သရဲနီဖန်အကြီးစားဖြစ်နေတဲ့ ဟာလန်း လက်သစ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရေရှည်အသုံးပြုနိုင်မယ့်

အထောင် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး နွေရာသီ အပြောင်းအရွေ့ကာလ

တဖြည်းဖြည်း နီးစပ်လာတာနဲ့အမျှ ကောလဟာလသတင်းတွေကလည်း

ဆက်လက်ထွက်ပေါ်နေပါတယ်။ ယူနိုက်တက် ခေါ်ယူဖို့ အလားအလာရှိတဲ့

တိုက်စစ်မှူးစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြသူတွေကတော့

ဟယ်ရီကိန်း နှင့် ဗစ်တာ အိုစီမင်တို့ ဖြစ်ကြပြီး သူတို့က အသင်းအတွက်

စံချိန်တင် ပြောင်းရွေ့ကြေး ကုန်ကျပါလိမ့်မယ်။ ယူနိုက်တက်က ကစားသမား

တစ်ဦးအတွက် ပေါင် ( ၈၉ ) သန်းထက်ပိုပြီး အသုံးမပြုဖူးသေးပါဘူး။

ဒါပေမယ့် လာမယ့်နှစ်တွေမှာ အာလင်း ဟာလန်းလိုမျိုး ကမ္ဘာ့အဆင့်

တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမယ်ဆိုရင်တော့ ဒီထက်များတဲ့ ပမာဏကို

အသုံးပြုဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ

အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူရုံသာမကပဲ ဆယ်စုနှစ်တစ်ခုကျော်ထိ

ထိပ်တန်းအဆင့်မှာ ကစားပြနိုင်မယ့် အလားအလာရှိတဲ့ ကြယ်ပွင့်

တိုက်စစ်မှူးတစ်ဦးကိုပါ ခေါ်ယူနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဒါကလည်း အပြောသာ လွယ်တာဖြစ်ပါတယ်။ ယူနိုက်တက်လို

ဖိအားများတဲ့ အသင်းမှာ အောင်မြင်လိမ့်မယ်လို့ တရားသေသတ်မှတ်ပြီး

ပြောင်းရွေ့ကြေး မြောက်များစွာပေးကာ ပုံအောလိုက်လို့ မရပါဘူး။

ဒါပေမယ့် ယူနိုက်တက် စွန့်စားသင့်တဲ့ ကစားသမားတစ်ဦး ရှိနေပါတယ်။

သူကတော့ ဟာ့စ်မူ ဟွိုင်လန် ( Rasmus Højlund ) ပဲ ဖြစ်ပါတယ်။

အသက် ( ၂၀ ) အရွယ် တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ( ၁ ) နှစ်‌ကျော်တုန်းက

သြစတြီးယားကလပ် Sturm Graz ကနေ စီးရီးအေကလပ် အတ္တလန္တာ

အသင်းထံ ယူရို ( ၁၇ ) သန်းဖြင့် ပြောင်းရွေ့လာခဲ့ပြီး ပထမဆုံးရာသီမှာပဲ

( ၃၃ ) ပွဲကစားရာတွင် ( ၁၄ ) ဂိုး သွင်းကာ ( ၅ ) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်တုန်းက ယူရိုခြေစစ်ပွဲမှာ ဖင်လန်အသင်းကို

အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဒိန်းမတ်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်

သတင်းခေါင်းကြီးပိုင်းမှာ ပိုမိုနာမည်ကြီးလာခဲ့ပါတယ်။

အတ္တလန္တာအသင်းက ပြီးခဲ့တဲ့ နွေရာသီတုန်းက သူတို့ ပေးချေထားရတဲ့

ပြောင်းရွေ့ကြေး ပမာဏထက် ပိုမိုအလိုရှိနေမှာသေချာပြီး ယူရို

သန်း ( ၃၀ ) ဝန်းကျင်နဲ့ ခေါ်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့

ဟွိုင်လန် ကို ခေါ်ယူတဲ့နေရာမှာ အားသာချက်တစ်ခုရှိနေပါတယ်။

ယခုနှစ် အစောပိုင်းတုန်းက အင်တာဗျူးမှာ ဟွိုင်လန်ဟာ

“ ခင်ဗျားတို့က မေးပြီဆိုတော့ ကျွန်တော်လည်း မန်ချက်စတာ ယူနိုက်တက်

ပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်မနေတော့ပါဘူး ။” လို့

ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဟွိုင်လန်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု

လျင်မြန်မှုတွေကြောင့် မန်ချက်စတာ စီးတီးတိုက်စစ်မှူး အာလင်း

ဟာလန်းနဲ့တောင် နှိုင်းယှဉ်ခြင်း ခံနေရပါတယ်။

zawgyi

သရဲနီဖန္အႀကီးစားျဖစ္ေနတဲ့ ဟာလန္း လက္သစ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေရရွည္အသုံးျပဳႏိုင္မယ့္

အေထာင္ တိုက္စစ္မႉးတစ္ဦး ရွာေဖြေနၿပီး ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလ

