

အာဆင်နယ်ဟာချဲလ်ဆီးနှင့်မန်ချက်စတာယူနိုက်တက်တို့ရဲ့ကစားသမား
လုပ်ခအသုံးပြုမှုရဲ့တစ်ဝက်မျှသာအသုံးပြုပေမဲ့လည်းယခုရာသီတွင်
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ကာ
ချန်ပီယံဖြစ်ရန်အခြေအနေကောင်းနေပါတယ်။ အာဆင်နယ်ဟာ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေပြီးဒုတိယနေရာမှ
မန်စီးတီးကိုရမှတ်၅မှတ်ဖြတ်ထားနိုင်ပါတယ်။ မီခေးလ်အာတီတာရဲ့
အသင်းဟာအဆင့်၃နေရာမှအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ကို
၁၆မှတ်အထိဖြတ်ထားနိုင်ပါတယ်။ ဒါပေမဲ့အာဆင်နယ်ဟာလုပ်ခ
အသုံးပြုမှုပေါင်၉၇.၈၇၈သန်းသာရှိပါတယ်။ ချဲလ်ဆီးကပေါင်၂၁၂.၀၉၀သန်းဖြင့်
ပရီးမီးယားလိဂ်တွင်လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ်
ရပ်တည်နေပြီးယူနိုက်တက်ကပေါင်၂၁၁.၈၇၅ သန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်
လက်ရှိချန်ပီယံမန်စီးတီးကပေါင်၁၈၂.၆၄၀သန်းဖြင့်တတိယနေရာမှာ
ရပ်တည်နေပြီးလီဗာပူးကပေါင်၁၅၈.၇၈၈သန်းဖြင့်စတုတ္ထ၊
စပါးစ်ကပေါင်သန်း ၁၁၀.၄၃၈သန်းဖြင့်ပဉ္စမအဆင့်နေရာတို့မှာအသီးသီးရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်တွင်လုပ်ခအနည်းဆုံးအသုံးပြုတဲ့အသင်းမှာ
ဘရန့်ဖို့ဒ်အသင်းဖြစ်ပြီးတစ်နှစ်အသုံးစရိတ်ပေါင်၃၀.၁၇၀သန်းတည်းသာရှိတာ
အံ့ဩသင့်ဖွယ်တွေ့ရပါတယ်။၎င်းတို့ဟာအသုံးစရိတ်အလွန်နည်းပါးပေမဲ့လည်း
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်ထားနိုင်တာတွေ့ရပါတယ်။
zawgyi
မန္ခ်က္ရဲ႕အသုံးစရိတ္က အမွတ္ေပးဖလားသိမ္းပိုက္ဖို႔တာစူေနတဲ့ ဂန္းနားေတြထက္ႏွစ္ဆမ်ားေန
အာဆင္နယ္ဟာခ်ဲလ္ဆီးႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ကစားသမား
လုပ္ခအသုံးျပဳမႈရဲ႕တစ္ဝက္မွ်သာအသုံးျပဳေပမဲ့လည္းယခုရာသီတြင္
ပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ကာ
ခ်န္ပီယံျဖစ္ရန္အေျခအေနေကာင္းေနပါတယ္။ အာဆင္နယ္ဟာ
ပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ေနၿပီးဒုတိယေနရာမွ
မန္စီးတီးကိုရမွတ္၅မွတ္ျဖတ္ထားႏိုင္ပါတယ္။ မီေခးလ္အာတီတာရဲ႕
အသင္းဟာအဆင့္၃ေနရာမွအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ကို
၁၆မွတ္အထိျဖတ္ထားႏိုင္ပါတယ္။ ဒါေပမဲ့အာဆင္နယ္ဟာလုပ္ခ
အသုံးျပဳမႈေပါင္၉၇.၈၇၈သန္းသာရွိပါတယ္။ ခ်ဲလ္ဆီးကေပါင္၂၁၂.၀၉၀သန္းျဖင့္
ပရီးမီးယားလိဂ္တြင္လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့အသင္းအျဖစ္
ရပ္တည္ေနၿပီးယူႏိုက္တက္ကေပါင္၂၁၁.၈၇၅ သန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။
လက္ရွိခ်န္ပီယံမန္စီးတီးကေပါင္၁၈၂.၆၄၀သန္းျဖင့္တတိယေနရာမွာ
ရပ္တည္ေနၿပီးလီဗာပူးကေပါင္၁၅၈.၇၈၈သန္းျဖင့္စတုတၳ၊
စပါးစ္ကေပါင္သန္း ၁၁၀.၄၃၈သန္းျဖင့္ပၪၥမအဆင့္ေနရာတို႔မွာအသီးသီးရပ္တည္ေနပါတယ္။
ပရီးမီးယားလိဂ္တြင္လုပ္ခအနည္းဆုံးအသုံးျပဳတဲ့အသင္းမွာ
ဘရန႔္ဖို႔ဒ္အသင္းျဖစ္ၿပီးတစ္ႏွစ္အသုံးစရိတ္ေပါင္၃၀.၁၇၀သန္းတည္းသာရွိတာ
အံ့ဩသင့္ဖြယ္ေတြ႕ရပါတယ္။၎တို႔ဟာအသုံးစရိတ္အလြန္နည္းပါးေပမဲ့လည္း
ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၈ေနရာမွာရပ္တည္ထားႏိုင္တာေတြ႕ရပါတယ္။