

အန်တိုနီ မာစီရယ်အနေနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး
မကြာခဏဆိုသလို ရုန်းကန်ရပေမယ့်၊ မန်ချက်စတာယူနိုက်တက်
အသင်းမှာ အရေးပါတဲ့အခန်းကနေ ပါဝင်နိုင်သေးကြောင်း
နည်းပြ အဲရစ် တန်ဟန့်က ပြောဆိုလိုက်ပါတယ်။
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မာစီရယ်ဟာ ပထမရာသီဝက်မှာ
အသင်းအတွက် ကစားပေးနိုင်ခဲ့ပေမယ့် ဒုတိယရာသီဝက်ရောက်ချိန်မှာတော့
သူ့ရဲ့ တိုးတက်မှုကို ဒဏ်ရာပြဿနာတွေက ဟန့်တားခဲ့ပါတယ်။
မာစီရယ်ဟာ ၂၀၂၃ ခုနှစ်အရောက်မှာ ၄ ပွဲသာ ကစားထားနိုင်ခဲ့ပြီး၊
မန်ယူအသင်း နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲစလုံးကို လွဲချော်ထားခဲ့ပါတယ်။
ထို့အတွက်ကြောင့် တန်ဟန့်ဟာ မာစီရယ်ကို ရာသီအကုန်မှာ ဈေးကွက်ထဲကို
ရောင်းချသွားဖို့ စဉ်းစားလျက်ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မာစီရယ်ဟာ ဒီနေ့ညမှာ ကစားသွားမယ့် ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလား
ကွာတားဖိုင်နယ်မှာလည်း ပါဝင်နိုင်အုန်းမာ မဟုတ်ပဲ၊ တန်ဟန့်ကတော့
ပြင်သစ်သားအနေနဲ့ အခုချိန်နဲ့ ရာသီကုန်အကြား သက်ရောက်မှုတစ်ခုခု
လုပ်ပြနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။ ” အခုချိန်က ဒီအကြောင်းကို
ဆွေးနွေးဖို့အတွက် သင့်တော်တဲ့အချိန်ကောင်းလို့ ကျွန်တော် မထင်ပါဘူး။
ကျွန်တော်ကတော့ မာစီရယ်ကို ယုံကြည်ပါတယ်။ သူက ပါဝင်ကစားရတဲ့ပွဲတိုင်းမှာ
အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်းကောင်းတဲ့ ပါဝင်ပတ်သက်မှု လုပ်ထားနိုင်တယ်။
သူ ပါဝင်လာတဲ့အချိန်ဆိုရင်၊ အသင်းရဲ့ လယ်ဗယ်က မြင့်မားလာတယ် ”
” သူ့ကို ကြံ့ခိုင်ဖို့နဲ့ ပါဝင်ကစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ် ” လို့ ဆိုခဲ့ပါတယ်။
မာစီရယ်အနေနဲ့ ခန္ဓာကိုယ်ကို ပိုတွန်းအားပေးဖို့ ပြင်သင့်သလားလို့မေးတဲ့အခါ
တန်ဟန့်က ” လူတိုင်းကတော့ မတူကြပါဘူး၊ ဒီတော့ လူတိုင်းကို မတူတဲ့ပုံစံနဲ့ ဆက်ဆံရပါမယ်။
ဒီလုပ်ငန်းစဉ်က အသေအချာဂရုစိုက်ဖို့ လိုတယ်။
သူ ပါဝင်ကစားနိုင်ဖို့ ကျွန်တော်ကတော့ အကုန်လုပ်မာပါ ” လို့ ဆိုခဲ့ပါတယ်။
zawgyi
