို႔ပါ။ မန္ယူကြင္းလယ္လူတြမ္မီေနးဟာ
စပိန္ကို အံ့အားသင့္ဖြယ္အႏိုင္ရမႈမွာ စေကာ့တလန္ရခဲ့တဲ့ ၂ ဂိုးစလုံးကို
သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဆိုက္ပရပ္စ္နဲ႔အုပ္စုအဖြင့္တုန္းကလည္း
လူစားဝင္လာၿပီး ၂ ဂိုးသြင္းေပးခဲ့ေသးတာေၾကာင့္ ၿပီးဆုံးသြားခဲ့တဲ့
ႏိုင္ငံတကာၾကားျဖတ္မွာ ၄ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း မန္ယူ
တိုက္စစ္မွာ တြမ္မီေနးကို ထားကစားဖို႔ ဆိုရွယ္မီဒီယာထက္မွာ
ေတာင္းဆိုသံေတြ ညံသြားပါတယ္။ ”ရယ္စရာလို႔ေတာ့ ထင္မွာေပါ့ေနာ္။
ဒါေပမဲ့ ငါတို႔တိုက္စစ္မွာ ဝက္ေဟာ့ထက္စာရင္ တြမ္မီေနးက
ပိုေကာင္းမယ့္သူပါ”လို႔ မန္ယူပရိသတ္တစ္ေယာက္က ေရးခဲ့တာပါ။
ေနာက္ထပ္မန္ယူပရိသတ္တစ္ေယာက္ကလည္း ”လက္က်န္ရာသီမွာ
ငါတို႔ရဲ႕တိုက္စစ္မႈးအျဖစ္ တြမ္မီေနးကို ထားကစားသင့္ပါတယ္”လို႔ ေရးခဲ့ပါတယ္။
ဒါေပမဲ့ လက္ရွိမန္ယူကြင္းလယ္မွာ ကက္စမဲ႐ိုးက ပြဲပယ္ထိထားတဲ့အျပင္
ဆာဘစ္ဇာကလည္း ဒဏ္ရာရေနလို႔ တြမ္မီေနးဟာ သူကစားေနက်ေနရာမွာသာ
အလိုအပ္ဆုံးျဖစ္ေနတာပါ။ အငွားေရာက္လာကတည္းက မန္ယူအတြက္
၂ ဂိုးသာသြင္းႏိုင္ေသးတဲ့ ဝက္ေဟာ့ကေတာ့ သူ႔အတြက္ အဆိုး႐ြားဆုံး
ႏိုင္ငံတကာၾကားျဖတ္ကို ျဖတ္သန္းခဲ့ရပါတယ္။ နယ္သာလန္လက္ေ႐ြးစင္ဟာ
တစ္ေယာက္ေလ်ာ့ဂ်ီဘေရာ္တာနဲ႔ပြဲမ်ိဳးမွာေတာင္ ဂိုးမသြင္းႏိုင္ခဲ့လို႔
ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ႀကဳံေတြ႕ေနရတာပါ။