ဖူလ်ဟမ်နဲ့ကစားမယ့် FA ဖလားပွဲမှာ အန်တိုနီ ပါဝင်နိုင်ဖို့ရှိနေ
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဖူလ်ဟမ်နဲ့ကစားမယ့်
FA ဖလားပွဲမှာ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီ
ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်အသင်းဟာ
FA ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် ဒီည မြန်မာစံတော်ချိန်
(၁၁:၀၀)နာရီမှာ အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး
၂၀၁၉-၂၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်
တက်ခွင့်ရအောင် ကြိုးစားရမှာပါ။ အဲဒါကြောင့် အသင်းအတွက်
အရေးကြီးတဲ့ ဒီလိုပွဲမှာ အားထားရတဲ့ တောင်ပံတိုက်စစ်ကစားသမား
အန်တိုနီ ပါဝင်ကစားနိုင်ဖို့ အဲရစ်တန်ဟက်က မျှော်လင့်နေတာဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၉)ပွဲကစား၊ (၇)ဂိုးသွင်း၊
ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့သူ ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ
အဖျားရောဂါကြောင့် ဘက်တစ်နဲ့ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲကို
လွဲချော်ခဲ့ပါတယ်။ အဲရစ်တန်ဟက်က “အခုပွဲမှာ မာစီယဲလ်
ပါဝင်နိုင်မှာမဟုတ်သေးသလို အန်တိုနီကလည်း မသေချာပါဘူး။
ဒါပေမဲ့ အန်တိုနီရဲ့အခြေအနေ တိုးတက်မှုရှိလာမလားဆိုတာ
ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ စောင့်ကြည့်သွားမှာ
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ
ဒဏ်ရာရကစားသမားတချို့ရှိနေပြီး အဓိကကွင်းလယ်လူ
ကတ်စ်မဲရိုးကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် အခု FA ဖလားပွဲကို လွဲချော်မှာဖြစ်ပါတယ်။
zawgyi