အဆုံးစွန်အထိ ပြေလည်မှုရနေတဲ့ ဂရင်းဝုဒ်တို့အတွဲ စင်ယော်တွေလို ဝေဟင်မှာ ပျံဝဲနေပြီ။

ယူနိုက်တက်အသင်းရဲ့ အပယ်ခံ ကစားသမားဖြစ်နေတဲ့ တိုက်စစ်မှူး

မေဆင်ဂရင်း ဝုဒ်ကို အတူနေချစ်သူနဲ့အတူ လူမြင်ကွင်းမှာ အတူတွဲပြီး

တွေ့လိုက်ရပြီဖြစ်လို့ သူတို့နှစ်ယောက် လက်ထပ်ဖို့အထိ ရည်ရွယ်နေပြီလို့

သတင်းထွက်လာပါတယ်။ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ

ပေါင် ၇၅၀၀၀ ရနေတဲ့ ဂရင်းဝုဒ် ဟာ လာမယ့် နွေရာသီမှာ

သူ့ရဲ့ အတူနေချစ်သူ တက္ကသိုလ်ကျောင်းသူလေး ဆီကနေပြီး

ပထမဆုံး ရင်သွေးလေး ရဖို့ ရှိနေပြီး ဖခင်အရင်းဘဝကို ပထမဆုံး

ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစုံတွဲကို လန်ဒန်မြို့ရဲ့ အချက်အခြာကျတဲ့

နေရာတစ်ခု ကြယ်ငါးပွင့်အဆင့်ရှိတဲ့ လန်ဂန်ဟိုတယ်မှာ တွေ့ခဲ့ရတာဖြစ်ပြီး

အဲဒီဟိုတယ်ရဲ့ တစ်ည တည်းခိုစရိတ်ဟာ ပေါင် ၆၀၀ ရှိတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိနေတဲ့ ဂရင်းဝုဒ်ဟာ အမှုကိစ္စတွေ အလုံးစုံ

ရှင်းသွားပြီးတဲ့နောက် လက်ရှိမှာတော့ အတူနေ ချစ်သူနဲ့အတူ

ပြေလည်မှုရနေပြီဖြစ်လို့ လက်ထပ်ထိမ်းမြားမယ့် အစီအစဉ်တွေကို

မိသားစုဆီ ဖွင့်ပြောထားပြီးလောက်ပြီလို့ The Sun သတင်းဝက်ဘ်ဆိုက်က

ကောက်ချက်ချ ရေးသားဖော်ပြ တာမျိုးတွေ ရှိလာနေပြီဖြစ်ပါတယ်။

အတူနေ ချစ်သူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့

လူကြားမကောင်းတဲ့ ပြစ်မှုမျိုးတွေကြောင့် အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊

ဇန်ဝါရီလတုန်းက ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက

မြက်ခင်းစိမ်းနဲ့ ကင်းကွာနေတာဖြစ်ပါတယ်။ နောက်ပြီး ဂရင်းဝုဒ်ဟာ

ဒီလို ပြစ်မှုတွေကြောင့် ထောင်နန်းစံရနိုင်တယ်လို့ သုံးသပ်မှုမျိုးတွေလည်း ရှိခဲ့ပါ တယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ တရားလိုသက်သေတွေ

အားလုံးဟာ ဒီအမှုမှာ မားမားမတ်မတ် ရပ်တည်ပေးဖို့အတွက် ငြင်းဆန်ခဲ့တာကြောင့်

ဗြိတိန်အစိုးရရှေ့နေများရုံးက ဂရင်းဝုဒ်ရဲ့ အမှုကို ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူကတော့ ဂရင်းဝုဒ်နဲ့ပတ်သက်လို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့

စုံစမ်းစစ်ဆေးတာမျိုးတွေ လုပ်နေပြီး ကစားခွင့် ပေးသင့်၊ မပေး သင့်ဆိုတာကို

ချင့်ချိန်နေပါတယ်။ အထူးသဖြင့် မန်ယူအမျိုးသမီး ပရော်ဖက် ရှင်နယ်အသင်းဟာ

ဂရင်းဝုဒ်တစ်ယောက် အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်လာမှာကို တော်တော်လေး

ခါးခါးသီးသီး ဖြစ်နေတာပါ။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ ဂရင်းဝုဒ်တို့

အတွဲဟာ အဆုံးစွန်အထိ ပြေလည်မှုရနေပြီး တစ်ကိုင်းတည်းနားဖို့

ကြိုးစားနေတဲ့ စင်ယော်တွေလို ဝေဟင်မှာ ပျံဝဲနေပြီဖြစ်ပါတယ်။

zawgyi

အဆုံးစြန္အထိ ေျပလည္မႈရေနတဲ့ ဂရင္းဝုဒ္တို႔အတြဲ စင္ေယာ္ေတြလို ေဝဟင္မွာ ပ်ံဝဲေနၿပီ။

ယူႏိုက္တက္အသင္းရဲ႕ အပယ္ခံ ကစားသမားျဖစ္ေနတဲ့ တိုက္စစ္မႉး

ေမဆင္ဂရင္း ဝုဒ္ကို အတူေနခ်စ္သူနဲ႔အတူ လူျမင္ကြင္းမွာ အတူတြဲၿပီး

ေတြ႕လိုက္ရၿပီျဖစ္လို႔ သူတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔အထိ ရည္႐ြယ္ေနၿပီလို႔

