
နောက်ခံလူချင်း အလဲအလှယ်လုပ်ဖို့ ယူနိုက်တက်နဲ့ဘာစီလိုနာတို့ စီစဉ်နေ
မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ သူတို့ရဲ့နောက်ခံလူတွေဖြစ်ကြတဲ့ ဘစ်ဆာကာနဲ့ ဆာဂျင်နိုဒက်စ်တို့ကို တိုက်ရိုက်လဲလှယ်ဖို့စီစဉ်နေကြတယ်လို့ စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးဟာ သက်ဆိုင်ရာအသင်းတွေမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေကြပြီး ဇာဗီနဲ့ အဲရစ်တန်ဟက်တို့က သူတို့ကစားသမားတွေကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် လက်လွှတ်သွားဖို့ ဆန္ဒရှိနေကြပါတယ်။ ဇာဗီက သူ့ရဲ့ ဒီရာသီစီမံကိန်းတွေထဲမှာ ဆာဂျင်နိုဒက်စ် မပါဝင်တော့တာကြောင့် အသင်းပြောင်းချင်ပြောင်းနိုင်တယ်လို့ […]