
အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ယူနိုက်တက်ကွင်းလယ်လူဂျိမ်းစ်ဂါနာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့လူငယ်ကွင်းလယ်လူဂျိမ်းဂါနာအတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီရာသီအတွက် သူ့ရဲ့စီမံကိန်းတွေမှာ ဂျိမ်းစ်ဂါနာ မပါဝင်တာကြောင့် ဒီအင်္ဂလန်လူငယ်ကွင်းလယ်လူကို အခုလအစောပိုင်းကတည်းက အရောင်းစာရင်းတင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းက တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပါပြီ။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဂါနာဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် ကြာသပတေးနေ့မတိုင်ခင် အဲဗာတန်အသင်းနဲ့စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပြီး အဲဗာတန်အသင်းဟာ ဂျိမ်းစ်ဂါနာအတွက် ပေါင်(၁၅)သန်းပေးချေရမှာဖြစ်တယ်လို့ manchestereveningnews […]