အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ယူနိုက်တက်ကွင်းလယ်လူဂျိမ်းစ်ဂါနာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့လူငယ်ကွင်းလယ်လူဂျိမ်းဂါနာအတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီရာသီအတွက် သူ့ရဲ့စီမံကိန်းတွေမှာ ဂျိမ်းစ်ဂါနာ မပါဝင်တာကြောင့် ဒီအင်္ဂလန်လူငယ်ကွင်းလယ်လူကို အခုလအစောပိုင်းကတည်းက အရောင်းစာရင်းတင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းက တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပါပြီ။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဂါနာဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် ကြာသပတေးနေ့မတိုင်ခင် အဲဗာတန်အသင်းနဲ့စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပြီး အဲဗာတန်အသင်းဟာ ဂျိမ်းစ်ဂါနာအတွက် ပေါင်(၁၅)သန်းပေးချေရမှာဖြစ်တယ်လို့ manchestereveningnews သတင်းစာကဖော်ပြခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဂျိမ်းဂါနာအတွက် ပေါင်(၈)သန်း အရင်ဆုံးပေးချေရမှာဖြစ်ပြီး အောင်မြင်အလိုက် ဆုကြေးအဖြစ် ပေါင်(၇)သန်း နောက်ထပ်ပေးရမှာဖြစ်ပါတယ်။

အသက်(၈)နှစ်အရွယ် ၂၀၀၉ ခုနှစ်ကတည်းက ယူနိုက်တက်အကယ်ဒမီကိုရောက်ရှိခဲ့သူ ဂျိမ်းစ်ဂါနာဟာ ၂၀၁၉၊ ဖေဖော်ဝါရီလတုန်းက ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ စီနီယာအသင်းအတွက် ပထမဆုံးပါဝင်ကစားခွင့်ရခဲ့ပြီး စုစုပေါင်း(၇)ပွဲကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေအတွင်း ဝက်ဖို့ဒ်၊ နော်တင်ဟမ်ဖော်ရက်စ်တို့မှာ အငှားနဲ့ကစားခဲ့ရသလို မနှစ်က နော်တင်ဟမ်ဖော်ရက်စ်အသင်းကို (၂၃)နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo:PA,Getty Images,The Sun

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔လူငယ္ကြင္းလယ္လူဂ်ိမ္းဂါနာအတြက္ အဲဗာတန္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံလိုက္ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဒီရာသီအတြက္ သူ႔ရဲ႕စီမံကိန္းေတြမွာ ဂ်ိမ္းစ္ဂါနာ မပါဝင္တာေၾကာင့္ ဒီအဂၤလန္လူငယ္ကြင္းလယ္လူကို အခုလအေစာပိုင္းကတည္းက အေရာင္းစာရင္းတင္ခဲ့တာျဖစ္ၿပီး အဲဗာတန္အသင္းက တျခားအသင္းေတြထက္ လက္ဦးမႈရယူႏိုင္ခဲ့ပါၿပီ။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဂ်ိမ္းစ္ဂါနာဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္မယ့္ ၾကာသပေတးေန႔မတိုင္ခင္ အဲဗာတန္အသင္းနဲ႔စာခ်ဳပ္,ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး အဲဗာတန္အသင္းဟာ ဂ်ိမ္းစ္ဂါနာအတြက္ ေပါင္(၁၅)သန္းေပးေခ်ရမွာျဖစ္တယ္လို႔ manchestereveningnews သတင္းစာကေဖာ္ျပခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ဂ်ိမ္းဂါနာအတြက္ ေပါင္(၈)သန္း အရင္ဆုံးေပးေခ်ရမွာျဖစ္ၿပီး ေအာင္ျမင္အလိုက္ ဆုေၾကးအျဖစ္ ေပါင္(၇)သန္း ေနာက္ထပ္ေပးရမွာျဖစ္ပါတယ္။

အသက္(၈)ႏွစ္အ႐ြယ္ ၂၀၀၉ ခုႏွစ္ကတည္းက ယူႏိုက္တက္အကယ္ဒမီကိုေရာက္ရွိခဲ့သူ ဂ်ိမ္းစ္ဂါနာဟာ ၂၀၁၉၊ ေဖေဖာ္ဝါရီလတုန္းက ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ စီနီယာအသင္းအတြက္ ပထမဆုံးပါဝင္ကစားခြင့္ရခဲ့ၿပီး စုစုေပါင္း(၇)ပြဲကစားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီေတြအတြင္း ဝက္ဖို႔ဒ္၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္တို႔မွာ အငွားနဲ႔ကစားခဲ့ရသလို မႏွစ္က ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းကို (၂၃)ႏွစ္ၾကာေဝးကြာခဲ့တဲ့ ပရီးမီးယားလိဂ္တန္းတက္ခြင့္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

Photo:PA,Getty Images,The Sun