တျဖည္းျဖည္း နီးစပ္လာတာနဲ႔အမွ် ေကာလဟာလသတင္းေတြကလည္း

ဆက္လက္ထြက္ေပၚေနပါတယ္။ ယူႏိုက္တက္ ေခၚယူဖို႔ အလားအလာရွိတဲ့

တိုက္စစ္မႉးစာရင္းရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနၾကသူေတြကေတာ့

ဟယ္ရီကိန္း ႏွင့္ ဗစ္တာ အိုစီမင္တို႔ ျဖစ္ၾကၿပီး သူတို႔က အသင္းအတြက္

စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကး ကုန္က်ပါလိမ့္မယ္။ ယူႏိုက္တက္က ကစားသမား

တစ္ဦးအတြက္ ေပါင္ ( ၈၉ ) သန္းထက္ပိုၿပီး အသုံးမျပဳဖူးေသးပါဘူး။

ဒါေပမယ့္ လာမယ့္ႏွစ္ေတြမွာ အာလင္း ဟာလန္းလိုမ်ိဳး ကမာၻ႔အဆင့္

တိုက္စစ္မႉးတစ္ဦးကို ေခၚယူမယ္ဆိုရင္ေတာ့ ဒီထက္မ်ားတဲ့ ပမာဏကို

အသုံးျပဳဖို႔ လိုအပ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ လာမယ့္ေႏြရာသီမွာ

အေထာင္တိုက္စစ္မႉးတစ္ဦး ေခၚယူ႐ုံသာမကပဲ ဆယ္စုႏွစ္တစ္ခုေက်ာ္ထိ

ထိပ္တန္းအဆင့္မွာ ကစားျပႏိုင္မယ့္ အလားအလာရွိတဲ့ ၾကယ္ပြင့္

တိုက္စစ္မႉးတစ္ဦးကိုပါ ေခၚယူႏိုင္ရင္ေတာ့ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

ဒါေပမယ့္ ဒါကလည္း အေျပာသာ လြယ္တာျဖစ္ပါတယ္။ ယူႏိုက္တက္လို

ဖိအားမ်ားတဲ့ အသင္းမွာ ေအာင္ျမင္လိမ့္မယ္လို႔ တရားေသသတ္မွတ္ၿပီး

ေျပာင္းေ႐ြ႕ေၾကး ေျမာက္မ်ားစြာေပးကာ ပုံေအာလိုက္လို႔ မရပါဘူး။

ဒါေပမယ့္ ယူႏိုက္တက္ စြန႔္စားသင့္တဲ့ ကစားသမားတစ္ဦး ရွိေနပါတယ္။

သူကေတာ့ ဟာ့စ္မူ ဟြိဳင္လန္ ( Rasmus Højlund ) ပဲ ျဖစ္ပါတယ္။

အသက္ ( ၂၀ ) အ႐ြယ္ တိုက္စစ္မႉးဟာ လြန္ခဲ့တဲ့ ( ၁ ) ႏွစ္‌ေက်ာ္တုန္းက

ၾသစႀတီးယားကလပ္ Sturm Graz ကေန စီးရီးေအကလပ္ အတၱလႏၲာ

အသင္းထံ ယူ႐ို ( ၁၇ ) သန္းျဖင့္ ေျပာင္းေ႐ြ႕လာခဲ့ၿပီး ပထမဆုံးရာသီမွာပဲ

( ၃၃ ) ပြဲကစားရာတြင္ ( ၁၄ ) ဂိုး သြင္းကာ ( ၅ ) ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ အပတ္တုန္းက ယူ႐ိုေျခစစ္ပြဲမွာ ဖင္လန္အသင္းကို

အႏိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္း ဒိန္းမတ္အတြက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္

သတင္းေခါင္းႀကီးပိုင္းမွာ ပိုမိုနာမည္ႀကီးလာခဲ့ပါတယ္။

အတၱလႏၲာအသင္းက ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက သူတို႔ ေပးေခ်ထားရတဲ့

ေျပာင္းေ႐ြ႕ေၾကး ပမာဏထက္ ပိုမိုအလိုရွိေနမွာေသခ်ာၿပီး ယူ႐ို

သန္း ( ၃၀ ) ဝန္းက်င္နဲ႔ ေခၚယူလို႔ ရႏိုင္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္အေနနဲ႔

ဟြိဳင္လန္ ကို ေခၚယူတဲ့ေနရာမွာ အားသာခ်က္တစ္ခုရွိေနပါတယ္။

ယခုႏွစ္ အေစာပိုင္းတုန္းက အင္တာဗ်ဴးမွာ ဟြိဳင္လန္ဟာ

“ ခင္ဗ်ားတို႔က ေမးၿပီဆိုေတာ့ ကြၽန္ေတာ္လည္း မန္ခ်က္စတာ ယူႏိုက္တက္

ပရိသတ္တစ္ေယာက္ျဖစ္တယ္ဆိုတဲ့ အခ်က္ကို ဖုံးကြယ္မေနေတာ့ပါဘူး ။” လို႔

ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဟြိဳင္လန္ဟာ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ

လ်င္ျမန္မႈေတြေၾကာင့္ မန္ခ်က္စတာ စီးတီးတိုက္စစ္မႉး အာလင္း

ဟာလန္းနဲ႔ေတာင္ ႏႈိင္းယွဥ္ျခင္း ခံေနရပါတယ္။