” ယူနိုက်တက်အသင်းအနေနဲ့ အဆင့်လေးအတွင်း ဝင်ဖို့ အခက်တွေ့နိုင်တယ် ” _ ကာရေဂါ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ

ဆက်တိုက် ရရှိနေပြီး ဖလားတစ်လုံးကိုပါ သိမ်းပိုက်ထားပေမယ့်

ရာသီအကုန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်လေးအတွင်း

သေချာပေါက် ဝင်ဖို့ အာမခံချက်မရှိကြောင်း ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့

လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်သုံးနေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့်

နယူးကာဆယ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂-၁ နဲ့

အနိုင်ရခဲ့ပြီးတဲ့နောက် မန်ယူအသင်းနဲ့ သုံးမှတ်သာကွာဟတော့တာဖြစ်ကာ

စပါးအသင်းကလည်း ကြားထဲမှာ ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းနဲ့

ဘရိုက်တန်အသင်း တို့ကလည်း အဆင့်လေးအတွင်း ဝင်နိုင်ဖို့ ကြိုးစားလျက်ရှိနေပြီး

ရမှတ်အားဖြင့်လည်း မန်ယူအသင်းနဲ့ ရှစ်မှတ်ခန့်သာ ကွာဟတာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ကာရေဂါက ” အချိန်အတော်ကြာ မန်ယူက

အဆင့်လေးအတွင်း သေချာပေါက် ဝင်လိမ့်မယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့တယ်။

နဗီးလ်ဆိုရင် အဆင့်နှစ် ရမယ်လို့အထိပါ ပြောခဲ့တာပါ။ ဒါပေမယ့် အခုတော့

အဆင့်လေးအတွင်း ဝင်ဖို့အတွက် သူတို့တွေ တကယ့်တိုက်ပွဲအစစ်နဲ့ ကြုံရ‌တော့မယ်၊

အထူးသဖြင့် နယူးကာဆယ်က မန်ယူအသင်းနဲ့ နောက်ပွဲမှာ ကစားရမာကြောင့်ပါ။

စပါးအတွက် အားသာတာက သူတို့ဟာ နယူးကာဆယ်နဲ့ကော၊ ယူနိုက်တက်နဲ့ကော

ကစားရဖို့ ရှိနေတာပါ။ လီဗာပူးလ်နဲ့ စပါးတို့မှာက နှစ်သင်းစလုံးမှာ

မငြိမ်သက်မှုတွေ အနည်းငယ် ရှိနေသလိုပဲ၊ နယူးမှာကျ ဒီလိုမျိုး မမြင်ရဘူး။

သူတို့က ပွဲကိုမနိုင်ရင်တောင်၊ အရမ်းကောင်းတဲ့ ခြေစွမ်းကို ပြနိင်တယ်။

သူတို့ကို ကျွန်တော် ရှားရှားပါးပါး သိပ်ပြီးတော့တောင် မကြည့်ဖြစ်ပါဘူး၊

ပြိးတော့ အထင်လည်းမကြီးဘူး။ သူတို့ ကောင်းကောင်းလုပ်ပြနေတယ်ဆိုပေမယ့်

နောက်နှစ် အဲ့ဒီမှာ သူတို့ ရှိနေမယ်လို့ မဆိုလိုဘူး။ ချယ်လ်ဆီးနဲ့ စပါးတို့က

နောက်ရာသီမှာ အများကြီးပိုအားကောင်းလာလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။

zawgyi

” ယူႏိုက္တက္အသင္းအေနနဲ႔ အဆင့္ေလးအတြင္း ဝင္ဖို႔ အခက္ေတြ႕ႏိုင္တယ္ ” _ ကာေရဂါ

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ ေျခစြမ္းေကာင္းေတြ

ဆက္တိုက္ ရရွိေနၿပီး ဖလားတစ္လုံးကိုပါ သိမ္းပိုက္ထားေပမယ့္

ရာသီအကုန္မွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ေလးအတြင္း

ေသခ်ာေပါက္ ဝင္ဖို႔ အာမခံခ်က္မရွိေၾကာင္း ဆိုပါတယ္။ မန္ယူအသင္းအေနနဲ႔

လက္ရွိအမွတ္ေပးဇယားရဲ႕ အဆင့္သုံးေနရာမွာ ရပ္တည္ေနတယ္ဆိုေပမယ့္

နယူးကာဆယ္အသင္းက ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို ၂-၁ နဲ႔

အႏိုင္ရခဲ့ၿပီးတဲ့ေနာက္ မန္ယူအသင္းနဲ႔ သုံးမွတ္သာကြာဟေတာ့တာျဖစ္ကာ

စပါးအသင္းကလည္း ၾကားထဲမွာ ရွိေနပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းနဲ႔

ဘ႐ိုက္တန္အသင္း တို႔ကလည္း အဆင့္ေလးအတြင္း ဝင္ႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိေနၿပီး

ရမွတ္အားျဖင့္လည္း မန္ယူအသင္းနဲ႔ ရွစ္မွတ္ခန႔္သာ ကြာဟတာ ျဖစ္ပါတယ္။

ထို႔အတြက္ေၾကာင့္ ကာေရဂါက ” အခ်ိန္အေတာ္ၾကာ မန္ယူက

အဆင့္ေလးအတြင္း ေသခ်ာေပါက္ ဝင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ခံစားမိခဲ့တယ္။

နဗီးလ္ဆိုရင္ အဆင့္ႏွစ္ ရမယ္လို႔အထိပါ ေျပာခဲ့တာပါ။ ဒါေပမယ့္ အခုေတာ့

အဆင့္ေလးအတြင္း ဝင္ဖို႔အတြက္ သူတို႔ေတြ တကယ့္တိုက္ပြဲအစစ္နဲ႔ ႀကဳံရ‌ေတာ့မယ္၊

အထူးသျဖင့္ နယူးကာဆယ္က မန္ယူအသင္းနဲ႔ ေနာက္ပြဲမွာ ကစားရမာေၾကာင့္ပါ။

စပါးအတြက္ အားသာတာက သူတို႔ဟာ နယူးကာဆယ္နဲ႔ေကာ၊ ယူႏိုက္တက္နဲ႔ေကာ

ကစားရဖို႔ ရွိေနတာပါ။ လီဗာပူးလ္နဲ႔ စပါးတို႔မွာက ႏွစ္သင္းစလုံးမွာ

မၿငိမ္သက္မႈေတြ အနည္းငယ္ ရွိေနသလိုပဲ၊ နယူးမွာက် ဒီလိုမ်ိဳး မျမင္ရဘူး။

သူတို႔က ပြဲကိုမႏိုင္ရင္ေတာင္၊ အရမ္းေကာင္းတဲ့ ေျခစြမ္းကို ျပနိင္တယ္။

သူတို႔ကို ကြၽန္ေတာ္ ရွားရွားပါးပါး သိပ္ၿပီးေတာ့ေတာင္ မၾကည့္ျဖစ္ပါဘူး၊

ၿပိးေတာ့ အထင္လည္းမႀကီးဘူး။ သူတို႔ ေကာင္းေကာင္းလုပ္ျပေနတယ္ဆိုေပမယ့္

ေနာက္ႏွစ္ အဲ့ဒီမွာ သူတို႔ ရွိေနမယ္လို႔ မဆိုလိုဘူး။ ခ်ယ္လ္ဆီးနဲ႔ စပါးတို႔က

ေနာက္ရာသီမွာ အမ်ားႀကီးပိုအားေကာင္းလာလိမ့္မယ္ ” လို႔ ဆိုခဲ့ပါတယ္။