

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စက်တင်ဘာလအတွက်
ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ လက်စတာ၊
အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၁-ဝ)ဂိုး၊ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့သလို ပရီးမီးယားလိဂ်
နောက်ဆုံး(၄)ပွဲဆက်တိုက်နိုင်ပွဲရယူခဲ့ပါတယ်။
အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ ပြိုင်ဘက်နည်းပြတွေဖြစ်တဲ့ ကွန်တီ(စပါး)၊
ဂယ်ရီအိုနေးလ်(ဘုန်းမောက်-ယာယီ)တို့ကိုကျော်ဖြတ်ပြီးတော့ အခု
အကောင်းဆုံးဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟက်အနေနဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်နောက်ပိုင်း ပရီးမီးယားလိဂ်
(၁)လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဒုတိယမြောက် ယူနိုက်တက်နည်းပြဖြစ်ခဲ့သလို
ပရီးမီးယားလိဂ်ပြိုင်ပွဲကို စရောက်ရောက်ချင်းမှာပဲ အခုအကောင်းဆုရရှိခဲ့တဲ့
ပထမဆုံးယူနိုက်တက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ (၁)လတာအကောင်းဆုံးနည်းပြဆုကို ၂၀၁၉၊
ဇန်နဝါရီလတုန်းက ဆွတ်ခူးခဲ့ဖူးပေမယ့် အဲဒီအချိန်က အမြဲတမ်းနည်းပြမဟုတ်သေးဘဲ
ယာယီနည်းပြအဖြစ်သာ ကိုင်တွယ်နေတာဖြစ်ပြီး အမြဲတမ်းနည်းပြအဖြစ်
ခန့်အပ်ခံရပြီးနောက်ပိုင်းမှာတော့ ဆုမရခဲ့ပါဘူး။
ဒါ့အပြင် အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့
တတိယမြောက် ဒတ်ချ်လူမျိုးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အဲရစ်တန်ဟက်မတိုင်ခင်က ဒတ်ချ်လူမျိုးနည်းပြတွေဖြစ်တဲ့ မာတင်ဂျိုးလ်
(စပါး – ၂၀၀၄ ဒီဇင်ဘာ)၊ ရော်နယ်လ်ကိုးမန်း(ဆောက်သမ်တန် – ၂၀၁၄ စက်တင်ဘာ၊
၂၀၁၅ ဇန်နဝါရီ၊ ၂၀၁၆ ဇန်နဝါရီ)တို့ဟာ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို
ဆွတ်ခူးခဲ့ဖူးပါတယ်။
စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ ယူနိုက်တက်
တိုက်စစ်ကစားရပ်ရှ်ဖို့ဒ်က ဆွတ်ခူးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ လက်စတာ၊ အာဆင်နယ်တို့နဲ့
ပွဲတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့သလို ဒီဆုကို
မန်စီးတီးနာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ဖြတ်ပြီးတော့ ရရှိခဲ့တာဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၉ ဇန်နဝါရီလတုန်းက
အခုအကောင်းဆုံးဆုကို ပထမအကြိမ်ရရှိခဲ့ပြီး (၃)နှစ်ကျော်အကြာမှ ဒုတိယအကြိမ်
ဆွတ်ခူးနိုင်ခဲ့တာပါ။
Photos:Getty Images,Daily Mail,EPA,Twitter
