ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ပျောက်နေမယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာမခံချက်မရှိဘူးလို့ မက်ဂွိုင်းယားကို ဆောက်ဂိတ် သတိပေး

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က နောက်ခံလူမက်ဂွိုင်းယားအနေနဲ့ အခုထက်ပိုပြီး
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပြင်ဆင်ဖို့နဲ့ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရအောင်
ကြိုးစားရမယ်လို့ သတိပေးလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ တနင်္ဂနွေနေ့တုန်းက ဂျာမနီနဲ့ကစားခဲ့တဲ့ Nations League ပွဲမှာ
(၃-၃)ဂိုးစီသရေကျခဲ့ပြီး မက်ဂွိုင်းယားရဲ့အမှားကနေ ပယ်နယ်တီပေးခဲ့ရတဲ့အတွက်
သူ့ကို ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

ဒီရာသီမှာ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် ကလပ်အသင်းမှာ
နည်းပြအဲရစ်တန်ဟက်က မက်ဂွိုင်းယားကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပြီး သူ
ပွဲထွက်ကစားခွင့်ရတဲ့ပွဲတိုင်းမှာလည်း ယူနိုက်တက်တို့ ရှုံးပွဲတွေ့ခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာတော့ မက်ဂွိုင်းယားဟာ အဓိကနောက်ခံလူတစ်ဦးအဖြစ်ပါဝင်ခွင့်
ရနေဆဲဖြစ်ပေမယ့် သူ့ရဲ့လက်ရှိခြေစွမ်းအရသာမက ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်
ပျောက်ဆုံးနေတာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အတွက်
စိုးရိမ်စရာဖြစ်နေပါတယ်။

အဲဒါကြောင့် ဆောက်ဂိတ်က “မက်ဂွိုင်းယားဟာ ကျွန်တော့်အတွက် အရေးပါတဲ့ကစားသမားတစ်ဦး
ဖြစ်တယ်လို့ ပြောနေကြပါတယ်။ အမှန်က မက်ဂွိုင်းယားဟာ ကျွန်တော့်အတွက်မဟုတ်ဘဲ
အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးလို့ သတ်မှတ်ရမှာပါ။ အသင်းရဲ့အဓိက
ကစားသမားတစ်ဦးအနေနဲ့ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့၊ ကိုယ့်ကိုယ်ကို
ယုံကြည်မှုအပြည့်နဲ့ကစားနိုင်ဖို့ လိုအပ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Photos:The Sun,90min,Getty Images,Football365,Pundit Arena

[Zawgyi]

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ေနာက္ခံလူမက္ဂြိဳင္းယားအေနနဲ႔ အခုထက္ပိုၿပီး
ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိေအာင္ျပင္ဆင္ဖို႔နဲ႔ ကလပ္အသင္းမွာ ပုံမွန္ကစားခြင့္ရေအာင္
ႀကိဳးစားရမယ္လို႔ သတိေပးလိုက္ပါတယ္။

အဂၤလန္အသင္းဟာ တနဂၤေႏြေန႔တုန္းက ဂ်ာမနီနဲ႔ကစားခဲ့တဲ့ Nations League ပြဲမွာ
(၃-၃)ဂိုးစီသေရက်ခဲ့ၿပီး မက္ဂြိဳင္းယားရဲ႕အမွားကေန ပယ္နယ္တီေပးခဲ့ရတဲ့အတြက္
သူ႔ကို ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ေဝဖန္ေနၾကပါတယ္။

ဒီရာသီမွာ မက္ဂြိဳင္းယားရဲ႕ စြမ္းေဆာင္ရည္က်ဆင္းေနတာေၾကာင့္ ကလပ္အသင္းမွာ
နည္းျပအဲရစ္တန္ဟက္က မက္ဂြိဳင္းယားကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့ၿပီး သူ
ပြဲထြက္ကစားခြင့္ရတဲ့ပြဲတိုင္းမွာလည္း ယူႏိုက္တက္တို႔ ရႈံးပြဲေတြ႕ခဲ့ပါတယ္။

အဂၤလန္အသင္းမွာေတာ့ မက္ဂြိဳင္းယားဟာ အဓိကေနာက္ခံလူတစ္ဦးအျဖစ္ပါဝင္ခြင့္
ရေနဆဲျဖစ္ေပမယ့္ သူ႔ရဲ႕လက္ရွိေျခစြမ္းအရသာမက ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္
ေပ်ာက္ဆုံးေနတာက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္အတြက္
စိုးရိမ္စရာျဖစ္ေနပါတယ္။

အဲဒါေၾကာင့္ ေဆာက္ဂိတ္က “မက္ဂြိဳင္းယားဟာ ကြၽန္ေတာ့္အတြက္ အေရးပါတဲ့ကစားသမားတစ္ဦး
ျဖစ္တယ္လို႔ ေျပာေနၾကပါတယ္။ အမွန္က မက္ဂြိဳင္းယားဟာ ကြၽန္ေတာ့္အတြက္မဟုတ္ဘဲ
အသင္းအတြက္အေရးပါတဲ့ကစားသမားတစ္ဦးလို႔ သတ္မွတ္ရမွာပါ။ အသင္းရဲ႕အဓိက
ကစားသမားတစ္ဦးအေနနဲ႔ ကလပ္အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔၊ ကိုယ့္ကိုယ္ကို
ယုံၾကည္မႈအျပည့္နဲ႔ကစားႏိုင္ဖို႔ လိုအပ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

Photos:The Sun,90min,Getty Images,Football365,Pundit Arena