

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွေ့ပြီးနောက်
နည်းပြသစ် ရောဘတ်တို မာတီးနက်ရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ
ဆက်လက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးမီက
ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်တွေမှာ ခြေစွမ်းပြသွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။
လက်ချင်စတိန်ကို ( ၄-၀ ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့သလို
လူဇင်ဘတ်ကို ( ၆-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း နောက်ထပ်
( ၂ ) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်း ( ၄ ) ဂိုးဖြင့်
ယူရိုခြေစစ်ပွဲ ထိပ်တန်းသွင်းဂိုးရှင်စာရင်းမှာ ဒုတိယနေရာ
ရပ်တည်လျက်ရှိပါတယ်။ အံ့အားသင့်စရာကောင်းတာက မန်ချက်စတာ
ယူနိုက်တက် ကွင်းလယ်လူ စကော့ မက်တွမ်မီနေးကလည်း
စုစုပေါင်း ( ၄ ) ဂိုးဖြင့် ရော်နယ်ဒိုနဲ့အတူ ထိပ်တန်း ဂိုးသွင်းရှင်စာရင်း
ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ တွမ်မီနေးဟာ မနေ့ညက
ယူရိုခြေစစ်ပွဲမှာ စကော့တလန်အသင်းအတွက် ( ၂ ) ဂိုးသွင်းယူခဲ့ပြီး
စပိန်ကို ( ၂-၀ ) အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
ဒါ့အပြင် တွမ်မီနေးဟာ စနေနေ့တုန်းက ဆိုက်ပရပ်စ်ကို ( ၃-၀ )
အနိုင်ရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာလည်း ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။
ဒါကြောင့် ယူနိုက်တက် ပရိသတ်တွေက လာမယ့် နွေရာသီမှာ
ဟယ်ရီကိန်း ၊ အိုစီမင်တို့ကို ခေါ်ယူစရာမလိုတော့ပဲ တွမ်မီနေးကိုပဲ
အထောင် တိုက်စစ်မှူးနေရာ အသုံးပြုသင့်နေပြီလို့ ဟာသနှောပြောဆိုလျက်ရှိကြပါတယ်။
zawgyi
ယူ႐ိုေျခစစ္ပြဲရဲ႕ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ဒိုေလးနဲ႔အတူရပ္တည္ေနတဲ့ သရဲနီတပ္သား
ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ြ႕ၿပီးေနာက္
နည္းျပသစ္ ေရာဘတ္တို မာတီးနက္ရဲ႕ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာ
ဆက္လက္ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။ ေရာ္နယ္ဒိုဟာ မၾကာေသးမီက
ကစားခဲ့တဲ့ ယူ႐ိုေျခစစ္ပြဲစဥ္ေတြမွာ ေျခစြမ္းျပသြင္းဂိုးေတြ ရယူႏိုင္ခဲ့ပါတယ္။
လက္ခ်င္စတိန္ကို ( ၄-၀ ) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္တြင္ ( ၂ ) ဂိုး သြင္းယူႏိုင္ခဲ့သလို
လူဇင္ဘတ္ကို ( ၆-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာလည္း ေနာက္ထပ္
( ၂ ) ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ စုစုေပါင္း ( ၄ ) ဂိုးျဖင့္
ယူ႐ိုေျခစစ္ပြဲ ထိပ္တန္းသြင္းဂိုးရွင္စာရင္းမွာ ဒုတိယေနရာ
ရပ္တည္လ်က္ရွိပါတယ္။ အံ့အားသင့္စရာေကာင္းတာက မန္ခ်က္စတာ
ယူႏိုက္တက္ ကြင္းလယ္လူ စေကာ့ မက္တြမ္မီေနးကလည္း
စုစုေပါင္း ( ၄ ) ဂိုးျဖင့္ ေရာ္နယ္ဒိုနဲ႔အတူ ထိပ္တန္း ဂိုးသြင္းရွင္စာရင္း
ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ တြမ္မီေနးဟာ မေန႔ညက
ယူ႐ိုေျခစစ္ပြဲမွာ စေကာ့တလန္အသင္းအတြက္ ( ၂ ) ဂိုးသြင္းယူခဲ့ၿပီး
စပိန္ကို ( ၂-၀ ) အႏိုင္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။
ဒါ့အျပင္ တြမ္မီေနးဟာ စေနေန႔တုန္းက ဆိုက္ပရပ္စ္ကို ( ၃-၀ )
အႏိုင္ရခဲ့တဲ့ အဖြင့္ပြဲစဥ္မွာလည္း ( ၂ ) ဂိုး သြင္းယူႏိုင္ခဲ့ပါေသးတယ္။
ဒါေၾကာင့္ ယူႏိုက္တက္ ပရိသတ္ေတြက လာမယ့္ ေႏြရာသီမွာ
ဟယ္ရီကိန္း ၊ အိုစီမင္တို႔ကို ေခၚယူစရာမလိုေတာ့ပဲ တြမ္မီေနးကိုပဲ
အေထာင္ တိုက္စစ္မႉးေနရာ အသုံးျပဳသင့္ေနၿပီလို႔ ဟာသေႏွာေျပာဆိုလ်က္ရွိၾကပါတယ္။