မန်ချက်စတာဒါဘီပွဲကို ဒိုင်လူကြီးမိုက်ကယ်အိုလီဗာ တာဝန်ယူမှာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေစိုးရိမ်နေ

လာမယ့်တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့

မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီး
အဲဒီပွဲကို နာမည်ကျော်ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တာဝန်ယူကိုင်တွယ်
သွားမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ဒီရာသီ
ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ်
နောက်ဆုံး(၄)ပွဲဆက် အနိုင်ကြောင့် အမှတ်ပေးဇယားအဆင့်(၅)နေရာ
တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဒိုင်လူကြီးအိုလီဗာကိုင်တွယ်တဲ့
ပွဲတွေဆိုရင် ယူနိုက်တက်တို့ ရလဒ်ကောင်းလေ့မရှိတဲ့အတွက် ပရိသတ်တွေကတော့

စိုးရိမ်နေကြပါပြီ။

အိုလီဗာဟာ သူ့ရဲ့ဒိုင်လူကြီးဘဝတစ်လျှောက် ယူနိုက်တက်အသင်းကစားခဲ့တဲ့

ပွဲပေါင်း(၃၉)ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး အဲဒီထဲက (၁၅)ပွဲသာ
ယူနိုက်တက်အနိုင်ရခဲ့သလို (၁၁)ပွဲသရေ၊ (၁၃)ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။

ထူးခြားတာက မန်စီးတီးအသင်းဟာ အိုလီဗာ တာဝန်ယူတဲ့ပွဲတွေမှာ ရလဒ်ကောင်း
ရယူလေ့ရှိပြီး (၄၈)ပွဲမှာ (၃၆)ပွဲအထိအနိုင်ရခဲ့တာကြောင့် အနိုင်ရာခိုင်နှုန်းက (၇၅%)
အထိရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လီဗာပူးလ်ကို ယူနိုက်တက်တို့ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကို
အိုလီဗာ ကိုင်တွယ်ခဲ့တာကြောင့် အဲဒီတုန်းကလို နမိတ်ကောင်းလေး ပြန်ရဖို့ယူနိုက်တက်
ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။

Photos:E360hubs,Sky Sports,Getty Images,YouTube

[Zawgyi]

လာမယ့္တနဂၤေႏြေန႔က်ရင္ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ မန္စီးတီးနဲ႔
မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး
အဲဒီပြဲကို နာမည္ေက်ာ္ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာက တာဝန္ယူကိုင္တြယ္
သြားမွာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ တိုက္စစ္မႉးဟာလန္းရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ဒီရာသီ
ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးဘဲ ယူႏိုက္တက္အသင္းကလည္း ပရီးမီးယားလိဂ္
ေနာက္ဆုံး(၄)ပြဲဆက္ အႏိုင္ေၾကာင့္ အမွတ္ေပးဇယားအဆင့္(၅)ေနရာ
တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဒီပြဲက ႏွစ္သင္းစလုံးအတြက္ အေရးပါတဲ့ပြဲျဖစ္ၿပီး ဒိုင္လူႀကီးအိုလီဗာကိုင္တြယ္တဲ့
ပြဲေတြဆိုရင္ ယူႏိုက္တက္တို႔ ရလဒ္ေကာင္းေလ့မရွိတဲ့အတြက္ ပရိသတ္ေတြကေတာ့
စိုးရိမ္ေနၾကပါၿပီ။

အိုလီဗာဟာ သူ႔ရဲ႕ဒိုင္လူႀကီးဘဝတစ္ေလွ်ာက္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့
ပြဲေပါင္း(၃၉)ပြဲမွာ ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့ၿပီး အဲဒီထဲက (၁၅)ပြဲသာ
ယူႏိုက္တက္အႏိုင္ရခဲ့သလို (၁၁)ပြဲသေရ၊ (၁၃)ပြဲအထိရႈံးနိမ့္ခဲ့ပါတယ္။

ထူးျခားတာက မန္စီးတီးအသင္းဟာ အိုလီဗာ တာဝန္ယူတဲ့ပြဲေတြမွာ ရလဒ္ေကာင္း
ရယူေလ့ရွိၿပီး (၄၈)ပြဲမွာ (၃၆)ပြဲအထိအႏိုင္ရခဲ့တာေၾကာင့္ အႏိုင္ရာခိုင္ႏႈန္းက (၇၅%)
အထိရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း လီဗာပူးလ္ကို ယူႏိုက္တက္တို႔ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲကို
အိုလီဗာ ကိုင္တြယ္ခဲ့တာေၾကာင့္ အဲဒီတုန္းကလို နမိတ္ေကာင္းေလး ျပန္ရဖို႔ယူႏိုက္တက္
ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကပါတယ္။

Photos:E360hubs,Sky Sports,Getty Images,YouTube