စူပါကွန်ပျူတာကမန်ချက်စတာယူနိုက်တက်ကိုယူရိုပါလိဂ်ချန်ပီယံဖြစ်လာမယ်လို့
ဟောကိန်းထုတ်လာပါတယ်။ သောကြာနေ့ညတုန်းကယူရိုပါလိဂ်ကွာတားဖိုင်နယ်
မဲခွဲမှုပြုလုပ်ခဲ့ပြီးယူနိုက်တက်ဟာယူရိုပါလိဂ်စပါယ်ရှယ်လစ်ဆီဗီလာနှင့်
ထိပ်တိုက်တွေ့နေပါတယ်။ အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာကြာသပတေးနေ့တုန်းက
ဘက်တစ်ကို၁-ဝဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၅-၁ဖြင့်
ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာယခုရာသီတွင်ဥရောပပြိုင်ပွဲတွင်စတုတ္ထမြောက်
စပိန်ကလပ်တစ်ခုနှင့်တွေ့ဆုံမှုအဖြစ်ကွာတားဖိုင်နယ်တွင်ဆီဗီလာနှင့်
ထိပ်တိုက်တွေ့နေပါတယ်။ ယူနိုက်တက်ဟာဆီဗီလာကိုကျော်ဖြတ်ကာ
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့တက်လာပါကဂျူဗင်တပ်နှင့်စပို့တင်း
လစ္စဘွန်းပွဲစဉ်မှအနိုင်ရရှိလာတဲ့အသင်းနှင့်ထိပ်တိုက်တွေ့ရပါမယ်။
ယခုအခါစူပါကွန်ပျူတာ FiveThirtyEight ကမန်ချက်စတာယူနိုက်တက်ကို
ယူရိုပါလိဂ်ချန်ပီယံဖြစ်ရန်အခွင့်အရေးအများဆုံးအသင်းအဖြစ်
၂၄ ရာခိုင်နှုန်းပေးထားပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင်
ယူနိုက်တက်ရင်ဆိုင်ရမဲ့ဆီဗီလာဟာယခုရာသီတွင်လာလီဂါမှာ
ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီးအဆင့်၁၃နေရာမှာရပ့်တည်နေပါတယ်။
၎င်းတို့ဟာလာလီဂါတွင်၂၅ပွဲကစားထားရာမှာ၇ပွဲတည်းသာအနိုင်ရထားပါတယ်။
စူပါကွန်ပျူတာကလေဗာကူဆင်ကိုယူရိုပါလိဂ်ချန်ပီယံဖြစ်ရန်အခြေအနေ
အကောင်းဆုံးအသင်းအဖြစ်လေဗာကူဆင်ကို၁၇ရာခိုင်နှုန်းပေးထားပါတယ်။
၎င်းတို့ရဲ့နောက်တွင်ဖီယင်နု(၁၄ရာခိုင်နှုန်း)၊စပို့တင်းလစ္စဘွန်း(၁၃ရာခိုင်နှုန်း)၊
ဂျူဗင်တပ်(၁၃ရာခိုင်နှုန်း)၊ရိုးမား(၁၁ရာခိုင်နှုန်း)၊ဆီဗီလာ(၄ရာခိုင်နှုန်း)၊
ယူနီယံအက်စ်ဂျီ(၃ရာခိုင်နှုန်း)အသီးသီးပေးထားပါတယ်။
zawgyi
စူပါကွန်ပျူတာ ဟောကိန်းအရ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာမယ့်အသင်း