မက်ဂွိုင်းယားနဲ့ဗန်ဒိုက်တို့ရဲ့ စွမ်းဆောင်ရည် ဘာမှမကွာဘူးဆိုတာ စစ်တမ်းတွေက သက်သေခံနေ

လီဗာပူးလ်ကစားသမားဗန်ဒိုက်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ

တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပေမယ့် မန်ချက်စတာယူနိုက်တက်
အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ကလပ်အသင်းမှာ အရန်ခုံနဲ့
နှစ်ပါးသွားနေရပါတယ်။

ဒါပေမဲ့ ဒီကစားသမားနှစ်ယောက်ရဲ့ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မှတ်တမ်းကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မက်ဂွိုင်းယားက ဗန်ဒိုက်နဲ့ မတိမ်းမယိမ်းဖြစ်နေတာကို
အံ့အားသင့်စရာကောင်းလောက်အောင် တွေ့ရမှာပါ။

အားကစားဘွတ်ကီဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Midnite က မက်ဂွိုင်းယားနဲ့ ဗန်ဒိုက်တို့ရဲ့
ပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် စွမ်းဆောင်ရည်တွေကို အချက်အလက်
ပြုစုခဲ့တာဖြစ်ပြီး ဗန်ဒိုက်ဟာ လီဗာပူးလ်မရောက်ခင် ဆောက်သမ်တန်မှာကစားခဲ့ဖူးပေမယ့်

မက်ဂွိုင်းယားကတော့ ဟားလ်စီးတီး၊ လက်စတာတို့မှာ ကစားခဲ့တဲ့အတွေ့အကြုံကောင်းတွေ
ရှိခဲ့ပါတယ်။

ဒါပေမဲ့ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်(၂၀၆)ပွဲကစားခဲ့ပြီး ဗန်ဒိုက်က (၂၀၂)ပွဲ
ကစားခဲ့တာကြောင့် မက်ဂွိုင်းယားက (၄)ပွဲလောက်ပဲ ပိုများနေတာပါ။ သူတို့နှစ်ယောက်ရဲ့
ဘောလုံးဖျက်ထုတ်မှု(Tackles)အကြိမ်မှာ မက်ဂွိုင်းယား – (၂၅၄)ကြိမ်၊ ဗန်ဒိုက် – (၂၀၆)ကြိမ်
ရှိတာကြောင့် မက်ဂွိုင်းယားကတောင် ပိုသာနေပါတယ်။

အောင်မြင်တဲ့ ဘောလုံးဖျက်ထုတ်မှုရာခိုင်နှုန်းမှာတော့ မက်ဂွိုင်းယားက (၆၇%)၊ ဗန်ဒိုက်က
(၆၉%)ရှိပြီး ကြားဖြတ်လုယူတဲ့အပိုင်းမှာ မက်ဂွိုင်းယား – (၃၂၆)ကြိမ်၊ ဗန်ဒိုက် – (၃၂၂)ကြိမ်
ရှိခဲ့ပါတယ်။

တစ်ပွဲပျမ်းမျှ ဘောလုံးလုယူနိုင်မှုမှာ မက်ဂွိုင်းယားက (၁.၅၈)ကြိမ်၊ ဗန်ဒိုက်က
(၁.၅၉)ကြိမ်ရှိပြီး ပြိုင်ဘက်နဲ့လေထဲမှာခေါင်းယှဉ်တိုက်နိုင်မှုအပိုင်းမှာ မက်ဂွိုင်းယားဟာ
(၇၂%)သာရှိပေမယ့် ဗန်ဒိုက်ကတော့ (၇၄%)ရှိပါတယ်။ အမှားကနေ ဂိုးပေးလိုက်ရတာက
နှစ်ယောက်စလုံး(၃)ကြိမ်စီ တူညီနေတာကြောင့် ဗန်ဒိုက်နဲ့ မက်ဂွိုင်းယားတို့ရဲ့ စွမ်းဆောင်ရည်က
ဒီလောက်ကြီးမကွာတာကို တွေ့ရမှာဖြစ်ပါတယ်။

Photos:SPORTbible,Getty Images,GiveMeSport,The Sun

[Zawgyi]