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ စက္တင္ဘာလအတြက္
ပရီးမီးယားလိဂ္(၁)လတာအေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ စက္တင္ဘာလအတြင္းကစားခဲ့တဲ့ လက္စတာ၊
အာဆင္နယ္တို႔နဲ႔ပြဲေတြမွာ (၁-ဝ)ဂိုး၊ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့သလို ပရီးမီးယားလိဂ္
ေနာက္ဆုံး(၄)ပြဲဆက္တိုက္ႏိုင္ပြဲရယူခဲ့ပါတယ္။
အဲဒါေၾကာင့္ အဲရစ္တန္ဟက္ဟာ ၿပိဳင္ဘက္နည္းျပေတြျဖစ္တဲ့ ကြန္တီ(စပါး)၊
ဂယ္ရီအိုေနးလ္(ဘုန္းေမာက္-ယာယီ)တို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ အခု
အေကာင္းဆုံးဆုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
အဲရစ္တန္ဟက္အေနနဲ႔ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ေခတ္ေနာက္ပိုင္း ပရီးမီးယားလိဂ္
(၁)လတာအေကာင္းဆုံးနည္းျပဆုရရွိခဲ့တဲ့ ဒုတိယေျမာက္ ယူႏိုက္တက္နည္းျပျဖစ္ခဲ့သလို
ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို စေရာက္ေရာက္ခ်င္းမွာပဲ အခုအေကာင္းဆုရရွိခဲ့တဲ့
ပထမဆုံးယူႏိုက္တက္နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပေဟာင္း ဆိုးလ္ရွားဟာ (၁)လတာအေကာင္းဆုံးနည္းျပဆုကို ၂၀၁၉၊
ဇန္နဝါရီလတုန္းက ဆြတ္ခူးခဲ့ဖူးေပမယ့္ အဲဒီအခ်ိန္က အၿမဲတမ္းနည္းျပမဟုတ္ေသးဘဲ
ယာယီနည္းျပအျဖစ္သာ ကိုင္တြယ္ေနတာျဖစ္ၿပီး အၿမဲတမ္းနည္းျပအျဖစ္
ခန႔္အပ္ခံရၿပီးေနာက္ပိုင္းမွာေတာ့ ဆုမရခဲ့ပါဘူး။
ဒါ့အျပင္ အဲရစ္တန္ဟက္ဟာ ပရီးမီးယားလိဂ္(၁)လတာအေကာင္းဆုံးနည္းျပဆုရရွိခဲ့တဲ့
တတိယေျမာက္ ဒတ္ခ်္လူမ်ိဳးနည္းျပအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။
အဲရစ္တန္ဟက္မတိုင္ခင္က ဒတ္ခ်္လူမ်ိဳးနည္းျပေတြျဖစ္တဲ့ မာတင္ဂ်ိဳးလ္
(စပါး – ၂၀၀၄ ဒီဇင္ဘာ)၊ ေရာ္နယ္လ္ကိုးမန္း(ေဆာက္သမ္တန္ – ၂၀၁၄ စက္တင္ဘာ၊
၂၀၁၅ ဇန္နဝါရီ၊ ၂၀၁၆ ဇန္နဝါရီ)တို႔ဟာ ပရီးမီးယားလိဂ္အေကာင္းဆုံးနည္းျပဆုကို
ဆြတ္ခူးခဲ့ဖူးပါတယ္။
စက္တင္ဘာလအတြက္ အေကာင္းဆုံးကစားသမားဆုကိုေတာ့ ယူႏိုက္တက္
တိုက္စစ္ကစားရပ္ရွ္ဖို႔ဒ္က ဆြတ္ခူးခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ လက္စတာ၊ အာဆင္နယ္တို႔နဲ႔
ပြဲေတြမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့သလို ဒီဆုကို
မန္စီးတီးနာမည္ေက်ာ္ကြင္းလယ္လူ ဒီဘ႐ိုင္းနားကို ေက်ာ္ျဖတ္ၿပီးေတာ့ ရရွိခဲ့တာျဖစ္ပါတယ္။
အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ၂၀၁၉ ဇန္နဝါရီလတုန္းက
အခုအေကာင္းဆုံးဆုကို ပထမအႀကိမ္ရရွိခဲ့ၿပီး (၃)ႏွစ္ေက်ာ္အၾကာမွ ဒုတိယအႀကိမ္
ဆြတ္ခူးႏိုင္ခဲ့တာပါ။
Photos:Getty Images,Daily Mail,EPA,Twitter