ဒဏ္ရာျပႆနာနဲ႔ လုံးခ်ာလိုက္ေနတဲ့ မာရွယ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး တန္ဟက္ရဲ႕ဆုံးျဖတ္ခ်က္
အန္တိုနီ မာစီရယ္အေနနဲ႔ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး
မၾကာခဏဆိုသလို ႐ုန္းကန္ရေပမယ့္၊ မန္ခ်က္စတာယူႏိုက္တက္
အသင္းမွာ အေရးပါတဲ့အခန္းကေန ပါဝင္ႏိုင္ေသးေၾကာင္း
နည္းျပ အဲရစ္ တန္ဟန႔္က ေျပာဆိုလိုက္ပါတယ္။
အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ မာစီရယ္ဟာ ပထမရာသီဝက္မွာ
အသင္းအတြက္ ကစားေပးႏိုင္ခဲ့ေပမယ့္ ဒုတိယရာသီဝက္ေရာက္ခ်ိန္မွာေတာ့
သူ႔ရဲ႕ တိုးတက္မႈကို ဒဏ္ရာျပႆနာေတြက ဟန႔္တားခဲ့ပါတယ္။
မာစီရယ္ဟာ ၂၀၂၃ ခုႏွစ္အေရာက္မွာ ၄ ပြဲသာ ကစားထားႏိုင္ခဲ့ၿပီး၊
မန္ယူအသင္း ေနာက္ဆုံးကစားထားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၂ ပြဲစလုံးကို လြဲေခ်ာ္ထားခဲ့ပါတယ္။
ထို႔အတြက္ေၾကာင့္ တန္ဟန႔္ဟာ မာစီရယ္ကို ရာသီအကုန္မွာ ေဈးကြက္ထဲကို
ေရာင္းခ်သြားဖို႔ စဥ္းစားလ်က္ရွိေနတယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
မာစီရယ္ဟာ ဒီေန႔ညမွာ ကစားသြားမယ့္ ဖူလ္ဟမ္နဲ႔ အက္ဖ္ေအဖလား
ကြာတားဖိုင္နယ္မွာလည္း ပါဝင္ႏိုင္အုန္းမာ မဟုတ္ပဲ၊ တန္ဟန႔္ကေတာ့
ျပင္သစ္သားအေနနဲ႔ အခုခ်ိန္နဲ႔ ရာသီကုန္အၾကား သက္ေရာက္မႈတစ္ခုခု
လုပ္ျပႏိုင္ဖို႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္။ ” အခုခ်ိန္က ဒီအေၾကာင္းကို
ေဆြးေႏြးဖို႔အတြက္ သင့္ေတာ္တဲ့အခ်ိန္ေကာင္းလို႔ ကြၽန္ေတာ္ မထင္ပါဘူး။
ကြၽန္ေတာ္ကေတာ့ မာစီရယ္ကို ယုံၾကည္ပါတယ္။ သူက ပါဝင္ကစားရတဲ့ပြဲတိုင္းမွာ
အသင္းရဲ႕ စြမ္းေဆာင္ရည္ကို အရမ္းေကာင္းတဲ့ ပါဝင္ပတ္သက္မႈ လုပ္ထားႏိုင္တယ္။
သူ ပါဝင္လာတဲ့အခ်ိန္ဆိုရင္၊ အသင္းရဲ႕ လယ္ဗယ္က ျမင့္မားလာတယ္ ”
” သူ႔ကို ႀကံ့ခိုင္ဖို႔နဲ႔ ပါဝင္ကစားႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။
မာစီရယ္အေနနဲ႔ ခႏၶာကိုယ္ကို ပိုတြန္းအားေပးဖို႔ ျပင္သင့္သလားလို႔ေမးတဲ့အခါ
တန္ဟန႔္က ” လူတိုင္းကေတာ့ မတူၾကပါဘူး၊ ဒီေတာ့ လူတိုင္းကို မတူတဲ့ပုံစံနဲ႔ ဆက္ဆံရပါမယ္။
ဒီလုပ္ငန္းစဥ္က အေသအခ်ာဂ႐ုစိုက္ဖို႔ လိုတယ္။
သူ ပါဝင္ကစားႏိုင္ဖို႔ ကြၽန္ေတာ္ကေတာ့ အကုန္လုပ္မာပါ ” လို႔ ဆိုခဲ့ပါတယ္။