

မန်ချက်စတာယူနိုက်တက်ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ
အသင်းကို စတင်ရောက်ရှိတဲ့ ၂၀၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ
စုစုပေါင်းလစာငွေအဖြစ် ပေါင်(၄၂.၁)သန်းအထိ ပိုင်ဆိုင်ခဲ့ပါတယ်။
အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်
ကစားသမားဟောင်း ဖီးလ်ဂျုံးစ်ဟာ လက်ရှိအသင်းမှာ
ဂိုးသမားဒီဂီယာနဲ့အတူ သက်တော်ရှည်ကစားသမားတစ်ဦးအဖြစ်
သတ်မှတ်ခံထားရပေမယ့် ယူနိုက်တက်မှာ ဖီးလ်ဂျုံးစ် ရှိနေပါလားဆိုတာ
ပရိသတ်တွေတောင် မေ့ချင်သလိုဖြစ်နေပါပြီ။ ၂၀၁၈-၁၉ ရာသီကစလို့
ဖီးလ်ဂျုံးစ်တစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့်လည်း
နည်းပြဟောင်းဆိုးလ်ရှားလက်ထက်မှာ သူ့ကို အံ့အားသင့်စရာကောင်းအောင်
လစာ ပေါင်(၁၁၀,၀၀၀)နဲ့ (၄)နှစ်ခွဲစာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ (၄)နှစ်အတွင်း (၂၁)ပွဲသာကစားခဲ့ရသူ ဖီးလ်ဂျုံးစ်ဟာ
ပြီးခဲ့တဲ့ရာသီက (၅)ပွဲကစားခဲ့ပေမယ့် ဒီရာသီမှာတော့
ဒဏ်ရာပြဿနာကြောင့် (၁)ပွဲမှ ကစားခွင့်မရသေးပါဘူး။
ဗြိတိန်သတင်းစာ The Express က ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်
ကစားသမားဘ၀ ပထမ(၄)နှစ်တာကာလအတွင်း တစ်ပတ်ကို
လစာအဖြစ် ပေါင်(၅၉,၀၀၀)၊ ၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ
ပေါင် (၇၄,၀၀၀)၊ ၂၀၁၈ ကနေ လက်ရှိအချိန်အထိ
ပေါင်(၁၁၀,၀၀၀)ရရှိနေပြီး ဒဏ်ရာနဲ့စတင်ရုန်းကန်ခဲ့ရတဲ့
၂၀၁၈ ခုနှစ်ကနေ အခုနှစ်အထိ လစာသက်သက်
ပေါင်(၂၈.၅)သန်းရခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖီးလ်ဂျုံးစ်ရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်ကျရင်
သက်တမ်းပြည့်မှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ
လက်တွဲခဲ့တဲ့ ယူနိုက်တက်နဲ့ လမ်းခွဲရဖို့ နီးစပ်နေပါပြီ။
zawgyi
(၄)ႏွစ္အတြင္း (၂၁)ပြဲသာကစားၿပီး လစာေပါင္(၄၂)သန္းေက်ာ္ အိတ္ကပ္ထဲထည့္ခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္
မန္ခ်က္စတာယူႏိုက္တက္ဝါရင့္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ဟာ
အသင္းကို စတင္ေရာက္ရွိတဲ့ ၂၀၁၁ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ
စုစုေပါင္းလစာေငြအျဖစ္ ေပါင္(၄၂.၁)သန္းအထိ ပိုင္ဆိုင္ခဲ့ပါတယ္။
အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္လက္ေ႐ြးစင္
ကစားသမားေဟာင္း ဖီးလ္ဂ်ဳံးစ္ဟာ လက္ရွိအသင္းမွာ
ဂိုးသမားဒီဂီယာနဲ႔အတူ သက္ေတာ္ရွည္ကစားသမားတစ္ဦးအျဖစ္
သတ္မွတ္ခံထားရေပမယ့္ ယူႏိုက္တက္မွာ ဖီးလ္ဂ်ဳံးစ္ ရွိေနပါလားဆိုတာ
ပရိသတ္ေတြေတာင္ ေမ့ခ်င္သလိုျဖစ္ေနပါၿပီ။ ၂၀၁၈-၁၉ ရာသီကစလို႔
ဖီးလ္ဂ်ဳံးစ္တစ္ေယာက္ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း
နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္မွာ သူ႔ကို အံ့အားသင့္စရာေကာင္းေအာင္
လစာ ေပါင္(၁၁၀,၀၀၀)နဲ႔ (၄)ႏွစ္ခြဲစာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ (၄)ႏွစ္အတြင္း (၂၁)ပြဲသာကစားခဲ့ရသူ ဖီးလ္ဂ်ဳံးစ္ဟာ
ၿပီးခဲ့တဲ့ရာသီက (၅)ပြဲကစားခဲ့ေပမယ့္ ဒီရာသီမွာေတာ့
ဒဏ္ရာျပႆနာေၾကာင့္ (၁)ပြဲမွ ကစားခြင့္မရေသးပါဘူး။
ၿဗိတိန္သတင္းစာ The Express က ဖီးလ္ဂ်ဳံးစ္ဟာ ယူႏိုက္တက္
ကစားသမားဘ၀ ပထမ(၄)ႏွစ္တာကာလအတြင္း တစ္ပတ္ကို
လစာအျဖစ္ ေပါင္(၅၉,၀၀၀)၊ ၂၀၁၅ ကေန ၂၀၁၈ ခုႏွစ္အထိ
ေပါင္ (၇၄,၀၀၀)၊ ၂၀၁၈ ကေန လက္ရွိအခ်ိန္အထိ
ေပါင္(၁၁၀,၀၀၀)ရရွိေနၿပီး ဒဏ္ရာနဲ႔စတင္႐ုန္းကန္ခဲ့ရတဲ့
၂၀၁၈ ခုႏွစ္ကေန အခုႏွစ္အထိ လစာသက္သက္
ေပါင္(၂၈.၅)သန္းရခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ဖီးလ္ဂ်ဳံးစ္ရဲ႕ လက္ရွိစာခ်ဳပ္ဟာ ဒီရာသီကုန္က်ရင္
သက္တမ္းျပည့္မွာျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ
လက္တြဲခဲ့တဲ့ ယူႏိုက္တက္နဲ႔ လမ္းခြဲရဖို႔ နီးစပ္ေနပါၿပီ။