

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့်
ပယ်လစ်စထရီဟာ အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်
ကစားခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကျေနပ်နေပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမား
ပယ်လစ်စထရီဟာ ၂၀၂၀ ခုနှစ်ကတည်းက ယူနိုက်တက်ကို
ရောက်ခဲ့တာဖြစ်ပေမယ့် ဒီရာသီမှ စီနီယာအသင်းအတွက်
ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘက်တစ်နဲ့ပွဲမတိုင်ခင်
ပယ်လစ်စထရီဟာ လူစားဝင်အဖြစ်သာ ကစားခဲ့ရပြီး အခု
(၇)ပွဲမြောက်အဖြစ် ဘက်တစ်နဲ့ပွဲမှ ပထမဆုံးအကြိမ်
ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဘစ်တစ်နဲ့ပွဲမှာ ပယ်လစ်စထရီက
တိကျတဲ့ဘောလုံးပေးပို့မှု (၈၆%)၊ ဘောလုံးထိချက်(၂၅)ကြိမ်၊
ဘောလုံးဆွဲပြေးမှု (၂)ကြိမ်၊ ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘက်တစ်နဲ့ပွဲမှာ မိနစ်(၉၀)ပြည့်ကစားခွင့်ရတဲ့အပေါ် ပယ်လစ်စထရီက
“အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရတဲ့ ခံစားချက်က
တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ယူနိုက်တက်လို ကြီးကျယ်
ခမ်းနားတဲ့အသင်းအတွက် ကစားခွင့်ရတာက ဂုဏ်ယူစရာကောင်းပါတယ်။
ပိုပြီးကံကောင်းတာက ကျွန်တော်တို့အသင်း အခုပွဲမှာ
လိုချင်တဲ့အတိုင်း နိုင်ပွဲရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
အသင္းအတြက္ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ရတဲ့အေပၚ ပယ္လစ္စထရီ အားရေက်နပ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္
ပယ္လစ္စထရီဟာ အသင္းအတြက္ ပထမဆုံးအႀကိမ္ ပြဲထြက္
ကစားခြင့္ရခဲ့တဲ့အတြက္ ဝမ္းသာေက်နပ္ေနပါတယ္။
အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ေတာင္ပံတိုက္စစ္ကစားသမား
ပယ္လစ္စထရီဟာ ၂၀၂၀ ခုႏွစ္ကတည္းက ယူႏိုက္တက္ကို
ေရာက္ခဲ့တာျဖစ္ေပမယ့္ ဒီရာသီမွ စီနီယာအသင္းအတြက္
ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့လည္း ဘက္တစ္နဲ႔ပြဲမတိုင္ခင္
ပယ္လစ္စထရီဟာ လူစားဝင္အျဖစ္သာ ကစားခဲ့ရၿပီး အခု
(၇)ပြဲေျမာက္အျဖစ္ ဘက္တစ္နဲ႔ပြဲမွ ပထမဆုံးအႀကိမ္
ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဘစ္တစ္နဲ႔ပြဲမွာ ပယ္လစ္စထရီက
တိက်တဲ့ေဘာလုံးေပးပို႔မႈ (၈၆%)၊ ေဘာလုံးထိခ်က္(၂၅)ႀကိမ္၊
ေဘာလုံးဆြဲေျပးမႈ (၂)ႀကိမ္၊ ဂိုးေပါက္ကန္သြင္းမႈ(၁)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ဘက္တစ္နဲ႔ပြဲမွာ မိနစ္(၉၀)ျပည့္ကစားခြင့္ရတဲ့အေပၚ ပယ္လစ္စထရီက
“အသင္းအတြက္ ပထမဆုံးအႀကိမ္ပြဲထြက္ခြင့္ရတဲ့ ခံစားခ်က္က
တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ယူႏိုက္တက္လို ႀကီးက်ယ္
ခမ္းနားတဲ့အသင္းအတြက္ ကစားခြင့္ရတာက ဂုဏ္ယူစရာေကာင္းပါတယ္။
ပိုၿပီးကံေကာင္းတာက ကြၽန္ေတာ္တို႔အသင္း အခုပြဲမွာ
လိုခ်င္တဲ့အတိုင္း ႏိုင္ပြဲရယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။