

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဒါလော့တ်ကို
ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်အသင်းတချို့ ပစ်မှတ်ထားနေကြပေမယ့်
ကစားသမားကတော့ အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဖို့အတွက်ကမ်းလှမ်းမှုကိုသာ
စောင့်မျှော်နေပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညာနောက်ခံလူ ဒါလော့တ်ဟာ ဒီရာသီမှာ ယူနိုက်တက်
အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲစလုံးမှာ ပါဝင်ခြေစွမ်းပြကစားခဲ့သလို ပြီးခဲ့တဲ့စနေနေ့က
ချက်အသင်းကို(၄-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ Nations League ပွဲမှာ ပေါ်တူဂီအတွက် (၂)ဂိုး
သွင်းယူခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် ဒါလော့တ်ကို ခေါ်ယူဖို့
ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊
အေစီမီလန်၊ ရိုးမားအသင်းတို့က ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။
ဒါလော့တ်ရဲ့လက်ရှိစာချုပ်က ဒီရာသီကုန်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး
နောက်ထပ်(၁၂)လသက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်တဲ့အတွက်
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်ခင် အဲဒီသဘောတူညီချက်ကို
အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။
Photos:Reuters,Manchester United,Daily Express,Getty Images
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူဒါေလာ့တ္ကို
ေခၚယူဖို႔ ဥေရာပထိပ္သီးကလပ္အသင္းတခ်ိဳ႕ ပစ္မွတ္ထားေနၾကေပမယ့္
ကစားသမားကေတာ့ အသင္းဘက္ကေန စာခ်ဳပ္သစ္ခ်ဳပ္ဖို႔အတြက္ကမ္းလွမ္းမႈကိုသာ
ေစာင့္ေမွ်ာ္ေနပါတယ္။
အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ညာေနာက္ခံလူ ဒါေလာ့တ္ဟာ ဒီရာသီမွာ ယူႏိုက္တက္
အသင္းအတြက္ ၿပိဳင္ပြဲစုံ(၈)ပြဲစလုံးမွာ ပါဝင္ေျခစြမ္းျပကစားခဲ့သလို ၿပီးခဲ့တဲ့စေနေန႔က
ခ်က္အသင္းကို(၄-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ Nations League ပြဲမွာ ေပၚတူဂီအတြက္ (၂)ဂိုး
သြင္းယူခဲ့ပါတယ္။
ဒီလိုေျခစြမ္းေကာင္းေတြျပသေနတာေၾကာင့္ ဒါေလာ့တ္ကို ေခၚယူဖို႔
ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကို၊
ေအစီမီလန္၊ ႐ိုးမားအသင္းတို႔က ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။
ဒါေလာ့တ္ရဲ႕လက္ရွိစာခ်ဳပ္က ဒီရာသီကုန္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး
ေနာက္ထပ္(၁၂)လသက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့ သေဘာတူညီခ်က္ပါဝင္တဲ့အတြက္
ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မပိတ္ခင္ အဲဒီသေဘာတူညီခ်က္ကို
အေကာင္အထည္ေဖာ္သြားဖို႔ရွိပါတယ္။
Photos:Reuters,Manchester United,Daily Express,Getty Images