အိပ်မက်ပြဇာတ်ရုံပိုင်ရှင်လောင်းနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ အဲရစ် တန်ဟက်

အဲရစ်တန်ဟက်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်

လည်ပတ်တဲ့ယူနိုက်တက်ပိုင်ရှင်လောင်းဆာဂျမ်ရက်ကလစ်ဖ်နှင့်

တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ယူနိုက်တက်ကိုဝယ်ယူရေး

ကမ်းလှမ်းထားကြသူများဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်အိုးထရက်ဖို့ဒ်နှင့်

ကာရန်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်မှုများပြုလုပ်ခဲ့ကြပါတယ်။

ကာတာစီးပွားရေးလုပ်ငန်းရှင်ရှိတ်ဂျက်ဆမ်ဘင်ဟာမက်အယ်သာနီဟာလည်း

ကြာသပတေးနေ့တုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်

လည်ပတ်ခဲ့ပြီးကလပ်မှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့တွင်လည်းဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်

ရက်ကလစ်ဖ်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်ခဲ့ပါတယ်။

ထူးခြားတာကတော့ရက်ကလစ်ဖ်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့

ရောက်နေစဉ်အတွင်းယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နှင့်ပါတွေ့ဆုံစကား ပြောခဲ့ပါတယ်။

အဲရစ်တန်ဟက်က”သူတို့နဲ့ခုပဲတွေ့ခဲ့တာ။လက်ဆွဲနှုတ်ဆက်ခဲ့တယ်။

ကျွန်တော်ကပွဲအပေါ်မှာပဲအာရုံစိုက်နေတယ်။တနင်္ဂနွေနေ့မှာပွဲကြီးတစ်ပွဲကစားရမယ်။

ကျွန်တော်တို့အားလုံးဒီအပေါ်မှာအာရုံစိုက်တယ်။

ကလပ်မှာရှိတဲ့အခြားသူတွေကအရောင်းအဝယ်ကိစ္စလုပ်ကြပါလိမ့်မယ်။

အခုကျွန်တော့်အလုပ်ကပွဲအ ပေါ်မှာအာရုံစိုက်ဖို့ပါ။ပွဲအကြောင်းပဲပြောကြစို့။

ဒီပွဲကပွဲကြီးပါ။ကျွန်တော်လည်းဒီပွဲအတွက်အသင့်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။

ခါရာဘောင်ဖလားချန်ပီယံယူနိုက်တက်ဟာတနင်္ဂနွေနေ့တွင်

အိုးထရက်ဖို့ဒ်ကွင်းမှာအက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲအဖြစ်

ဖူလ်ဟမ်ကိုဧည့်ခံကစားရပါမယ်။ ယူနိုက်တက်ဟာယူရိုပါလိဂ်

ကွာတားဖိုင်နယ်အဆင့်သို့လည်းတက်ရောက်ထားပြီးဆီဗီလာနှင့်ရင်ဆိုင်ကစားရပါမယ်။

zawgyi

အိပ္မက္ျပဇာတ္႐ုံပုိင္ရွင္ေလာင္းနဲ႔ ေတြ႕ဆုံစကားေျပာခဲ့တဲ့ အဲရစ္ တန္ဟက္

အဲရစ္တန္ဟက္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္

လည္ပတ္တဲ့ယူႏိုက္တက္ပိုင္ရွင္ေလာင္းဆာဂ်မ္ရက္ကလစ္ဖ္ႏွင့္

ေတြ႕ဆုံမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။ ယူႏိုက္တက္ကိုဝယ္ယူေရး

ကမ္းလွမ္းထားၾကသူမ်ားဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္အိုးထရက္ဖို႔ဒ္ႏွင့္

ကာရန္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ကာတာစီးပြားေရးလုပ္ငန္းရွင္ရွိတ္ဂ်က္ဆမ္ဘင္ဟာမက္အယ္သာနီဟာလည္း

ၾကာသပေတးေန႔တုန္းကကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္

လည္ပတ္ခဲ့ၿပီးကလပ္မွတာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

ေသာၾကာေန႔တြင္လည္းၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္

ရက္ကလစ္ဖ္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္ခဲ့ပါတယ္။

ထူးျခားတာကေတာ့ရက္ကလစ္ဖ္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔

ေရာက္ေနစဥ္အတြင္းယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ႏွင့္ပါေတြ႕ဆုံစကား ေျပာခဲ့ပါတယ္။

အဲရစ္တန္ဟက္က”သူတို႔နဲ႔ခုပဲေတြ႕ခဲ့တာ။လက္ဆြဲႏႈတ္ဆက္ခဲ့တယ္။

ကြၽန္ေတာ္ကပြဲအေပၚမွာပဲအာ႐ုံစိုက္ေနတယ္။တနဂၤေႏြေန႔မွာပြဲႀကီးတစ္ပြဲကစားရမယ္။

ကြၽန္ေတာ္တို႔အားလုံးဒီအေပၚမွာအာ႐ုံစိုက္တယ္။

ကလပ္မွာရွိတဲ့အျခားသူေတြကအေရာင္းအဝယ္ကိစၥလုပ္ၾကပါလိမ့္မယ္။

အခုကြၽန္ေတာ့္အလုပ္ကပြဲအ ေပၚမွာအာ႐ုံစိုက္ဖို႔ပါ။ပြဲအေၾကာင္းပဲေျပာၾကစို႔။

ဒီပြဲကပြဲႀကီးပါ။ကြၽန္ေတာ္လည္းဒီပြဲအတြက္အသင့္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ခါရာေဘာင္ဖလားခ်န္ပီယံယူႏိုက္တက္ဟာတနဂၤေႏြေန႔တြင္

အိုးထရက္ဖို႔ဒ္ကြင္းမွာအက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲအျဖစ္

ဖူလ္ဟမ္ကိုဧည့္ခံကစားရပါမယ္။ ယူႏိုက္တက္ဟာယူ႐ိုပါလိဂ္

ကြာတားဖိုင္နယ္အဆင့္သို႔လည္းတက္ေရာက္ထားၿပီးဆီဗီလာႏွင့္ရင္ဆိုင္ကစားရပါမယ္။