

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က တိုက်စစ်ကစားသမား
ရပ်ရှ်ဖို့ဒ်ဟာ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဗန်ပါစီနောက်ပိုင်း
တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ ဂိုး(၃၀)အထိ သွင်းယူနိုင်မယ့်သူဖြစ်လာမယ်လို့
အားပေးထောက်ခံခဲ့ပါတယ်။ ဒီရာသီမှာ မယုံနိုင်လောက်အောင်
ဂိုးတွေသွင်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်တစ်ကို
(၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် အနိုင်ဂိုး
သွင်းယူခဲ့ပြီး အဲဒီဂိုးဟာ ပြိုင်ပွဲစုံမှာ သူ့ရဲ့(၂၇)ဂိုးမြောက်လည်းဖြစ်ပါတယ်။
ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သူ ဗန်ပါစီဟာ
ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီမှာ
ပြိုင်ပွဲစုံဂိုး(၃၀)သွင်းယူခဲ့ပြီး အဲဒီနောက်ပိုင်း ဘယ်သူမှ ဂိုး(၃၀)အထိ
မသွင်းနိုင်တော့ပါဘူး။ အဲရစ်တန်ဟက်က “ပြီးခဲ့တဲ့နွေရာသီမှာ
မီဒီယာတွေက ရပ်ရှ်ဖို့ဒ် ဒါမှမဟုတ် မာစီယဲလ်တို့ထဲက တစ်ဦးဦးဟာ
ဂိုး(၂၀)နဲ့အထက် သွင်းနိုင်မယ်လို့ ယုံကြည်လားဆိုပြီး
မေးခွန်းထုတ်ချိန်မှာ ကျွန်တော်က ‘သေချာပေါက် ယုံကြည်ပါတယ်’လို့
ဖြေခဲ့ဖူးပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ရာသီအစပိုင်းလောက်က ရာနှုန်းပြည့်
အကောင်းဆုံးပုံစံ မဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊
ခံယူချက်၊ စွမ်းဆောင်ရည်အပိုင်းတွေမှာ တိုးတက်လာပြီး
အခုလိုအနေအထားရောက်လာတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဗန္ပါစီေနာက္ပိုင္း တစ္ရာသီအတြင္း ဂိုး(၃၀)သြင္းႏိုင္မယ့္သူအျဖစ္ ရပ္ရွ္ဖို႔ဒ္ ရပ္တည္ႏိုင္မယ္လို႔ အဲရစ္တန္ဟက္ ေထာက္ခံ
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က တိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္ဟာ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဗန္ပါစီေနာက္ပိုင္း
တစ္ရာသီအတြင္း ၿပိဳင္ပြဲစုံမွာ ဂိုး(၃၀)အထိ သြင္းယူႏိုင္မယ့္သူျဖစ္လာမယ္လို႔
အားေပးေထာက္ခံခဲ့ပါတယ္။ ဒီရာသီမွာ မယုံႏိုင္ေလာက္ေအာင္
ဂိုးေတြသြင္းျပေနတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘက္တစ္ကို
(၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုး
သြင္းယူခဲ့ၿပီး အဲဒီဂိုးဟာ ၿပိဳင္ပြဲစုံမွာ သူ႔ရဲ႕(၂၇)ဂိုးေျမာက္လည္းျဖစ္ပါတယ္။
ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလားရယူႏိုင္ခဲ့သူ ဗန္ပါစီဟာ
ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ ရာသီမွာ
ၿပိဳင္ပြဲစုံဂိုး(၃၀)သြင္းယူခဲ့ၿပီး အဲဒီေနာက္ပိုင္း ဘယ္သူမွ ဂိုး(၃၀)အထိ
မသြင္းႏိုင္ေတာ့ပါဘူး။ အဲရစ္တန္ဟက္က “ၿပီးခဲ့တဲ့ေႏြရာသီမွာ
မီဒီယာေတြက ရပ္ရွ္ဖို႔ဒ္ ဒါမွမဟုတ္ မာစီယဲလ္တို႔ထဲက တစ္ဦးဦးဟာ
ဂိုး(၂၀)နဲ႔အထက္ သြင္းႏိုင္မယ္လို႔ ယုံၾကည္လားဆိုၿပီး
ေမးခြန္းထုတ္ခ်ိန္မွာ ကြၽန္ေတာ္က ‘ေသခ်ာေပါက္ ယုံၾကည္ပါတယ္’လို႔
ေျဖခဲ့ဖူးပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ရာသီအစပိုင္းေလာက္က ရာႏႈန္းျပည့္
အေကာင္းဆုံးပုံစံ မျဖစ္ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ စိတ္ပိုင္းဆိုင္ရာ၊
ခံယူခ်က္၊ စြမ္းေဆာင္ရည္အပိုင္းေတြမွာ တိုးတက္လာၿပီး
အခုလိုအေနအထားေရာက္လာတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။