သတင္းထြက္လာပါတယ္။ ယူႏိုက္တက္မွာ တစ္ပတ္လုပ္ခ

ေပါင္ ၇၅၀၀၀ ရေနတဲ့ ဂရင္းဝုဒ္ ဟာ လာမယ့္ ေႏြရာသီမွာ

သူ႔ရဲ႕ အတူေနခ်စ္သူ တကၠသိုလ္ေက်ာင္းသူေလး ဆီကေနၿပီး

ပထမဆုံး ရင္ေသြးေလး ရဖို႔ ရွိေနၿပီး ဖခင္အရင္းဘဝကို ပထမဆုံး

ပိုင္ဆိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီစုံတြဲကို လန္ဒန္ၿမိဳ႕ရဲ႕ အခ်က္အျခာက်တဲ့

ေနရာတစ္ခု ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ လန္ဂန္ဟိုတယ္မွာ ေတြ႕ခဲ့ရတာျဖစ္ၿပီး

အဲဒီဟိုတယ္ရဲ႕ တစ္ည တည္းခိုစရိတ္ဟာ ေပါင္ ၆၀၀ ရွိတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိေနတဲ့ ဂရင္းဝုဒ္ဟာ အမႈကိစၥေတြ အလုံးစုံ

ရွင္းသြားၿပီးတဲ့ေနာက္ လက္ရွိမွာေတာ့ အတူေန ခ်စ္သူနဲ႔အတူ

ေျပလည္မႈရေနၿပီျဖစ္လို႔ လက္ထပ္ထိမ္းျမားမယ့္ အစီအစဥ္ေတြကို

မိသားစုဆီ ဖြင့္ေျပာထားၿပီးေလာက္ၿပီလို႔ The Sun သတင္းဝက္ဘ္ဆိုက္က

ေကာက္ခ်က္ခ် ေရးသားေဖာ္ျပ တာမ်ိဳးေတြ ရွိလာေနၿပီျဖစ္ပါတယ္။

အတူေန ခ်စ္သူအေပၚ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈ၊ ညႇင္းပန္းႏွိပ္စက္မႈေတြနဲ႔

လူၾကားမေကာင္းတဲ့ ျပစ္မႈမ်ိဳးေတြေၾကာင့္ အဂၤလန္သားဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္၊

ဇန္ဝါရီလတုန္းက ထိန္းသိမ္းခံခဲ့ရတာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက

ျမက္ခင္းစိမ္းနဲ႔ ကင္းကြာေနတာျဖစ္ပါတယ္။ ေနာက္ၿပီး ဂရင္းဝုဒ္ဟာ

ဒီလို ျပစ္မႈေတြေၾကာင့္ ေထာင္နန္းစံရႏိုင္တယ္လို႔ သုံးသပ္မႈမ်ိဳးေတြလည္း ရွိခဲ့ပါ တယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာေတာ့ တရားလိုသက္ေသေတြ

အားလုံးဟာ ဒီအမႈမွာ မားမားမတ္မတ္ ရပ္တည္ေပးဖို႔အတြက္ ျငင္းဆန္ခဲ့တာေၾကာင့္

ၿဗိတိန္အစိုးရေရွ႕ေနမ်ား႐ုံးက ဂရင္းဝုဒ္ရဲ႕ အမႈကို ႐ုပ္သိမ္းေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ မန္ယူကေတာ့ ဂရင္းဝုဒ္နဲ႔ပတ္သက္လို႔ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔

စုံစမ္းစစ္ေဆးတာမ်ိဳးေတြ လုပ္ေနၿပီး ကစားခြင့္ ေပးသင့္၊ မေပး သင့္ဆိုတာကို

ခ်င့္ခ်ိန္ေနပါတယ္။ အထူးသျဖင့္ မန္ယူအမ်ိဳးသမီး ပေရာ္ဖက္ ရွင္နယ္အသင္းဟာ

ဂရင္းဝုဒ္တစ္ေယာက္ အိုးလ္ထရက္ဖို႔ဒ္ဆီ ျပန္လာမွာကို ေတာ္ေတာ္ေလး

ခါးခါးသီးသီး ျဖစ္ေနတာပါ။ ဒါေပမဲ့လည္း လက္ရွိအခ်ိန္မွာေတာ့ ဂရင္းဝုဒ္တို႔

အတြဲဟာ အဆုံးစြန္အထိ ေျပလည္မႈရေနၿပီး တစ္ကိုင္းတည္းနားဖို႔

ႀကိဳးစားေနတဲ့ စင္ေယာ္ေတြလို ေဝဟင္မွာ ပ်ံဝဲေနၿပီျဖစ္ပါတယ္။