၁၀ ရက်အတွင်း ယူနိုက်တက်အတွက် ပြန်ကစားပေးတော့မယ့် အဲရစ်ဆင်

ခရစ္စတီယန်အဲရစ်ဆင်ဟာလာမယ့်၁၀ရက်တွင်ယူနိုက်တက်အတွက်

ပြန်လည်ကစားပေးလာနိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၁နှစ်ရှိဒိန်းမတ်လက်ရွေးစင်ကစားသမားဟာခြေကျင်းဝတ်

ဒဏ်ရာကြောင့်မေလအထိအနားယူရမယ်လို့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ခရစ္စတီယန်အဲရစ်ဆင်ဟာယခုအခါလေ့ကျင့်ခန်းပြန်ဆင်း

လာနိုင်ပြီဖြစ်ပြီးမကြာမီကာလအတွင်းတွင်ပြန်ကစားလာနိုင်တော့မှာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာနယူးကာဆယ်၊ဘရန့်ဖို့ဒ်တို့နှင့်ရင်ဆိုင်ကစားရမဲ့လာမယ့်

ပရီးမီးယားလိဂ်အဝေးကွင်းပွဲနှစ်ပွဲကိုဆက်လက်လွဲချော်လာဦးမှာ

သေချာနေပေမဲ့လည်းဧပြီလ၈ရက်နေ့တွင်အဲဗာတန်ကိုဧည့်ခံ

ကစားရမဲ့ပွဲမှာပါဝင်လာဖို့ရှိနေပါတယ်။ ဒိန်းမတ်လက်ရွေးစင်က

“အားလုံးအဆင်ပြေချောမွေ့နေတယ်။စတင်ပြီးလေ့ကျင့်ခန်းဆင်းနေပြီ။

ပြီးရင်နောက်တစ်ဆင့်တက်မယ်။ရက်သတ္တပတ်အနည်းငယ်ခန့်

ကာယလေ့ကျင့်ခန်းလုပ်မယ်။ပြီးရင်ပြန်လည်ထူထောင်ရေးလုပ်မယ်”လို့

ပြောကြားသွားပါတယ်။ ခရစ္စတီယန်အဲရစ်ဆင်ဟာဇန်နဝါရီလ

၂၈ရက်နေ့တုန်းကရီးဒင်းကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲစဉ်တွင်

အင်ဒီကာရိုးလ်ရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယန်အဲရစ်ဆင်ပြန်ကစားလာနိုင်မှုကပရီးမီးယားလိဂ်တွင်

ထိပ်ဆုံးလေးသင်းဝင်ရေးနှင့်ယူရိုပါလိဂ်ဖလားရရှိရေးကြိုးပမ်းနေတဲ့

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်အတွက်သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်ကစားသမားကက်စ်မီရိုမှာလည်း

မတ်လ၁၂ရက်နေ့တုန်းကဆောက်သမ်တန်နှင့်ပွဲစဉ်မှအနီကတ်ကြောင့်

ယူနိုက်တက်ရဲ့လာမယ့်ပရီးမီးယားလိဂ်ပွဲ ၄ ပွဲ လွဲလာပါဦးမယ်။

zawgyi

၁၀ ရက္အတြင္း ယူႏိုက္တက္အတြက္ ျပန္ကစားေပးေတာ့မယ့္ အဲရစ္ဆင္

ခရစၥတီယန္အဲရစ္ဆင္ဟာလာမယ့္၁၀ရက္တြင္ယူႏိုက္တက္အတြက္

ျပန္လည္ကစားေပးလာႏိုင္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၁ႏွစ္ရွိဒိန္းမတ္လက္ေ႐ြးစင္ကစားသမားဟာေျခက်င္းဝတ္

ဒဏ္ရာေၾကာင့္ေမလအထိအနားယူရမယ္လို႔ယူဆျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ခရစၥတီယန္အဲရစ္ဆင္ဟာယခုအခါေလ့က်င့္ခန္းျပန္ဆင္း

လာႏိုင္ၿပီျဖစ္ၿပီးမၾကာမီကာလအတြင္းတြင္ျပန္ကစားလာႏိုင္ေတာ့မွာျဖစ္ပါတယ္။

အဲရစ္ဆင္ဟာနယူးကာဆယ္၊ဘရန႔္ဖို႔ဒ္တို႔ႏွင့္ရင္ဆိုင္ကစားရမဲ့လာမယ့္

ပရီးမီးယားလိဂ္အေဝးကြင္းပြဲႏွစ္ပြဲကိုဆက္လက္လြဲေခ်ာ္လာဦးမွာ

ေသခ်ာေနေပမဲ့လည္းဧၿပီလ၈ရက္ေန႔တြင္အဲဗာတန္ကိုဧည့္ခံ

ကစားရမဲ့ပြဲမွာပါဝင္လာဖို႔ရွိေနပါတယ္။ ဒိန္းမတ္လက္ေ႐ြးစင္က

“အားလုံးအဆင္ေျပေခ်ာေမြ႕ေနတယ္။စတင္ၿပီးေလ့က်င့္ခန္းဆင္းေနၿပီ။

ၿပီးရင္ေနာက္တစ္ဆင့္တက္မယ္။ရက္သတၱပတ္အနည္းငယ္ခန႔္

ကာယေလ့က်င့္ခန္းလုပ္မယ္။ၿပီးရင္ျပန္လည္ထူေထာင္ေရးလုပ္မယ္”လို႔

ေျပာၾကားသြားပါတယ္။ ခရစၥတီယန္အဲရစ္ဆင္ဟာဇန္နဝါရီလ

၂၈ရက္ေန႔တုန္းကရီးဒင္းကိုအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားပြဲစဥ္တြင္

အင္ဒီကာ႐ိုးလ္ရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ခရစၥတီယန္အဲရစ္ဆင္ျပန္ကစားလာႏိုင္မႈကပရီးမီးယားလိဂ္တြင္

ထိပ္ဆုံးေလးသင္းဝင္ေရးႏွင့္ယူ႐ိုပါလိဂ္ဖလားရရွိေရးႀကိဳးပမ္းေနတဲ့

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္အတြက္သတင္းေကာင္းတစ္ခုျဖစ္ေနပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္ကြင္းလယ္ကစားသမားကက္စ္မီ႐ိုမွာလည္း

မတ္လ၁၂ရက္ေန႔တုန္းကေဆာက္သမ္တန္ႏွင့္ပြဲစဥ္မွအနီကတ္ေၾကာင့္

ယူႏိုက္တက္ရဲ႕လာမယ့္ပရီးမီးယားလိဂ္ပြဲ ၄ ပြဲ လြဲလာပါဦးမယ္။