

မန်ချက်စတာယူနိုက်တက် စီနီယာကစားသမားအများစုက စီရော်နယ်လ်ဒိုကို အရှုပ်ထုပ်အဖြစ် ယူဆနေကြပြီး သူ အသင်းကထွက်မယ့်အပေါ် ဝမ်းသာကျေနပ်နေကြတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာကစားချင်တဲ့အတွက် အခုနွေရာသီအတွင်း ယူနိုက်တက်နဲ့လမ်းခွဲဖို့ဆန္ဒရှိနေပြီး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကြောင့် အသင်းတည်ငြိမ်မှုအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ အသင်းဖော်တွေက ယူဆနေတာပါ။
ဒါ့အပြင် စီရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း အသင်းဖော်တွေရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေပြီး သူ ပထမအကြိမ်ကစားခဲ့တုန်းက လက်တွဲခဲ့ရတဲ့ ကစားသမားတွေလောက် အရည်အချင်းမရှိဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက မက်ဂွိုင်းယား၊ ရပ်ရှ်ဖို့ဒ်တို့ဟာ ဖာဒီနန်၊ ရွန်နီတို့လို အဆင့်အတန်းမျိုးပြသနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာတာကြောင့် အားမလိုအားမရဖြစ်နေတာပါ။ အဲဒီအတွက် အကျိုးဆက်အနေနဲ့ စီရော်နယ်လ်ဒိုနဲ့ အသင်းဖော်တွေအကြား ဆက်ဆံရေးအဆင်မပြေဘဲ ကစားသမားတွေက စီရော်နယ်လ်ဒိုကို အသင်းကထွက်သွားစေချင်ကြတာဖြစ်ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့နီးစပ်တဲ့သူတစ်ယောက်က “စီရော်နယ်လ်ဒိုအပေါ် ကစားသမားအများစုက မကျေမနပ်ဖြစ်နေကြပါတယ်။ သူ့ကို ထောက်ခံတဲ့ ကစားသမားတချို့ရှိနေပေမယ့် အများစုကတော့ စီရော်နယ်လ်ဒိုရဲ့ စိတ်ဓာတ်ကို စိတ်ပျက်နေကြပါတယ်”လို့ အခုလအစောပိုင်းက The Sun သတင်းစာနဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုနဲ့ နည်းပြအဲရစ်တန်ဟက်တို့ကြားမှာလည်း ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး အဲရစ်တန်ဟက်က ပြီးခဲ့တဲ့(၂)ပွဲဆက်တိုက် စီရော်နယ်လ်ဒိုကို အရန်ခုံပို့ခဲ့သလို အသင်းနဲ့လမ်းခွဲဖို့ရှိတယ်ဆိုတဲ့သတင်းတွေကိုလည်း မငြင်းဆန်ခဲ့ပါဘူး။
Photo:Shutterstock,Reuters,Daily Mail
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ စီနီယာကစားသမားအမ်ားစုက စီေရာ္နယ္လ္ဒိုကို အရႈပ္ထုတ္အျဖစ္ ယူဆေနၾကၿပီး သူ အသင္းကထြက္မယ့္အေပၚ ဝမ္းသာေက်နပ္ေနၾကတယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္မွာကစားခ်င္တဲ့အတြက္ အခုေႏြရာသီအတြင္း ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ဆႏၵရွိေနၿပီး သူ႔ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြေၾကာင့္ အသင္းတည္ၿငိမ္မႈအေပၚ ထိခိုက္မႈရွိႏိုင္တယ္လို႔ အသင္းေဖာ္ေတြက ယူဆေနတာပါ။
ဒါ့အျပင္ စီေရာ္နယ္လ္ဒိုကိုယ္တိုင္ကလည္း အသင္းေဖာ္ေတြရဲ႕စြမ္းေဆာင္ရည္အေပၚ စိတ္ပ်က္ေနၿပီး သူ ပထမအႀကိမ္ကစားခဲ့တုန္းက လက္တြဲခဲ့ရတဲ့ ကစားသမားေတြေလာက္ အရည္အခ်င္းမရွိဘူးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုက မက္ဂြိဳင္းယား၊ ရပ္ရွ္ဖို႔ဒ္တို႔ဟာ ဖာဒီနန္၊ ႐ြန္နီတို႔လို အဆင့္အတန္းမ်ိဳးျပသႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာတာေၾကာင့္ အားမလိုအားမရျဖစ္ေနတာပါ။ အဲဒီအတြက္ အက်ိဳးဆက္အေနနဲ႔ စီေရာ္နယ္လ္ဒိုနဲ႔ အသင္းေဖာ္ေတြအၾကား ဆက္ဆံေရးအဆင္မေျပဘဲ ကစားသမားေတြက စီေရာ္နယ္လ္ဒိုကို အသင္းကထြက္သြားေစခ်င္ၾကတာျဖစ္ပါတယ္။
အဲဒါနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္နဲ႔နီးစပ္တဲ့သူတစ္ေယာက္က “စီေရာ္နယ္လ္ဒိုအေပၚ ကစားသမားအမ်ားစုက မေက်မနပ္ျဖစ္ေနၾကပါတယ္။ သူ႔ကို ေထာက္ခံတဲ့ ကစားသမားတခ်ိဳ႕ရွိေနေပမယ့္ အမ်ားစုကေတာ့ စီေရာ္နယ္လ္ဒိုရဲ႕ စိတ္ဓာတ္ကို စိတ္ပ်က္ေနၾကပါတယ္”လို႔ အခုလအေစာပိုင္းက The Sun သတင္းစာနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒိုနဲ႔ နည္းျပအဲရစ္တန္ဟက္တို႔ၾကားမွာလည္း ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး အဲရစ္တန္ဟက္က ၿပီးခဲ့တဲ့(၂)ပြဲဆက္တိုက္ စီေရာ္နယ္လ္ဒိုကို အရန္ခုံပို႔ခဲ့သလို အသင္းနဲ႔လမ္းခြဲဖို႔ရွိတယ္ဆိုတဲ့သတင္းေတြကိုလည္း မျငင္းဆန္ခဲ့ပါဘူး။
Photo:Shutterstock,Reuters,Daily Mail