ဆီဗီလာနဲ့ ဆုံတွေ့အောင် UEFA ကလိမ်ကကျစ်လုပ်ခဲ့တာလို့ ယူနိုက်တက်ပရိသတ်တွေ စွပ်စွဲ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ယူရိုပါလိဂ်

ကွာတားဖိုင်နယ်မှာ ဆီဗီလာအသင်းနဲ့ ဆုံတွေ့အောင်

UEFA က,ကလိမ်ကကျစ်လုပ်ခဲ့တာဖြစ်တယ်လို့

ဝေဖန်စွပ်စွဲနေကြပါတယ်။ ယူနိုက်တက်အသင်းဟာ

ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၄)သင်းမြောက်

လာလီဂါကလပ်အဖြစ် ဆီဗီလာနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး

လာမယ့်ဧပြီ(၁၃)ရက်ကျရင် ဆီဗီလာကို အိမ်ကွင်းပွဲ

လက်ခံကစားရမှာဖြစ်သလို ဧပြီလ(၂၀)ရက်မှာ အဝေးကွင်းပွဲ

သွားရောက်ကစားရမှာပါ။ တကယ်လို့ ဆီဗီလာကို

ကျော်ဖြတ်နိုင်မယ်ဆိုရင် ယူနိုက်တက်တို့ ဆီမီးဖိုင်နယ်မှာ

ဂျူဗင်တပ်စ်-စပို့တင်းလစ္စဘွန်းပွဲက အနိုင်ရတဲ့အသင်းနဲ့

ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့

ဆီဗီလာနဲ့ ရင်ဆိုင်ရမယ့်အပေါ် ကျေနပ်မှုမရှိဘဲ

ဒီလိုအတွဲအဖက်ဖြစ်အောင် UEFA က တမင်ဖန်တီးခဲ့တာဖြစ်တယ်လို့

စွပ်စွဲနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေက

‘ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်က ပိုပြီးကလိမ်ကကျစ်ဖြစ်နေပြီ။

UEFA ကတော့ ေ-ာက်ရမ်း ရယ်စရာကောင်းတဲ့အဖွဲ့အစည်းပါပဲ’၊

‘အခုမဲခွဲပွဲက လုပ်ပွဲများဖန်တီးထားသလားလို့တောင် သံသယဖြစ်မိတယ်။

ပြိုင်ပွဲတစ်ခုအတွင်းမှာပဲ စပိန်ကလပ်(၄)သင်းနဲ့ ဆုံတွေ့စရာလား . . ‘၊

‘ယူရိုပါလိဂ်မဲခွဲပွဲကတော့ တကယ်ကလိမ်ကကျစ်ပဲ’၊

‘ကျွန်တော်တို့အသင်းကို ဗိုလ်လုပွဲမှာ ရိုးမားနဲ့ဆုံတွေ့ရအောင်

တမင်ဖန်တီးခဲ့တာပါ’လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

zawgyi

ဆီဗီလာနဲ႔ ဆုံေတြ႕ေအာင္ UEFA ကလိမ္ကက်စ္လုပ္ခဲ့တာလို႔ ယူႏိုက္တက္ပရိသတ္ေတြ စြပ္စြဲ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ယူ႐ိုပါလိဂ္

ကြာတားဖိုင္နယ္မွာ ဆီဗီလာအသင္းနဲ႔ ဆုံေတြ႕ေအာင္

UEFA က,ကလိမ္ကက်စ္လုပ္ခဲ့တာျဖစ္တယ္လို႔

ေဝဖန္စြပ္စြဲေနၾကပါတယ္။ ယူႏိုက္တက္အသင္းဟာ

ဒီရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ (၄)သင္းေျမာက္

လာလီဂါကလပ္အျဖစ္ ဆီဗီလာနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး

လာမယ့္ဧၿပီ(၁၃)ရက္က်ရင္ ဆီဗီလာကို အိမ္ကြင္းပြဲ

လက္ခံကစားရမွာျဖစ္သလို ဧၿပီလ(၂၀)ရက္မွာ အေဝးကြင္းပြဲ

သြားေရာက္ကစားရမွာပါ။ တကယ္လို႔ ဆီဗီလာကို

ေက်ာ္ျဖတ္ႏိုင္မယ္ဆိုရင္ ယူႏိုက္တက္တို႔ ဆီမီးဖိုင္နယ္မွာ

ဂ်ဴဗင္တပ္စ္-စပို႔တင္းလစၥဘြန္းပြဲက အႏိုင္ရတဲ့အသင္းနဲ႔

ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့

ဆီဗီလာနဲ႔ ရင္ဆိုင္ရမယ့္အေပၚ ေက်နပ္မႈမရွိဘဲ

ဒီလိုအတြဲအဖက္ျဖစ္ေအာင္ UEFA က တမင္ဖန္တီးခဲ့တာျဖစ္တယ္လို႔

စြပ္စြဲေနၾကပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြက

‘ခ်န္ပီယံလိဂ္ထက္ ယူ႐ိုပါလိဂ္က ပိုၿပီးကလိမ္ကက်စ္ျဖစ္ေနၿပီ။

UEFA ကေတာ့ ေ-ာက္ရမ္း ရယ္စရာေကာင္းတဲ့အဖြဲ႕အစည္းပါပဲ’၊

‘အခုမဲခြဲပြဲက လုပ္ပြဲမ်ားဖန္တီးထားသလားလို႔ေတာင္ သံသယျဖစ္မိတယ္။

ၿပိဳင္ပြဲတစ္ခုအတြင္းမွာပဲ စပိန္ကလပ္(၄)သင္းနဲ႔ ဆုံေတြ႕စရာလား . . ‘၊

‘ယူ႐ိုပါလိဂ္မဲခြဲပြဲကေတာ့ တကယ္ကလိမ္ကက်စ္ပဲ’၊

‘ကြၽန္ေတာ္တို႔အသင္းကို ဗိုလ္လုပြဲမွာ ႐ိုးမားနဲ႔ဆုံေတြ႕ရေအာင္

တမင္ဖန္တီးခဲ့တာပါ’လို႔ Twitter မွာ ေရးသားခဲ့ပါတယ္။