ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ ယူနိုက်တက်အတွက် နည်းလမ်းကောင်း မျှဝေခဲ့တဲ့ စတမ်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ယက်ပ်စတမ်းဟာ သူသာ ဟာလန်းနဲ့
ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုထိန်းချုပ်ဖို့ကြိုးစားမလဲဆိုတာနဲ့
ပတ်သက်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေကျရင် မန်ချက်စတာဒါဘီပွဲအဖြစ်
မန်စီးတီးအသင်းနဲ့ အစ်တီဟတ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့
ပြိုင်ဘက်တိုက်စစ်မှူးဟာလန်းကို ခက်ခက်ခဲခဲထိန်းချုပ်ရဖို့ရှိပါတယ်။

အသက်(၂၂)နှစ်သာရှိသေးတဲ့ ဟာလန်းဟာ ဒီရာသီအစကမှ ဒေ့ါမွန်ကနေ မန်စီးတီးကို
ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်(၇)ပွဲကစားပြီးချိန်မှာပဲ (၁၁)ဂိုးအထိသွင်းယူခဲ့သလို
ဟက်ထရစ်(၂)ကြိမ်ရရှိခဲ့ပြီးဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်(၄)ပွဲမှာ အတွဲဖက်မိမိနဲ့
စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်+ဗာရန်းတို့က ဟာလန်းကို
ထိန်းချုပ်ဖို့ အဓိကကြိုးပမ်းရမှာပါ။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေရယူခဲ့တဲ့ စတမ်းက
“ဒီလိုပွဲမျိုးမှာ ယူနိုက်တက်ကစားသမားတွေ စိတ်ဓာတ်ပြင်းပြင်းနဲ့ မာမာကျောကျော
ကစားနိုင်ဖို့ လိုပါတယ်။ ပြိုင်ဘက်အသင်း ဘောလုံးကိုင်ထားတဲ့အချိန်ဆို
မန်စီးတီးအသင်းဧရိယာဘက်အထိ တက်ပြီးတော့ ဖိအားပေးဖို့လိုအပ်သလို

ဟာလန်းကို တစ်ယောက်ယောက်က သေသေချာချာ လူကပ်ပြီး အသင်းဖော်တွေနဲ့
ချိတ်ဆက်မှု မလုပ်နိုင်အောင် ဟန့်တားမှဖြစ်မှာပါ။ ဟာလန်းနဲ့ One vs One
ရင်ဆိုင်ရတာမျိုး ခဏခဏဖြစ်မယ်ဆိုရင်တော့ အခြေအနေမကောင်းနိုင်ပါဘူး”လို့
ပြောကြားခဲ့ပါတယ်။

Photos:AFP,Irish Mirror,Alamy,Sportbible,YouTube,Getty Images

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူ ယက္ပ္စတမ္းဟာ သူသာ ဟာလန္းနဲ႔
ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ရမယ္ဆိုရင္ ဘယ္လိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားမလဲဆိုတာနဲ႔
ပတ္သက္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္တနဂၤေႏြက်ရင္ မန္ခ်က္စတာဒါဘီပြဲအျဖစ္
မန္စီးတီးအသင္းနဲ႔ အစ္တီဟတ္ကြင္းမွာ ရင္ဆိုင္ရမွာျဖစ္ၿပီး ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့
ၿပိဳင္ဘက္တိုက္စစ္မႉးဟာလန္းကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ရဖို႔ရွိပါတယ္။

အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဟာလန္းဟာ ဒီရာသီအစကမွ ေဒ့ါမြန္ကေန မန္စီးတီးကို
ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပရီးမီးယားလိဂ္(၇)ပြဲကစားၿပီးခ်ိန္မွာပဲ (၁၁)ဂိုးအထိသြင္းယူခဲ့သလို
ဟက္ထရစ္(၂)ႀကိမ္ရရွိခဲ့ၿပီးျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္(၄)ပြဲမွာ အတြဲဖက္မိမိနဲ႔
စြမ္းေဆာင္ရည္ေကာင္းျပသခဲ့တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္+ဗာရန္းတို႔က ဟာလန္းကို
ထိန္းခ်ဳပ္ဖို႔ အဓိကႀကိဳးပမ္းရမွာပါ။

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြရယူခဲ့တဲ့ စတမ္းက
“ဒီလိုပြဲမ်ိဳးမွာ ယူႏိုက္တက္ကစားသမားေတြ စိတ္ဓာတ္ျပင္းျပင္းနဲ႔ မာမာေက်ာေက်ာ
ကစားႏိုင္ဖို႔ လိုပါတယ္။ ၿပိဳင္ဘက္အသင္း ေဘာလုံးကိုင္ထားတဲ့အခ်ိန္ဆို
မန္စီးတီးအသင္းဧရိယာဘက္အထိ တက္ၿပီးေတာ့ ဖိအားေပးဖို႔လိုအပ္သလို

ဟာလန္းကို တစ္ေယာက္ေယာက္က ေသေသခ်ာခ်ာ လူကပ္ၿပီး အသင္းေဖာ္ေတြနဲ႔
ခ်ိတ္ဆက္မႈ မလုပ္ႏိုင္ေအာင္ ဟန႔္တားမွျဖစ္မွာပါ။ ဟာလန္းနဲ႔ One vs One
ရင္ဆိုင္ရတာမ်ိဳး ခဏခဏျဖစ္မယ္ဆိုရင္ေတာ့ အေျခအေနမေကာင္းႏိုင္ပါဘူး”လို႔
ေျပာၾကားခဲ့ပါတယ္။

Photos:AFP,Irish Mirror,Alamy,Sportbible,YouTube,Getty Images