ယူနိုက်တက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိထားပြီးဖြစ်တယ်လို့ ဆီဗီလာ ဒုဥက္ကဋ္ဌကြုံးဝါး

ဆီဗီလာအသင်းဒုဥက္ကဋ္ဌဖြစ်သူ ဒယ်လ်နီဒိုကာရက်စ်ကိုက မန်ချက်စတာ

ယူနိုက်တက်အသင်းကို (၃)ကြိမ်စလုံး အနိုင်ယူခဲ့တာကြောင့် လာမယ့်ပွဲမှာ

အနိုင်ရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိထားတယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၆)ကြိမ်အထိဗိုလ်စွဲပြီး အောင်မြင်မှုအများဆုံးအသင်းအဖြစ်

ရပ်တည်နေတဲ့ ဆီဗီလာဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ထိပ်သီး

ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ

ဥရောပပြိုင်ပွဲတွေမှာ ဆီဗီလာနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး (၁)ပွဲမှ မနိုင်ခဲ့ပါဘူး။

နာမည်ကျော်နည်းပြဟောင်းမော်ရင်ဟိုလက်ထက် ၂၀၁၇-၁၈ ရာသီ

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ဆီဗီလာကို အဝေးကွင်းမှာ

ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးပြီး ၂၀၁၉-၂၀ ယူရိုပါလိဂ်ဆီမီး

ဖိုင်နယ်ပွဲမှာလည်း (၂-၁)ဂိုးနဲ့ ထပ်ရှုံးခဲ့ပါတယ်။ အဲဒါကြောင့် ကာရက်စ်ကိုက

“ယူနိုက်တက်နဲ့ မဆုံတွေ့ချင်ပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်တယ်ဆိုရင်တော့

ဘယ်လိုအသင်းကိုမဆို အနိုင်ယူမှဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဒီရာသီ

ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ မပါဝင်ဘဲ

ယူနိုက်တက်အသင်းက ကျွန်တော်တို့ထက် ဘတ်ဂျက် (၃)ဆအထိ

ပိုသုံးထားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ

ကျွန်တော်တို့ အောင်မြင်မှုမှတ်တမ်း စိုက်ထူထားသလို ယူနိုက်တက်

အသင်းကိုလည်း ချန်ပီယံလိဂ်မှာ (၁)ကြိမ်၊ ယူရိုပါလိဂ်မှာ (၁)ကြိမ်

ဖြုတ်ချခဲ့ဖူးပါတယ်။ ပထမအကျော့မှာ မရှုံးအောင်ကစားနိုင်ရင်

ဒုတိယအကျော့အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းရယူပြီးတော့

နောက်တစ်ဆင့်တက်နိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ကို ဘယ္လိုအႏိုင္ယူရမလဲဆိုတာ သိထားၿပီးျဖစ္တယ္လို႔ ဆီဗီလာ ဒုဥကၠ႒ႀကဳံးဝါး

ဆီဗီလာအသင္းဒုဥကၠ႒ျဖစ္သူ ဒယ္လ္နီဒိုကာရက္စ္ကိုက မန္ခ်က္စတာ

ယူႏိုက္တက္အသင္းကို (၃)ႀကိမ္စလုံး အႏိုင္ယူခဲ့တာေၾကာင့္ လာမယ့္ပြဲမွာ

အႏိုင္ရေအာင္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာ သိထားတယ္လို႔ ေႂကြးေၾကာ္လိုက္ပါတယ္။

ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ (၆)ႀကိမ္အထိဗိုလ္စြဲၿပီး ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္

ရပ္တည္ေနတဲ့ ဆီဗီလာဟာ ကြာတားဖိုင္နယ္အဆင့္မွာ ပရီးမီးယားလိဂ္ထိပ္သီး

ယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ဥေရာပၿပိဳင္ပြဲေတြမွာ ဆီဗီလာနဲ႔ (၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၁)ပြဲမွ မႏိုင္ခဲ့ပါဘူး။

နာမည္ေက်ာ္နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္ ၂၀၁၇-၁၈ ရာသီ

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက ဆီဗီလာကို အေဝးကြင္းမွာ

ဂိုးမရွိသေရ၊ အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးၿပီး ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္ဆီမီး

ဖိုင္နယ္ပြဲမွာလည္း (၂-၁)ဂိုးနဲ႔ ထပ္ရႈံးခဲ့ပါတယ္။ အဲဒါေၾကာင့္ ကာရက္စ္ကိုက

“ယူႏိုက္တက္နဲ႔ မဆုံေတြ႕ခ်င္ေပမယ့္ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲခ်င္တယ္ဆိုရင္ေတာ့

ဘယ္လိုအသင္းကိုမဆို အႏိုင္ယူမွျဖစ္မွာပါ။ ကြၽန္ေတာ္တို႔ဟာ ဒီရာသီ

ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့အသင္းေတြထဲမွာ မပါဝင္ဘဲ

ယူႏိုက္တက္အသင္းက ကြၽန္ေတာ္တို႔ထက္ ဘတ္ဂ်က္ (၃)ဆအထိ

ပိုသုံးထားတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ

ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈမွတ္တမ္း စိုက္ထူထားသလို ယူႏိုက္တက္

အသင္းကိုလည္း ခ်န္ပီယံလိဂ္မွာ (၁)ႀကိမ္၊ ယူ႐ိုပါလိဂ္မွာ (၁)ႀကိမ္

ျဖဳတ္ခ်ခဲ့ဖူးပါတယ္။ ပထမအေက်ာ့မွာ မရႈံးေအာင္ကစားႏိုင္ရင္

ဒုတိယအေက်ာ့အိမ္ကြင္းပြဲမွာ ရလဒ္ေကာင္းရယူၿပီးေတာ့

ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။