

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ လာမယ့်တနင်္ဂနွေကျရင်
မန်စီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်ကစားနိုင်ဖို့ရှိတယ်လို့
သတင်းထွက်နေပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အခုလအစောပိုင်းက အာဆင်နယ်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ဒဏ်ရာကြောင့်လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသင်းအတွက် မကစားနိုင်တော့သလို
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။
ဒါပေမဲ့လည်းအခုအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီးနဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့
နီးစပ်နေပြီဖြစ်တယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲတုန်းက (၂)ဂိုးသွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး
ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်အုပ်စုပွဲတွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ
ရပ်ရှ်ဖို့ဒ်ဟာ နည်းပြအဲရစ်တန်ဟက်လက်ထက်မှာ ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ်
(၆)ပွဲကစား၊ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနေတဲ့အတွက် ဝါရင့်ကစားသမား စီရော်နယ်လ်ဒိုတောင်
အရန်ခုံရောက်သွားတဲ့အပြင် စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးဆု
ဆန်ခါတင်စာရင်းမှာ ရပ်ရှ်ဖို့ဒ် ရွေးချယ်ခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းစတင်ပြုလုပ်နေပြီဖြစ်ပြီး
မန်စီးတီးနဲ့ပွဲကျရင် အဲရစ်တန်ဟက်က သူ့ကို ပွဲထွက်သုံးမှာလား ..အရန်အဖြစ်အသုံးပြုမှာလား
ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Photos:EPA,Daily Mail,Getty Images,Manchester Evening News
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ လာမယ့္တနဂၤေႏြက်ရင္
မန္စီးနဲ႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ ႀကံ့ခိုင္မႈအျပည့္နဲ႔ပါဝင္ကစားႏိုင္ဖို႔ရွိတယ္လို႔
သတင္းထြက္ေနပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ အခုလအေစာပိုင္းက အာဆင္နယ္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ဒဏ္ရာေၾကာင့္လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္း အသင္းအတြက္ မကစားႏိုင္ေတာ့သလို
အဂၤလန္လက္ေ႐ြးစင္အသင္းလူစာရင္းမွာလည္း ခ်န္လွပ္ခံခဲ့ရပါတယ္။
ဒါေပမဲ့လည္းအခုအခ်ိန္မွာေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ မန္စီးတီးနဲ႔ပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝလာဖို႔
နီးစပ္ေနၿပီျဖစ္တယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။
အာဆင္နယ္နဲ႔ပြဲတုန္းက (၂)ဂိုးသြင္းခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး
ယူႏိုက္တက္အသင္းရဲ႕ ယူ႐ိုပါလိဂ္အုပ္စုပြဲေတြမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
ရပ္ရွ္ဖို႔ဒ္ဟာ နည္းျပအဲရစ္တန္ဟက္လက္ထက္မွာ ပုံစံေကာင္းျပသေနၿပီး ပရီးမီးယားလိဂ္
(၆)ပြဲကစား၊ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။
ဒီလိုေျခစြမ္းေကာင္းေတြျပသေနတဲ့အတြက္ ဝါရင့္ကစားသမား စီေရာ္နယ္လ္ဒိုေတာင္
အရန္ခုံေရာက္သြားတဲ့အျပင္ စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္(၁)လတာအေကာင္းဆုံးဆု
ဆန္ခါတင္စာရင္းမွာ ရပ္ရွ္ဖို႔ဒ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းစတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး
မန္စီးတီးနဲ႔ပြဲက်ရင္ အဲရစ္တန္ဟက္က သူ႔ကို ပြဲထြက္သုံးမွာလား ..အရန္အျဖစ္အသုံးျပဳမွာလား
ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။
Photos:EPA,Daily Mail,Getty Images,Manchester Evening News