ယူနိုက်တက်ယူ-၂၁ အတွက်ခြေစွမ်းပြပြီး သူ့ကို မေ့မထားဖို့ အဲရစ်တန်ဟက်ကို သတိပေးလိုက်တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြကစားပြီး နည်းပြအဲရစ်တန်ဟက်အနေနဲ့ စီနီယာအသင်းအတွက် သူ့ကို မေ့မထားဖို့ သတိပေးလိုက်ပါတယ်။ Papa John’s Trophy ပွဲစဉ်အဖြစ် ကာလီဆေးအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက် ယူ-၂၁ အသင်းအတွက် ဂါနာချို ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

Brunton Park မှာကစားခဲ့တဲ့ ဒီပွဲကို ယူနိုက်တက်ပရိသတ်(၄၅၀)အထိလာကြည့်ခဲ့ပြီး ယူနိုက်တက်အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ ချာလီမက်နေးလ်၊ အိုမာရီဖော်ဆန်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အခုပွဲမှာ ယူနိုက်တက်လူငယ်ကစားသမားလေးတွေ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ကြပေမယ့် ပရိသတ်တွေကတော့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုရဲ့စွမ်းဆောင်ရည်ကို အကြိုက်ဆုံးဖြစ်နေကြပါတယ်။ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ သူ့ရဲ့ဘောလုံးစွမ်းရည်ပြသပြီးတော့ အသင်းဖော်မက်နေးလ် အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ယူ-၁၈ (၁)နှစ်တာအကောင်းဆုံးလူငယ်ဘောလုံးသမားဆုရရှိခဲ့သူ ဂါနာချိုဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဗယ်လက်ကာနိုနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး သူ့ရဲ့ခြေစွမ်းကို ပရိသတ်တွေသာမက နည်းပြအဲရစ်တန်ဟက်ကိုယ်တိုင် ချီးကျူးရတဲ့အထိ ကစားနိုင်ခဲ့ပါတယ်။ ဂါနာချိုဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေအတွက် လူစာရင်းမှာရွေးချယ်ခံခဲ့ရပေမယ့် တစ်ပွဲမှ ပါဝင်ကစားခွင့်မရသေးပါဘူး။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က အေဂျက်စ်တိုက်စစ်ကစားသမားအန်တိုနီကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ဂါနာချိုအတွက် နေရာတစ်ခုရဖို့ အချိန်ယူရမှာဖြစ်ပေမယ့် သူ့ရဲ့လက်ရှိခြေစွမ်းကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့က သိပ်မကြာတော့ဘူးလို့ ပြောရမှာပါ။

Photo:Getty Images,SPORTbible

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္လူငယ္တိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ ယူ-၂၁ အသင္းအတြက္ ေျခစြမ္းျပကစားၿပီး နည္းျပအဲရစ္တန္ဟက္အေနနဲ႔ စီနီယာအသင္းအတြက္ သူ႔ကို ေမ့မထားဖို႔ သတိေပးလိုက္ပါတယ္။ Papa John’s Trophy ပြဲစဥ္အျဖစ္ ကာလီေဆးအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ ယူ-၂၁ အသင္းအတြက္ ဂါနာခ်ိဳ ပါဝင္ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

Brunton Park မွာကစားခဲ့တဲ့ ဒီပြဲကို ယူႏိုက္တက္ပရိသတ္(၄၅၀)အထိလာၾကည့္ခဲ့ၿပီး ယူႏိုက္တက္အသင္းက လူငယ္ကစားသမားေတြျဖစ္တဲ့ ခ်ာလီမက္ေနးလ္၊ အိုမာရီေဖာ္ဆန္တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။ အခုပြဲမွာ ယူႏိုက္တက္လူငယ္ကစားသမားေလးေတြ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ၾကေပမယ့္ ပရိသတ္ေတြကေတာ့ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳရဲ႕စြမ္းေဆာင္ရည္ကို အႀကိဳက္ဆုံးျဖစ္ေနၾကပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘယ္ေတာင္ပံတိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ သူ႔ရဲ႕ေဘာလုံးစြမ္းရည္ျပသၿပီးေတာ့ အသင္းေဖာ္မက္ေနးလ္ အဖြင့္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီက ယူ-၁၈ (၁)ႏွစ္တာအေကာင္းဆုံးလူငယ္ေဘာလုံးသမားဆုရရွိခဲ့သူ ဂါနာခ်ိဳဟာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ဗယ္လက္ကာႏိုနဲ႔ကစားခဲ့တဲ့ပြဲမွာ ယူႏိုက္တက္စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းကို ပရိသတ္ေတြသာမက နည္းျပအဲရစ္တန္ဟက္ကိုယ္တိုင္ ခ်ီးက်ဴးရတဲ့အထိ ကစားႏိုင္ခဲ့ပါတယ္။ ဂါနာခ်ိဳဟာ ဒီရာသီပရီးမီးယားလိဂ္ပြဲေတြအတြက္ လူစာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ တစ္ပြဲမွ ပါဝင္ကစားခြင့္မရေသးပါဘူး။

ယူႏိုက္တက္အသင္းဟာ မၾကာေသးခင္က ေအဂ်က္စ္တိုက္စစ္ကစားသမားအန္တိုနီကို ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္ ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ အီလန္ဂါတို႔ရွိေနတဲ့ တိုက္စစ္ပိုင္းမွာ ဂါနာခ်ိဳအတြက္ ေနရာတစ္ခုရဖို႔ အခ်ိန္ယူရမွာျဖစ္ေပမယ့္ သူ႔ရဲ႕လက္ရွိေျခစြမ္းကိုသာ ဆက္ထိန္းႏိုင္မယ္ဆိုရင္ စီနီယာအသင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔က သိပ္မၾကာေတာ့ဘူးလို႔ ေျပာရမွာပါ။

Photo:Getty Images,SPORTbible