
နွေရာသီကာလအတွင်း ပေါင်သန်း(၁၀၀)ကျော်သုံးထားပေမယ့် အပြောင်းအရွှေ့လှုပ်ရှားမှု မပြီးဆုံးသေးဘူးလို့ အာတီတာအတည်ပြု
အာဆင်နယ်အသင်းဟာ အခုနွေရာသီကာလအတွင်း ကစားသမားသစ်တွေခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမယ့် နည်းပြအာတီတာက သူတို့ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုက မပြီးဆုံးသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ မန်စီးတီးကစားသမားနှစ်ဦးဖြစ်တဲ့ ဂျေးဆုနဲ့ ဇင်ချန်ကိုအပါအဝင် ကစားသမားသစ်(၅)ဦးအတွက် ပေါင်သန်း(၁၀၀)ကျော်အသုံးပြုခေါ်ယူထားပြီး အာတီတာရဲ့စကားအရ နောက်ထပ်ကစားသမားသစ်တွေ ထပ်ရောက်လာဖို့ရှိနေပါတယ်။ အခုအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အာဆင်နယ်အသင်းဟာ ကစားသမားအဝင်၊အထွက် ခပ်စိပ်စိပ်ဖြစ်နေပြီး အခုတစ်ပတ်ထဲမှာပဲ ဂိုးသမားလေနိုကို ဖူလ်ဟမ်အသင်းဆီ ပေါင်(၈)သန်းနဲ့ရောင်းချခဲ့ပြီးပါပြီ။ အာဆင်နယ်အသင်းဟာ […]