

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ သူ့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ အန်တိုနီကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် အရေးပါတဲ့ နောက်ထပ်(၂)နေရာအတွက် ကစားသမားသစ်ခေါ်ယူခွင့်ရမှာ မဟုတ်တော့ပါဘူး။ ယူနိုက်တက်အသင်းဟာ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ အန်တိုနီအတွက် ယူရိုသန်း(၁၀၀)အထိ အသုံးပြုခဲ့ရပြီး ဒီပမာဏဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း အသင်းဘုတ်အဖွဲ့က သတ်မှတ်ထားတဲ့ အသုံးစရိတ်အကုန်ပေးခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ အခုနွေရာသီမှာ မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ကိုခေါ်ယူခဲ့ပြီး အန်တိုနီက ပဉ္စမမြောက်ကစားသမားသစ်ဖြစ်လာမှာပါ။ ဒါ့အပြင် အန်တိုနီနဲ့အတူ နယူးကာဆယ်အသင်းရဲ့ ဆလိုဗက်ကီးယားဝါရင့်ဂိုးသမား ဒူဘရက်ကာကိုလည်း တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီး စာချုပ်ပြည့်ရင် ပေါင်(၅)သန်းနဲ့အပြီးသတ်ခေါ်ယူဖို့ရှိပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်အသင်းရဲ့ အသုံးစရိတ်က ပေါင်သန်း(၂၀၀)ကျော်အထိရှိလာပြီး အဲရစ်တန်ဟက်အနေနဲ့ ညာနောက်ခံလူနေရာနဲ့ ကွင်းလယ်အတွက် ကစားသမားသစ်အားဖြည့်လိုနေဆဲဖြစ်ပေမယ့် ဘုတ်အဖွဲ့ကတော့ နောက်ထပ်ငွေကြေးသုံးစွဲဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။
အဲရစ်တန်ဟက်က လက်ရှိပုံမှန်အသုံးပြုနေတဲ့ ညာနောက်ခံလူ ဒါလော့တ်နဲ့အပြိုင် ပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်နိုင်တဲ့ ကစားသမားတစ်ဦးခေါ်ယူလိုနေပြီး ဒေ့ါမွန်ကစားသမားမူနီယာကို ပစ်မှတ်ထားနေပေမယ့် လက်ရှိအနေအထားအရ ခက်ခဲသွားပြီဖြစ်ပါတယ်။ မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘစ်ဆာကာကို ဘာစီလိုနာနောက်ခံလူ ဆာဂျင်နိုဒက်စ်နဲ့ တိုက်ရိုက်လဲလှယ်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
Photo:SportSpyder,Getty Images
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပအဲရစ္တန္ဟက္ဟာ သူ႔ရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ အန္တိုနီကို ေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ အေရးပါတဲ့ ေနာက္ထပ္(၂)ေနရာအတြက္ ကစားသမားသစ္ေခၚယူခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အန္တိုနီအတြက္ ယူ႐ိုသန္း(၁၀၀)အထိ အသုံးျပဳခဲ့ရၿပီး ဒီပမာဏဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း အသင္းဘုတ္အဖြဲ႕က သတ္မွတ္ထားတဲ့ အသုံးစရိတ္အကုန္ေပးခဲ့ရတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းအေနနဲ႔ အခုေႏြရာသီမွာ မာလာစီယာ၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊ အဲရစ္ဆင္၊ ကတ္စ္မဲ႐ိုးတို႔ကိုေခၚယူခဲ့ၿပီး အန္တိုနီက ပၪၥမေျမာက္ကစားသမားသစ္ျဖစ္လာမွာပါ။ ဒါ့အျပင္ အန္တိုနီနဲ႔အတူ နယူးကာဆယ္အသင္းရဲ႕ ဆလိုဗက္ကီးယားဝါရင့္ဂိုးသမား ဒူဘရက္ကာကိုလည္း တစ္ရာသီအငွားနဲ႔ေခၚယူခဲ့ၿပီး စာခ်ဳပ္ျပည့္ရင္ ေပါင္(၅)သန္းနဲ႔အၿပီးသတ္ေခၚယူဖို႔ရွိပါတယ္။ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ယူႏိုက္တက္အသင္းရဲ႕ အသုံးစရိတ္က ေပါင္သန္း(၂၀၀)ေက်ာ္အထိရွိလာၿပီး အဲရစ္တန္ဟက္အေနနဲ႔ ညာေနာက္ခံလူေနရာနဲ႔ ကြင္းလယ္အတြက္ ကစားသမားသစ္အားျဖည့္လိုေနဆဲျဖစ္ေပမယ့္ ဘုတ္အဖြဲ႕ကေတာ့ ေနာက္ထပ္ေငြေၾကးသုံးစြဲဖို႔ ခြင့္ျပဳမွာမဟုတ္ပါဘူး။
အဲရစ္တန္ဟက္က လက္ရွိပုံမွန္အသုံးျပဳေနတဲ့ ညာေနာက္ခံလူ ဒါေလာ့တ္နဲ႔အၿပိဳင္ ပြဲထြက္ခြင့္အတြက္တိုက္ပြဲဝင္ႏိုင္တဲ့ ကစားသမားတစ္ဦးေခၚယူလိုေနၿပီး ေဒ့ါမြန္ကစားသမားမူနီယာကို ပစ္မွတ္ထားေနေပမယ့္ လက္ရွိအေနအထားအရ ခက္ခဲသြားၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကထြက္ေပၚခဲ့တဲ့သတင္းေတြအရ ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ေနာက္ခံလူ ဘစ္ဆာကာကို ဘာစီလိုနာေနာက္ခံလူ ဆာဂ်င္ႏိုဒက္စ္နဲ႔ တိုက္႐ိုက္လဲလွယ္ဖို႔ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။
Photo:SportSpyder,Getty Images,