မန်ချက်စတာဒါဘီပွဲကို မက်ဂွိုင်းယား လွဲချော်မယ်လို့ အဲရစ်တန်ဟက်အတည်ပြု

September 30, 2022 Naing 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားဟာ တံကောက်ကြောဒဏ်ရာကြောင့် တနင်္ဂနွေကျရင် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြအဲရစ်တန်ဟက်က အတည်ပြုလိုက်ပါတယ်။ မက်ဂွိုင်းယားဟာ ဂျာမနီအသင်းနဲ့ကစားခဲ့တဲ့ Nations League ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်သွားခဲ့ရပါတယ်။ မက်ဂွိုင်းယားအနေနဲ့ ဘယ်လောက်အထိအနားယူရမလဲဆိုတာ အတိအကျမသိရသေးပေမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ဖို့က သေချာနေပါပြီ။ […]

ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို ရပ်ရှ်ဖို့ဒ် ဆွတ်ခူးခဲ့တဲ့အပေါ် ပရိသတ်တွေ ဘဝင်မကျဖြစ်နေ

September 30, 2022 Naing 0

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးကစားသမားဆုကို ရပ်ရှ်ဖို့ဒ် ဆွတ်ခူးခဲ့တဲ့အပေါ် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေသာမက ကျန်တဲ့ ပြိုင်ဘက်ပရိသတ်တွေကလည်း ဘဝင်မကျဖြစ်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ လက်စတာ၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာကြောင့် (၁)လတာအကောင်းဆုံးဆုကို မန်စီးတီးနာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ပရိသတ်အများစုက ဒီဆုကို ရပ်ရှ်ဖို့ဒ်ထက် ကွင်းလယ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ခြေစွမ်းပြနေတဲ့ အဲရစ်ဆင်သာ […]

ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို အဲရစ်တန်ဟက်နဲ့ရပ်ရှ်ဖို့ဒ်တို့ ဆွတ်ခူး

September 30, 2022 Naing 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ လက်စတာ၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၁-ဝ)ဂိုး၊ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲဆက်တိုက်နိုင်ပွဲရယူခဲ့ပါတယ်။ အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ ပြိုင်ဘက်နည်းပြတွေဖြစ်တဲ့ ကွန်တီ(စပါး)၊ ဂယ်ရီအိုနေးလ်(ဘုန်းမောက်-ယာယီ)တို့ကိုကျော်ဖြတ်ပြီးတော့ အခု အကောင်းဆုံးဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟက်အနေနဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်နောက်ပိုင်း ပရီးမီးယားလိဂ် (၁)လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဒုတိယမြောက် […]

မန်ချက်စတာဒါဘီပွဲကို ဒိုင်လူကြီးမိုက်ကယ်အိုလီဗာ တာဝန်ယူမှာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေစိုးရိမ်နေ

September 29, 2022 Naing 0

လာမယ့်တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲကို နာမည်ကျော်ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တာဝန်ယူကိုင်တွယ် သွားမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲဆက် အနိုင်ကြောင့် အမှတ်ပေးဇယားအဆင့်(၅)နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဒိုင်လူကြီးအိုလီဗာကိုင်တွယ်တဲ့ […]

မက်ဂွိုင်းယားနဲ့ဗန်ဒိုက်တို့ရဲ့ စွမ်းဆောင်ရည် ဘာမှမကွာဘူးဆိုတာ စစ်တမ်းတွေက သက်သေခံနေ

September 29, 2022 Naing 0

လီဗာပူးလ်ကစားသမားဗန်ဒိုက်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ကလပ်အသင်းမှာ အရန်ခုံနဲ့ နှစ်ပါးသွားနေရပါတယ်။ ဒါပေမဲ့ ဒီကစားသမားနှစ်ယောက်ရဲ့ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မှတ်တမ်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မက်ဂွိုင်းယားက ဗန်ဒိုက်နဲ့ မတိမ်းမယိမ်းဖြစ်နေတာကို အံ့အားသင့်စရာကောင်းလောက်အောင် တွေ့ရမှာပါ။ အားကစားဘွတ်ကီဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Midnite က မက်ဂွိုင်းယားနဲ့ ဗန်ဒိုက်တို့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် […]

