သူ အခုလို ဂိုးသွင်းစွမ်းရည်တိုးတက်လာတာက မက္ကာသီရဲ့ ကူညီပေးမှုအများကြီးပါတယ်လို့ ရပ်ရှ်ဖို့ဒ် ဝန်ခံ

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က

မက္ကာသီလို အရည်အချင်းရှိတဲ့သူတစ်ဦး အသင်းမှာရှိနေတာက

သူတို့အတွက် အကျိုးရှိစေပြီး မက္ကာသီဟာ သူ့ကို အများကြီး

ကူညီပေးနိုင်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက်(၄၅)နှစ်

အရွယ်ရှိပြီဖြစ်သူ တောင်အာဖရိကဂန္ထဝင်တိုက်စစ်မှူးမက္ကာသီဟာ

ဘောလုံးသမားဘဝတုန်းက ပေါ်တိုအသင်းနဲ့အတူ

၂၀၀၄ ချန်ပီယံလိဂ်ဖလားရယူခဲ့ပြီး ဘောလုံးသမားဘဝကနေ

အနားယူပြီးနောက်ပိုင်း နည်းပြလောကထဲကို ဝင်ရောက်ခဲ့သလို

ဒီရာသီအစပိုင်းက အဲရစ်တန်ဟက်ရဲ့ ခေါ်ဆောင်မှုနဲ့အတူ

ယူနိုက်တက်အသင်းဆီ နည်းပြအဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မက္ကာသီ ရောက်လာပြီးအချိန်ကစလို့ ရပ်ရှ်ဖို့ဒ်ရဲ့ အဆုံးသတ်စွမ်းရည်က

တစ်ဟုန်ထိုး မြင့်တက်လာပြီး ဒီရာသီမှာ ယူနိုက်တက်အတွက်

(၄၃)ပွဲကစား၊ (၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်က “မက္ကာသီလိုမျိုး နည်းပြတစ်ဦး အသင်းမှာရှိနေတာဟာ

ကျွန်တော်တို့တိုက်စစ်ကစားသမားတွေအတွက် အထောက်အကူဖြစ်စေပါတယ်။

မက္ကာသီဟာ ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တယ်ဆိုတာ

အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့နှစ်ယောက်က

ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်ပြီး ဘောလုံးပွဲတွေနဲ့ပတ်သက်လို့

အမြဲတမ်းဆွေးနွေးတိုင်ပင်ဖြစ်သလို သူကလည်း ကျွန်တော့်

ခြေစွမ်းတိုးတက်လာအောင် အမြဲညွှန်ကြားပေးလေ့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

သူ အခုလို ဂိုးသြင္းစြမ္းရည္တိုးတက္လာတာက မကၠာသီရဲ႕ ကူညီေပးမႈအမ်ားႀကီးပါတယ္လို႔ ရပ္ရွ္ဖို႔ဒ္ ဝန္ခံ

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္က

မကၠာသီလို အရည္အခ်င္းရွိတဲ့သူတစ္ဦး အသင္းမွာရွိေနတာက

သူတို႔အတြက္ အက်ိဳးရွိေစၿပီး မကၠာသီဟာ သူ႔ကို အမ်ားႀကီး

ကူညီေပးႏိုင္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ အသက္(၄၅)ႏွစ္

အ႐ြယ္ရွိၿပီျဖစ္သူ ေတာင္အာဖရိကဂႏၴဝင္တိုက္စစ္မႉးမကၠာသီဟာ

ေဘာလုံးသမားဘဝတုန္းက ေပၚတိုအသင္းနဲ႔အတူ

၂၀၀၄ ခ်န္ပီယံလိဂ္ဖလားရယူခဲ့ၿပီး ေဘာလုံးသမားဘဝကေန

အနားယူၿပီးေနာက္ပိုင္း နည္းျပေလာကထဲကို ဝင္ေရာက္ခဲ့သလို

ဒီရာသီအစပိုင္းက အဲရစ္တန္ဟက္ရဲ႕ ေခၚေဆာင္မႈနဲ႔အတူ

ယူႏိုက္တက္အသင္းဆီ နည္းျပအဖြဲ႕ဝင္အျဖစ္ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

မကၠာသီ ေရာက္လာၿပီးအခ်ိန္ကစလို႔ ရပ္ရွ္ဖို႔ဒ္ရဲ႕ အဆုံးသတ္စြမ္းရည္က

တစ္ဟုန္ထိုး ျမင့္တက္လာၿပီး ဒီရာသီမွာ ယူႏိုက္တက္အတြက္

(၄၃)ပြဲကစား၊ (၂၇)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္က “မကၠာသီလိုမ်ိဳး နည္းျပတစ္ဦး အသင္းမွာရွိေနတာဟာ

ကြၽန္ေတာ္တို႔တိုက္စစ္ကစားသမားေတြအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

မကၠာသီဟာ ကြၽန္ေတာ့္ကို အမ်ားႀကီးကူညီေပးခဲ့တယ္ဆိုတာ

အရင္ကလည္း ေျပာခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က

ခင္မင္ရင္းႏွီးတဲ့သူေတြျဖစ္ၿပီး ေဘာလုံးပြဲေတြနဲ႔ပတ္သက္လို႔

အၿမဲတမ္းေဆြးေႏြးတိုင္ပင္ျဖစ္သလို သူကလည္း ကြၽန္ေတာ့္

ေျခစြမ္းတိုးတက္လာေအာင္ အၿမဲၫႊန္ၾကားေပးေလ့ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။