အသင်းမှာ စီရော်နယ်လ်ဒို ဆက်ရှိနေမှာဖြစ်တယ်လို့ အဲရစ်တန်ဟက် အတည်ပြုလိုက်ပြီ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုဟာ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး အန်တိုနီကို အပြီးသတ်စာချုပ်,ချုပ်ဆိုပြီးရင် နောက်ထပ်ကစားသမားသစ်ခေါ်မှာမဟုတ်တော့ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဒီရာသီချန်ပီယံလိဂ်မှာကစားချင်တာကြောင့် ယူနိုက်တက်နဲ့လမ်းခွဲဖို့ဆန္ဒရှိခဲ့ပြီး အခုနွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီး၊ အက်သလက်တီကို၊ နာပိုလီစတဲ့ ထိပ်တန်းကလပ်တွေနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ဘယ်အသင်းကမှ တရားဝင်ကမ်းလှမ်းတာမျိုးမရှိသလို နွေရာသီဈေးကွက်က ပိတ်သိမ်းတော့မှာဖြစ်တာကြောင့် ယူနိုက်တက်မှာပဲ ဆက်ကစားရဖို့ရှိနေပါပြီ။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ညာနောက်ခံလူနေရာအတွက် ဘစ်ဆာကာကို ရောင်းချပြီး ကစားသမားသစ်ခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်နေပေမယ့် အဲရစ်တန်ဟက်ကတော့ စီရော်နယ်လ်ဒို၊ ဘစ်ဆာကာတို့ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ကစားသမားတွေရဲ့ အနာဂတ်ကတော့ လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ။ ထိပ်တန်းအဆင့်ကစားသမားတွေရှိဖို့ လိုတယ်ဆိုတာ ကျွန်တော်အရင်ကတည်းကပြောခဲ့ပြီးဖြစ်သလို ပွဲတိုင်းမှာ အကောင်းဆုံးကစားနိုင်ဖို့၊ တည်ငြိမ်တဲ့ခြေစွမ်းရှိဖို့က ကျွန်တော်တို့အတွက် အဓိကအရေးပါတဲ့အချက်ဖြစ်ပြီး အဲဒီအတွက်လည်း ကစားသမားအင်အားတောင့်တင်းဖို့ လိုပါတယ်။ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်ပြီး တစ်ပတ်ထဲမှာ (၃)ပွဲလောက်ကစားရဖို့ရှိတာကြောငင့် တိုက်စစ်ကစားသမားတွေအနေနဲ့ ပွဲပန်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အသင်းအတွက် ကစားသမားစုဖွဲ့မှု ကောင်းမွန်မှဖြစ်သလို အရေအတွက်သာမက အရည်အချင်းရှိတဲ့သူတွေရှိရမှာဖြစ်ပါတယ်။ လက်ရှိအစုအဖွဲ့နဲ့ စက်တင်ဘာလကနေ အနည်းဆုံးဇန်နဝါရီလအထိ ဖြတ်သန်းသွားမှာပါ။ လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက် အပြောင်းအရွှေ့လှုပ်ရှားမှု ပြီးဆုံးသွားပြီဖြစ်ပေမယ့် လိုချင်တဲ့ကစားသမားမျိုးရမယ်ဆိုရင်တော့ စောင့်ကြည့်သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Photo:Zenpix Ltd,PA,Shutterstock,Daily Mail

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပအဲရစ္တန္ဟက္က စီေရာ္နယ္လ္ဒိုဟာ အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ၿပီး အန္တိုနီကို အၿပီးသတ္စာခ်ဳပ္,ခ်ဳပ္ဆိုၿပီးရင္ ေနာက္ထပ္ကစားသမားသစ္ေခၚမွာမဟုတ္ေတာ့ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီခ်န္ပီယံလိဂ္မွာကစားခ်င္တာေၾကာင့္ ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ဆႏၵရွိခဲ့ၿပီး အခုေႏြရာသီအေျပာင္းအေ႐ႊ႕တစ္ေလွ်ာက္လုံး သူ႔ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ခ်ယ္လ္ဆီး၊ အက္သလက္တီကို၊ နာပိုလီစတဲ့ ထိပ္တန္းကလပ္ေတြနဲ႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း ဘယ္အသင္းကမွ တရားဝင္ကမ္းလွမ္းတာမ်ိဳးမရွိသလို ေႏြရာသီေဈးကြက္က ပိတ္သိမ္းေတာ့မွာျဖစ္တာေၾကာင့္ ယူႏိုက္တက္မွာပဲ ဆက္ကစားရဖို႔ရွိေနပါၿပီ။ ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ညာေနာက္ခံလူေနရာအတြက္ ဘစ္ဆာကာကို ေရာင္းခ်ၿပီး ကစားသမားသစ္ေခၚယူမယ္ဆိုတဲ့သတင္းေတြထြက္ေနေပမယ့္ အဲရစ္တန္ဟက္ကေတာ့ စီေရာ္နယ္လ္ဒို၊ ဘစ္ဆာကာတို႔ အသင္းမွာပဲ ဆက္ရွိေနမယ္လို႔ အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

အဲရစ္တန္ဟက္က “ကစားသမားေတြရဲ႕ အနာဂတ္ကေတာ့ လုံးဝရွင္းရွင္းလင္းလင္းျဖစ္သြားပါၿပီ။ ထိပ္တန္းအဆင့္ကစားသမားေတြရွိဖို႔ လိုတယ္ဆိုတာ ကြၽန္ေတာ္အရင္ကတည္းကေျပာခဲ့ၿပီးျဖစ္သလို ပြဲတိုင္းမွာ အေကာင္းဆုံးကစားႏိုင္ဖို႔၊ တည္ၿငိမ္တဲ့ေျခစြမ္းရွိဖို႔က ကြၽန္ေတာ္တို႔အတြက္ အဓိကအေရးပါတဲ့အခ်က္ျဖစ္ၿပီး အဲဒီအတြက္လည္း ကစားသမားအင္အားေတာင့္တင္းဖို႔ လိုပါတယ္။ တိုက္စစ္ပိုင္းမွာ ကစားသမားအင္အားျဖည့္တင္းဖို႔ လိုအပ္ၿပီး တစ္ပတ္ထဲမွာ (၃)ပြဲေလာက္ကစားရဖို႔ရွိတာေၾကာငင့္ တိုက္စစ္ကစားသမားေတြအေနနဲ႔ ပြဲပန္းတာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

အသင္းအတြက္ ကစားသမားစုဖြဲ႕မႈ ေကာင္းမြန္မွျဖစ္သလို အေရအတြက္သာမက အရည္အခ်င္းရွိတဲ့သူေတြရွိရမွာျဖစ္ပါတယ္။ လက္ရွိအစုအဖြဲ႕နဲ႔ စက္တင္ဘာလကေန အနည္းဆုံးဇန္နဝါရီလအထိ ျဖတ္သန္းသြားမွာပါ။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔အတြက္ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈ ၿပီးဆုံးသြားၿပီျဖစ္ေပမယ့္ လိုခ်င္တဲ့ကစားသမားမ်ိဳးရမယ္ဆိုရင္ေတာ့ ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

Photo:Zenpix Ltd,PA,Shutterstock,Daily Mail