အန်တိုနီကို ခေါ်ယူနိုင်ပြီလို့ ယူနိုက်တက် အတည်ပြုခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်တောင်ပံတိုက်စစ်ကစားသမားအန်တိုနီကို ပေါင်(၈၅.၅)သန်းနဲ့တရားဝင်ခေါ်ယူလိုက်ပြီဆိုတာ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘရာဇီးလ်လက်ရွေးစင်အန်တိုနီဟာ ယူနိုက်တက်နဲ့(၅)နှစ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ရင် နောက်ထပ်(၁၂)လသက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်မှာပါ။

ယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် ပြောင်းရွှေ့ကြေးသီးသန့် ပေါင်(၈၁.၃)သန်းပေးချေရမှာဖြစ်ပြီး ဆုကြေးနဲ့ အန်တိုနီရဲ့အသင်းဟောင်း ဆော်ပေါ်လိုကို ပေးရမယ့်ပမာဏအဖြစ် နောက်ထပ်ပေါင်(၄.၂)သန်း ထပ်ပြီးတော့ပေးရမှာဖြစ်ပါတယ်။ အန်တိုနီဟာ တနင်္လာနေ့ကတည်းက ယူနိုက်တက်မှာ ဆေးစစ်မှုခံယူဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ဆေးစစ်မှုအောင်မြင်ခဲ့တာကြောင့် မကြာခင် အသင်းနဲ့စာချုပ်,ချုပ်ဆိုသွားလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ကြာသပတေးနေ့ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ် လက်စတာအသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အန်တိုနီတစ်ယောက် ပွဲဦးထွက်ခွင့်ရဖို့ ပရိသတ်တွေက မျှော်လင့်နေကြပေမယ့် သိပ်တော့မဖြစ်နိုင်ပါဘူး။ အန်တိုနီဟာ အလုပ်,လုပ်ခွင့်ဗီဇာရအောင် စောင့်ရဦးမှာဖြစ်လို့ တနင်္ဂနွေနေ့မှာကစားမယ့် အာဆင်နယ်နဲ့ပွဲမှသာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားဖို့ရှိနေပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး Sky Sports သတင်းဌာနရဲ့ နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒါမက်ရှ်ဆက်သ်က “ကြာသပတေးနေ့ကျရင်ကစားမယ့် လက်စတာနဲ့ပွဲမှာ အန်တိုနီ ပါဝင်ကစားခွင့်ရချင်တယ်ဆိုရင် ဗုဒ္ဓဟူးနေ့လယ်လောက်ကတည်းက သူ့ကို ပရီးမီးယားလိဂ်မှာစာရင်းသွင်းရမှာဖြစ်ပါတယ်။ အန်တိုနီဟာ အလုပ်,လုပ်ခွင့်နဲ့ဗီဇာရအောင် စောင့်ရဦးမှာဖြစ်တာကြောင့် လက်စတာနဲ့ပွဲမှာ ဝင်ကစားဖို့ အခက်အခဲရှိနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ တနင်္ဂနွေနေ့ကျရင် အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်နဲ့ကစားမယ့်ပွဲမှ အန်တိုနီကို မြင်တွေ့ရဖို့ရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Photo:Getty Images,Reuters,Shutterstock,Youtube

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအဂ်က္စ္ေတာင္ပံတိုက္စစ္ကစားသမားအန္တိုနီကို ေပါင္(၈၅.၅)သန္းနဲ႔တရားဝင္ေခၚယူလိုက္ၿပီဆိုတာ အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဘရာဇီးလ္လက္ေ႐ြးစင္အန္တိုနီဟာ ယူႏိုက္တက္နဲ႔(၅)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းျပည့္ရင္ ေနာက္ထပ္(၁၂)လသက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့အခ်က္လည္း ပါဝင္မွာပါ။

ယူႏိုက္တက္အသင္းဟာ အန္တိုနီအတြက္ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္ ေပါင္(၈၁.၃)သန္းေပးေခ်ရမွာျဖစ္ၿပီး ဆုေၾကးနဲ႔ အန္တိုနီရဲ႕အသင္းေဟာင္း ေဆာ္ေပၚလိုကို ေပးရမယ့္ပမာဏအျဖစ္ ေနာက္ထပ္ေပါင္(၄.၂)သန္း ထပ္ၿပီးေတာ့ေပးရမွာျဖစ္ပါတယ္။ အန္တိုနီဟာ တနလၤာေန႔ကတည္းက ယူႏိုက္တက္မွာ ေဆးစစ္မႈခံယူဖို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ေရာက္ရွိခဲ့တာျဖစ္ၿပီး ေဆးစစ္မႈေအာင္ျမင္ခဲ့တာေၾကာင့္ မၾကာခင္ အသင္းနဲ႔စာခ်ဳပ္,ခ်ဳပ္ဆိုသြားလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္ၾကာသပေတးေန႔က်ရင္ ပရီးမီးယားလိဂ္ပြဲစဥ္(၅)အျဖစ္ လက္စတာအသင္းနဲ႔အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ အန္တိုနီတစ္ေယာက္ ပြဲဦးထြက္ခြင့္ရဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကေပမယ့္ သိပ္ေတာ့မျဖစ္ႏိုင္ပါဘူး။ အန္တိုနီဟာ အလုပ္,လုပ္ခြင့္ဗီဇာရေအာင္ ေစာင့္ရဦးမွာျဖစ္လို႔ တနဂၤေႏြေန႔မွာကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွသာ ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားဖို႔ရွိေနပါတယ္။

အဲဒါနဲ႔ပတ္သက္ၿပီး Sky Sports သတင္းဌာနရဲ႕ နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ဒါမက္ရွ္ဆက္သ္က “ၾကာသပေတးေန႔က်ရင္ကစားမယ့္ လက္စတာနဲ႔ပြဲမွာ အန္တိုနီ ပါဝင္ကစားခြင့္ရခ်င္တယ္ဆိုရင္ ဗုဒၶဟူးေန႔လယ္ေလာက္ကတည္းက သူ႔ကို ပရီးမီးယားလိဂ္မွာစာရင္းသြင္းရမွာျဖစ္ပါတယ္။ အန္တိုနီဟာ အလုပ္,လုပ္ခြင့္နဲ႔ဗီဇာရေအာင္ ေစာင့္ရဦးမွာျဖစ္တာေၾကာင့္ လက္စတာနဲ႔ပြဲမွာ ဝင္ကစားဖို႔ အခက္အခဲရွိႏိုင္ပါတယ္။ အျဖစ္ႏိုင္ဆုံးကေတာ့ တနဂၤေႏြေန႔က်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္နဲ႔ကစားမယ့္ပြဲမွ အန္တိုနီကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

Photo:Getty Images,Reuters,Shutterstock,Youtube