မက်ဂွိုင်းယားလိုပဲ အခု ဖိုဖာနာကို ‘ဂျင်း’ ထပ်ထည့်လိုက်တာလား . .လက်စတာရေ . .

လက်စတာအသင်းဟာ သူတို့ရဲ့ ပြင်သစ်လူငယ်နောက်ခံလူဖိုဖာနာကို ချယ်လ်ဆီးအသင်းဆီ ယူရို(၈၂)သန်း (ပေါင်သန်း၇၀ကျော်)နဲ့ရောင်းချလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဖိုဖာနာဟာ ၂၀၂၀ ခုနှစ်တုန်းက စိန့်အက်တီယန်အသင်းကနေ လက်စတာအသင်းကို ယူရို(၄၂)သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သလို ၂၀၂၀-၂၁ ရာသီမှာ ပရိသတ်တွေကရွေးချယ်တဲ့ (၁)နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုဆွတ်ခူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမစခင် ဗီလာရီးယဲလ်နဲ့ခြေစမ်းပွဲမှာ ခြေထောက်ကျိုးခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရပြီး အခုနှစ်၊ မတ်လကမှ လက်စတာအသင်းအတွက် ပြန်လည်ကစားနိုင်တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဖိုဖာနာကိုခေါ်ယူဖို့ အခုနွေရာသီတစ်လျှောက်လုံး ကြိုးပမ်းခဲ့ပြီး လက်စတာအသင်းက သူတို့ရဲ့ကစားသမားကို လက်လွှတ်မခံလိုပေမယ့် ဖိုဖာနာကိုယ်တိုင်က ချယ်လ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသလို မက်လောက်စရာပြောင်းရွှေ့ကြေးရရှိတာကြောင့် ရောင်းချဖို့ဆုံးဖြတ်ခဲ့တာပါ။

လက်စတာအသင်းအနေနဲ့ ယူရို(၄၂)သန်းနဲ့ခေါ်ယူခဲ့တဲ့ ဖိုဖာနာကို ယူရို(၈၂)သန်းနဲ့ရောင်းချခဲ့တာကြောင့် ယူရိုသန်း(၄၀)အထိ အမြတ်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းပရိသတ်တွေကတော့ မက်ဂွိုင်းယားလိုအဖြစ်မျိုးနဲ့ ရင်မဆိုင်ရဖို့ ဆုတောင်းနေလောက်ပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက မက်ဂွိုင်းယားကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၈၇)သန်းအထိပေးပြီးတော့ခေါ်ယူခဲ့ပြီး မက်ဂွိုင်းယားက အဲဒီတန်ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး အခုအထိမပြသနိုင်သေးပါဘူး။

အခု ချယ်လ်ဆီးအသင်းကလည်း ဖိုဖာနာကို ယူရို(၈၂)သန်းအထိပေးပြီးခေါ်ယူလိုက်ပြန်တာကြောင့် ယူနိုက်တက်ပြီးတော့ ချယ်လ်ဆီးကို ‘ဂျင်း’ ထပ်ထည့်လိုက်ပြီလား . .လက်စတာရေ လို့ပဲ မေးခွန်းထုတ်ရတော့မှာပါ။

Photo:Chelsea,The Football Arena

[Zawgyi]

လက္စတာအသင္းဟာ သူတို႔ရဲ႕ ျပင္သစ္လူငယ္ေနာက္ခံလူဖိုဖာနာကို ခ်ယ္လ္ဆီးအသင္းဆီ ယူ႐ို(၈၂)သန္း (ေပါင္သန္း၇၀ေက်ာ္)နဲ႔ေရာင္းခ်လိုက္ၿပီျဖစ္ပါတယ္။ အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဖိုဖာနာဟာ ၂၀၂၀ ခုႏွစ္တုန္းက စိန႔္အက္တီယန္အသင္းကေန လက္စတာအသင္းကို ယူ႐ို(၄၂)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အခ်ိန္တိုအတြင္းမွာပဲ အသင္းရဲ႕အဓိက,ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့သလို ၂၀၂၀-၂၁ ရာသီမွာ ပရိသတ္ေတြကေ႐ြးခ်ယ္တဲ့ (၁)ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုဆြတ္ခူးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမစခင္ ဗီလာရီးယဲလ္နဲ႔ေျခစမ္းပြဲမွာ ေျခေထာက္က်ိဳးခဲ့တာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး အခုႏွစ္၊ မတ္လကမွ လက္စတာအသင္းအတြက္ ျပန္လည္ကစားႏိုင္တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ဖိုဖာနာကိုေခၚယူဖို႔ အခုေႏြရာသီတစ္ေလွ်ာက္လုံး ႀကိဳးပမ္းခဲ့ၿပီး လက္စတာအသင္းက သူတို႔ရဲ႕ကစားသမားကို လက္လႊတ္မခံလိုေပမယ့္ ဖိုဖာနာကိုယ္တိုင္က ခ်ယ္လ္ဆီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနသလို မက္ေလာက္စရာေျပာင္းေ႐ႊ႕ေၾကးရရွိတာေၾကာင့္ ေရာင္းခ်ဖို႔ဆုံးျဖတ္ခဲ့တာပါ။

လက္စတာအသင္းအေနနဲ႔ ယူ႐ို(၄၂)သန္းနဲ႔ေခၚယူခဲ့တဲ့ ဖိုဖာနာကို ယူ႐ို(၈၂)သန္းနဲ႔ေရာင္းခ်ခဲ့တာေၾကာင့္ ယူ႐ိုသန္း(၄၀)အထိ အျမတ္ရရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းပရိသတ္ေတြကေတာ့ မက္ဂြိဳင္းယားလိုအျဖစ္မ်ိဳးနဲ႔ ရင္မဆိုင္ရဖို႔ ဆုေတာင္းေနေလာက္ပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက မက္ဂြိဳင္းယားကို ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၈၇)သန္းအထိေပးၿပီးေတာ့ေခၚယူခဲ့ၿပီး မက္ဂြိဳင္းယားက အဲဒီတန္ေၾကးနဲ႔ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး အခုအထိမျပသႏိုင္ေသးပါဘူး။

အခု ခ်ယ္လ္ဆီးအသင္းကလည္း ဖိုဖာနာကို ယူ႐ို(၈၂)သန္းအထိေပးၿပီးေခၚယူလိုက္ျပန္တာေၾကာင့္ ယူႏိုက္တက္ၿပီးေတာ့ ခ်ယ္လ္ဆီးကို ‘ဂ်င္း’ ထပ္ထည့္လိုက္ၿပီလား . .လက္စတာေရ လို႔ပဲ ေမးခြန္းထုတ္ရေတာ့မွာပါ။

Photo:Chelsea,The Football Arena