လီဗာပူးလ္ကစားသမားဗန္ဒိုက္ဟာ လက္ရွိကမာၻ႔အေကာင္းဆုံးေနာက္ခံလူေတြထဲမွာ
တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံထားရေပမယ့္ မန္ခ်က္စတာယူႏိုက္တက္
အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ကလပ္အသင္းမွာ အရန္ခုံနဲ႔
ႏွစ္ပါးသြားေနရပါတယ္။

ဒါေပမဲ့ ဒီကစားသမားႏွစ္ေယာက္ရဲ႕ ပရီးမီးယားလိဂ္စြမ္းေဆာင္ရည္မွတ္တမ္းကို
ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ မက္ဂြိဳင္းယားက ဗန္ဒိုက္နဲ႔ မတိမ္းမယိမ္းျဖစ္ေနတာကို
အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေတြ႕ရမွာပါ။

အားကစားဘြတ္ကီဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Midnite က မက္ဂြိဳင္းယားနဲ႔ ဗန္ဒိုက္တို႔ရဲ႕
ပရီးမီးယားလိဂ္ကစားသမားဘဝတစ္ေလွ်ာက္ စြမ္းေဆာင္ရည္ေတြကို အခ်က္အလက္
ျပဳစုခဲ့တာျဖစ္ၿပီး ဗန္ဒိုက္ဟာ လီဗာပူးလ္မေရာက္ခင္ ေဆာက္သမ္တန္မွာကစားခဲ့ဖူးေပမယ့္
မက္ဂြိဳင္းယားကေတာ့ ဟားလ္စီးတီး၊ လက္စတာတို႔မွာ ကစားခဲ့တဲ့အေတြ႕အႀကဳံေကာင္းေတြ
ရွိခဲ့ပါတယ္။

ဒါေပမဲ့ မက္ဂြိဳင္းယားဟာ ပရီးမီးယားလိဂ္(၂၀၆)ပြဲကစားခဲ့ၿပီး ဗန္ဒိုက္က (၂၀၂)ပြဲ
ကစားခဲ့တာေၾကာင့္ မက္ဂြိဳင္းယားက (၄)ပြဲေလာက္ပဲ ပိုမ်ားေနတာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕
ေဘာလုံးဖ်က္ထုတ္မႈ(Tackles)အႀကိမ္မွာ မက္ဂြိဳင္းယား – (၂၅၄)ႀကိမ္၊ ဗန္ဒိုက္ – (၂၀၆)ႀကိမ္
ရွိတာေၾကာင့္ မက္ဂြိဳင္းယားကေတာင္ ပိုသာေနပါတယ္။

ေအာင္ျမင္တဲ့ ေဘာလုံးဖ်က္ထုတ္မႈရာခိုင္ႏႈန္းမွာေတာ့ မက္ဂြိဳင္းယားက (၆၇%)၊ ဗန္ဒိုက္က
(၆၉%)ရွိၿပီး ၾကားျဖတ္လုယူတဲ့အပိုင္းမွာ မက္ဂြိဳင္းယား – (၃၂၆)ႀကိမ္၊ ဗန္ဒိုက္ – (၃၂၂)ႀကိမ္
ရွိခဲ့ပါတယ္။

တစ္ပြဲပ်မ္းမွ် ေဘာလုံးလုယူႏိုင္မႈမွာ မက္ဂြိဳင္းယားက (၁.၅၈)ႀကိမ္၊ ဗန္ဒိုက္က
(၁.၅၉)ႀကိမ္ရွိၿပီး ၿပိဳင္ဘက္နဲ႔ေလထဲမွာေခါင္းယွဥ္တိုက္ႏိုင္မႈအပိုင္းမွာ မက္ဂြိဳင္းယားဟာ
(၇၂%)သာရွိေပမယ့္ ဗန္ဒိုက္ကေတာ့ (၇၄%)ရွိပါတယ္။ အမွားကေန ဂိုးေပးလိုက္ရတာက
ႏွစ္ေယာက္စလုံး(၃)ႀကိမ္စီ တူညီေနတာေၾကာင့္ ဗန္ဒိုက္နဲ႔ မက္ဂြိဳင္းယားတို႔ရဲ႕ စြမ္းေဆာင္ရည္က
ဒီေလာက္ႀကီးမကြာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

Photos:SPORTbible,Getty Images,GiveMeSport,The Sun