

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် အန်တိုနီဟာ သူ့အသင်းဖော်ဖြစ်လာမယ့် စီရော်နယ်လ်ဒိုနဲ့ အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီတို့ထဲက ဘယ်သူ့ကို ပိုကြိုက်လဲဆိုတာ အဖြေထုတ်ခဲ့ပြီး သူ့အဖြေက စီရော်နယ်လ်ဒိုအတွက် မခံချင်စရာဖြစ်ခဲ့ပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား အန်တိုနီဟာ ယူနိုက်တက်အသင်းကို ယူရိုသန်း(၁၀၀)(ပေါင် ၈၅.၅သန်း)နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့(၅)နှစ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်သလို သက်တမ်းပြည့်ရင် နောက်ထပ်(၁၂)လ စာချုပ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။ အန်တိုနီအနေနဲ့ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့အတူ လက်တွဲကစားခွင့်ရမှာဖြစ်ပေမယ့် သူကတော့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲမှာ မက်ဆီကို ပိုကြိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ဖူးပါတယ်။
Tushar Jain ဆိုတဲ့ Twitter Account မှာ အန်တိုနီနဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးတို့ အပြန်အလှန်မေးခွန်းထုတ်နေတဲ့ ရုပ်သံဖိုင်ကို Post တင်ခဲ့ပြီး အဲဒီရုပ်သံထဲမှာ အစီအစဉ်တင်ဆက်သူက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ပုံပြပြီးတော့ ဒီကစားသမားနှစ်ဦးထဲမှာ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီမှာ အန်တိုနီက မက်ဆီကို ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကို ဘယ်တုန်းကရိုက်ကူးခဲ့တာလဲဆိုတာတော့ အတိအကျမပြောနိုင်ပါဘူး။ အဲဒီအချိန်တုန်းက အန်တိုနီဟာ ယူနိုက်တက်ကို မပြောင်းရသေးဘဲ အေဂျက်စ်အသင်းမှာ ကစားနေချိန်ဖြစ်ပုံရပြီး အခု စီရော်နယ်လ်ဒိုနဲ့တွဲဖက်ကစားခွင့်ရမှာဖြစ်လို့ သူ့အတွေးက အပြောင်းအလဲဖြစ်ဖို့ရှိနေပါပြီ။
Photo:Twitter,Goal,Eurosport,Flipboard
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္ အန္တိုနီဟာ သူ႔အသင္းေဖာ္ျဖစ္လာမယ့္ စီေရာ္နယ္လ္ဒိုနဲ႔ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီတို႔ထဲက ဘယ္သူ႔ကို ပိုႀကိဳက္လဲဆိုတာ အေျဖထုတ္ခဲ့ၿပီး သူ႔အေျဖက စီေရာ္နယ္လ္ဒိုအတြက္ မခံခ်င္စရာျဖစ္ခဲ့ပါတယ္။
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္တိုက္စစ္ကစားသမား အန္တိုနီဟာ ယူႏိုက္တက္အသင္းကို ယူ႐ိုသန္း(၁၀၀)(ေပါင္ ၈၅.၅သန္း)နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အသင္းနဲ႔(၅)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုသြားမွာျဖစ္သလို သက္တမ္းျပည့္ရင္ ေနာက္ထပ္(၁၂)လ စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့အခ်က္လည္း ပါဝင္ခဲ့ပါတယ္။ အန္တိုနီအေနနဲ႔ ယူႏိုက္တက္အသင္းဟာ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒိုနဲ႔အတူ လက္တြဲကစားခြင့္ရမွာျဖစ္ေပမယ့္ သူကေတာ့ စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ထဲမွာ မက္ဆီကို ပိုႀကိဳက္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာေျဖၾကားခဲ့ဖူးပါတယ္။
Tushar Jain ဆိုတဲ့ Twitter Account မွာ အန္တိုနီနဲ႔ အစီအစဥ္တင္ဆက္သူတစ္ဦးတို႔ အျပန္အလွန္ေမးခြန္းထုတ္ေနတဲ့ ႐ုပ္သံဖိုင္ကို Post တင္ခဲ့ၿပီး အဲဒီ႐ုပ္သံထဲမွာ အစီအစဥ္တင္ဆက္သူက မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ရဲ႕ ပုံျပၿပီးေတာ့ ဒီကစားသမားႏွစ္ဦးထဲမွာ ဘယ္သူ႔ကိုေ႐ြးခ်ယ္မလဲဆိုတာ ေမးခြန္းထုတ္ခဲ့ပါတယ္။
အဲဒီမွာ အန္တိုနီက မက္ဆီကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အဲဒီ႐ုပ္သံဖိုင္ကို ဘယ္တုန္းက႐ိုက္ကူးခဲ့တာလဲဆိုတာေတာ့ အတိအက်မေျပာႏိုင္ပါဘူး။ အဲဒီအခ်ိန္တုန္းက အန္တိုနီဟာ ယူႏိုက္တက္ကို မေျပာင္းရေသးဘဲ ေအဂ်က္စ္အသင္းမွာ ကစားေနခ်ိန္ျဖစ္ပုံရၿပီး အခု စီေရာ္နယ္လ္ဒိုနဲ႔တြဲဖက္ကစားခြင့္ရမွာျဖစ္လို႔ သူ႔အေတြးက အေျပာင္းအလဲျဖစ္ဖို႔ရွိေနပါၿပီ။
Photo:Twitter,Goal,Eurosport,Flipboard