ကစားသမားဘဝအောင်မြင်မှုမှာ စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုသာနေ

September 29, 2022 Naing 0

နာမည်ကျော်ဘောလုံးသမားဟောင်းတွေကို စစ်တမ်းကောက်ခံမှုအရ စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝက သူ့ပြိုင်ဘက် မက်ဆီထက် ပိုအောင်မြင်တယ်လို့ အများစုက သတ်မှတ်ကြပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား(GOAT) နှစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတာက ပြီးခဲ့တဲ့ဆယ်စုနှစ်(၂)ခုနီးပါးအတွင်း ပရိသတ်တွေကြားမှာ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ပြီး အချင်းချင်း အပြန်အလှန်ငြင်းခုံရင်းနဲ့သာ အဆုံးသတ်လေ့ရှိပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ […]

ယူနိုက်တက်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို စောင့်မျှော်နေတဲ့ ဒါလော့တ်

September 28, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဒါလော့တ်ကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်အသင်းတချို့ ပစ်မှတ်ထားနေကြပေမယ့် ကစားသမားကတော့ အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဖို့အတွက်ကမ်းလှမ်းမှုကိုသာ စောင့်မျှော်နေပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညာနောက်ခံလူ ဒါလော့တ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲစလုံးမှာ ပါဝင်ခြေစွမ်းပြကစားခဲ့သလို ပြီးခဲ့တဲ့စနေနေ့က ချက်အသင်းကို(၄-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ Nations League ပွဲမှာ ပေါ်တူဂီအတွက် (၂)ဂိုး သွင်းယူခဲ့ပါတယ်။ […]

ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ ယူနိုက်တက်အတွက် နည်းလမ်းကောင်း မျှဝေခဲ့တဲ့ စတမ်း

September 28, 2022 Naing 0

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ယက်ပ်စတမ်းဟာ သူသာ ဟာလန်းနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုထိန်းချုပ်ဖို့ကြိုးစားမလဲဆိုတာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေကျရင် မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးအသင်းနဲ့ အစ်တီဟတ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ပြိုင်ဘက်တိုက်စစ်မှူးဟာလန်းကို ခက်ခက်ခဲခဲထိန်းချုပ်ရဖို့ရှိပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဟာလန်းဟာ ဒီရာသီအစကမှ ဒေ့ါမွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်(၇)ပွဲကစားပြီးချိန်မှာပဲ […]

ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ပျောက်နေမယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာမခံချက်မရှိဘူးလို့ မက်ဂွိုင်းယားကို ဆောက်ဂိတ် သတိပေး

September 28, 2022 Naing 0

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က နောက်ခံလူမက်ဂွိုင်းယားအနေနဲ့ အခုထက်ပိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပြင်ဆင်ဖို့နဲ့ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရအောင် ကြိုးစားရမယ်လို့ သတိပေးလိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ တနင်္ဂနွေနေ့တုန်းက ဂျာမနီနဲ့ကစားခဲ့တဲ့ Nations League ပွဲမှာ (၃-၃)ဂိုးစီသရေကျခဲ့ပြီး မက်ဂွိုင်းယားရဲ့အမှားကနေ ပယ်နယ်တီပေးခဲ့ရတဲ့အတွက် သူ့ကို ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ ဒီရာသီမှာ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် ကလပ်အသင်းမှာ နည်းပြအဲရစ်တန်ဟက်က […]

မန်ချက်စတာဒါဘီပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်ကစားဖို့ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်

September 28, 2022 Naing 0

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ လာမယ့်တနင်္ဂနွေကျရင် မန်စီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်ကစားနိုင်ဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အခုလအစောပိုင်းက အာဆင်နယ်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့်လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသင်းအတွက် မကစားနိုင်တော့သလို အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်းအခုအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီးနဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ […]