
(၃)ပွဲဆက်အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ အားနည်းချက်တွေရှိခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကို (၁-ဝ)ဂိုးနဲ့အနိုင်ယူခဲ့ပေမယ့် ဒုတိယပိုင်းခြေစွမ်းကတော့ အားနည်းချက်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲ၊ အခု လက်စတာနဲ့ပွဲမှာ ပထမပိုင်းကစားပုံကောင်းသလောက် ဒုတိယပိုင်းကျရင် ကစားအား သိသိသာသာကျသွားတာကိုလည်း တွေ့ရတယ်။ မိနစ်(၆၀)ကျော်လာပြီဆိုရင် ယူနိုက်တက်တစ်သင်းလုံးက ခံစစ်ဘက်ကို စိတ်ယိုင်လာပြီး ဂိုးမပေးရအောင်ပဲ ထိန်းကစားသလိုဖြစ်နေတယ်။ လက်စတာကစားသမားတွေ ရှုံးပွဲဆက်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိနေသလို မက်ဒီဆင်၊ […]