သရဲနီပစ်မှတ် မေဆင်မောင့် အသင်းပြောင်းဖို့ တာစူနေပြီ။

မန်ချက်စတာယူနိုက်တက်နှင့်လီဗာပူးတို့ရဲ့ပစ်မှတ်မေဆင်မောင့်ဟာ

လာမယ့်နွေရာသီတွင်ချဲလ်ဆီးမှထွက်ခွာရေးအတွက်စတင်

လုပ်ဆောင်နေပြီဖြစ်နေပြီဖြစ်ပါတယ်။ အသက်၂၄နှစ်ရှိအင်္ဂလန်

လက်ရွေးစင်အလယ်တန်းကစားသမားဟာ၂၀၂၄ခုနှစ်၊ဇွန်လတွင်

ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေး

ဆွေးနွေးမှုများပြုလုပ်နေပါတယ်။ မေဆင်မောင့်ဟာလက်ရှိအချိန်တွင်

ချဲလ်ဆီးမှာတစ်ပတ်လုပ်ခပေါင်၈၀၀၀၀ဝန်းကျင်ရရှိနေသူဖြစ်ပြီး

ချဲလ်ဆီးကကမ်းလှမ်းထားတဲ့စာချုပ်သစ်အရလုပ်ခများစွာတိုးမြှင့်ရရှိလာပါမယ်။

ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြလာမှုအရမေဆင်မောင့်ဟာအေးဂျင့်သစ်

ခန့်အပ်လာမှုနှင့်အတူအသင်းပြောင်းရွှေ့ရေးလုပ်ဆောင်လာဖို့ရှိနေကြောင်းသိရပါတယ်။

မေဆင်မောင့်ဟာ Wasserman Media Group တွင်အလုပ်လုပ်ခဲ့ဖူးတဲ့

နေးလ်ဖီဝင်းကိုအေးဂျင့်အဖြစ်ခန့်အပ်လိုက်တာလည်းဖြ့စ်ပါတယ်။

ချဲလ်ဆီးဟာလာမယ့်နွေရာသီအတွင်းတွင်မေဆင်မောင့်ကိုစာချုပ်သစ်

ချုပ်ဆိုရေးအပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပြီးမဖြစ်မြောက်လာပါက

အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်လာမှာမဟုတ်ဘဲရောင်းချသွားပါမယ်။

ယခင်တုန်းကမေဆင်မောင့်ရဲ့အေးဂျင့်အဖြစ်ဖခင်ဖြစ်သူ တိုနီက

လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်တွင်မေဆင်မောင့်ရဲ့

အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးကပေါင်သန်း၅၀ဝန်းကျင့်ရှိပါတယ်။

zawgyi

သရဲနီပစ္မွတ္ ေမဆင္ေမာင့္ အသင္းေျပာင္းဖို႔ တာစူေနၿပီ။

မန္ခ်က္စတာယူႏိုက္တက္ႏွင့္လီဗာပူးတို႔ရဲ႕ပစ္မွတ္ေမဆင္ေမာင့္ဟာ

လာမယ့္ေႏြရာသီတြင္ခ်ဲလ္ဆီးမွထြက္ခြာေရးအတြက္စတင္

လုပ္ေဆာင္ေနၿပီျဖစ္ေနၿပီျဖစ္ပါတယ္။ အသက္၂၄ႏွစ္ရွိအဂၤလန္

လက္ေ႐ြးစင္အလယ္တန္းကစားသမားဟာ၂၀၂၄ခုႏွစ္၊ဇြန္လတြင္

ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး

ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။ ေမဆင္ေမာင့္ဟာလက္ရွိအခ်ိန္တြင္

ခ်ဲလ္ဆီးမွာတစ္ပတ္လုပ္ခေပါင္၈၀၀၀၀ဝန္းက်င္ရရွိေနသူျဖစ္ၿပီး

ခ်ဲလ္ဆီးကကမ္းလွမ္းထားတဲ့စာခ်ဳပ္သစ္အရလုပ္ခမ်ားစြာတိုးျမႇင့္ရရွိလာပါမယ္။

ဒါေပမဲ့ Daily Mail ရဲ႕ေဖာ္ျပလာမႈအရေမဆင္ေမာင့္ဟာေအးဂ်င့္သစ္

ခန႔္အပ္လာမႈႏွင့္အတူအသင္းေျပာင္းေ႐ႊ႕ေရးလုပ္ေဆာင္လာဖို႔ရွိေနေၾကာင္းသိရပါတယ္။

ေမဆင္ေမာင့္ဟာ Wasserman Media Group တြင္အလုပ္လုပ္ခဲ့ဖူးတဲ့

ေနးလ္ဖီဝင္းကိုေအးဂ်င့္အျဖစ္ခန႔္အပ္လိုက္တာလည္းျဖ့စ္ပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ေႏြရာသီအတြင္းတြင္ေမဆင္ေမာင့္ကိုစာခ်ဳပ္သစ္

ခ်ဳပ္ဆိုေရးအၿပီးသတ္လုပ္ေဆာင္သြားမွာျဖစ္ၿပီးမျဖစ္ေျမာက္လာပါက

အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္လာမွာမဟုတ္ဘဲေရာင္းခ်သြားပါမယ္။

ယခင္တုန္းကေမဆင္ေမာင့္ရဲ႕ေအးဂ်င့္အျဖစ္ဖခင္ျဖစ္သူ တိုနီက

လုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္တြင္ေမဆင္ေမာင့္ရဲ႕

အေျပာင္းအေ႐ႊ႕ေဈးကြက္တန္ဖိုးကေပါင္သန္း၅၀ဝန္းက်င့္ရွိပါတယ္။