အာဂျင်တီးနားနဲ့ ပိုလန်တို့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရရှိ

November 30, 2022 Naing 0

အခုပွဲမှာ အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ခြေစွမ်းအစစ်အမှန်ကို ပြသနိုင်ခဲ့ပြီး ပိုလန်ကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အုပ်စုက တက်ဖို့သာမကပဲ နောက်တစ်ဆင့်မှာ ပြင်သစ်နဲ့ မတွေ့အောင် အာဂျင်တီးနားတို့ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်တာကြောင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့တယ်။ ဘင်ဖီကာလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ် ပွဲထွက်လာတဲ့ အာဂျင်တီးနားကွင်းလယ်က ပြီးခဲ့တဲ့(၂)ပွဲကထက် ကစားအား ပိုကောင်းလာပြီး အန်ဇိုဖာနန်ဒက်ဇ်ဟာ […]

ဆေးရုံမှာ အောင်ပွဲခံခဲ့ရပေမယ့် ရှုံးထွက်(၁၆)သင်းပွဲမှာ ပူလီဆစ် ပါဝင်နိုင်မယ်

November 30, 2022 Naing 0

အမေရိကန်နာမည်ကျော်ကစားသမား ပူလီဆစ်ဟာ အီရန်ကို အနိုင်ရတဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲဆက်လက် မကစားနိုင်ဘဲ ဆေးရုံတင်ပို့ခဲ့ရပြီး အသင်းရဲ့နိုင်ပွဲကို ဆေးရုံက ခုတင်ပေါ်မှာပဲ အောင်ပွဲခံလိုက်ရပါတယ်။ အီရန်နဲ့ပွဲ၊ ပထမပိုင်း(၃၈)မိနစ်မှာ ဆာဂျင်နိုဒက်စ်ရဲ့ ပေးပို့မှုကနေ ပူလီဆစ်က ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားဘီရန်ဗန်နဲ့ ထိခိုက်မိတာကြောင့် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး မိနစ်အနည်းငယ်ကြာ […]

အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် ကမ္ဘာ့လစာငွေအများဆုံးဖြစ်လာမယ့် စီရော်နယ်လ်ဒို

November 30, 2022 Naing 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ (၁)နှစ်လစာ ပေါင်(၁၇၃)သန်းပမာဏနဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး တကယ်လို့ အဲဒီသတင်းသာ အမှန်တကယ်ဖြစ်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ လစာငွေအများဆုံး အားကစားသမားအဖြစ် ရပ်တည်နိုင်မှာပါ။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုလအစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက သူ့ကို နှစ်ဦးသဘောတူ […]

၂၀၀၂ ခုနှစ်နောက်ပိုင်း အုပ်စုကနေ စောစောစီးစီး လှည့်မပြန်ရအောင် ပိုလန်ကို မဖြစ်မနေအနိုင်ကစားရမယ့် အာဂျင်တီးနား

November 30, 2022 Naing 0

ဒီည (မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁: ၃၀)မှာ အုပ်စု(C)နောက်ဆုံးပွဲအဖြစ် တောင်အမေရိကထိပ်သီး အာဂျင်တီးနားနဲ့ ပိုလန်တို့ဟာ အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ Ballon d’Or ဆုကို စံချိန်တင်(၇)ကြိမ်အထိရခဲ့သူ နာမည်ကျော်ကစားသမား မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်အတိုင်းဆိုရင် အုပ်စုနောက်ဆုံးပွဲအထိ အသည်းအသန်ရုန်းကန်စရာမလိုဘဲ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူတက်ခွင့်ရနိုင်ပေမယ့် အဖွင့်ပွဲမှာ […]

လှပတဲ့ ဖရီးကစ်သွင်းဂိုးနဲ့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

November 30, 2022 Naing 0

အင်္ဂလန်အသင်းတောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်အသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို ဖရီးကစ်ကနေ လှလှပပကန်သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)ပွဲဆက်တိုက် အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု ဝေးလ်စ်နဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရခဲ့သလို ခြေစွမ်းပြပြီး အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ်(၅၀)မှာ ဝေးလ်စ်အသင်း ပယ်နယ်တီဧရိယာ ထိပ်နားမှာ အင်္ဂလန်တို့ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး […]

အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားတဲ့ အင်္ဂလန်

November 29, 2022 Naing 0

နာမည်ကြီး အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို အခက်အခဲမရှိ (၃-ဝ)ဂိုးအနိုင်ယူပြီး အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။ ဝေးလ်စ်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွေတုန်းကလို ကျစ်လျစ်တဲ့ ဖျက်မြင်း အဆင့်အနေအထား မရှိတော့ဘဲ အခုပွဲမှာလည်း အင်္ဂလန်ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်ခဲ့ဘူး။ ဒါတောင် အင်္ဂလန်တို့ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးမသွင်းနိုင်ဘဲ […]

သွင်းဂိုးစံချိန်မှတ်တမ်းရေးထိုးခဲ့တဲ့ ဂတ်ပိုကို ခေါ်ယူဖို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

November 29, 2022 Naing 0

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းပြနေတဲ့ ကြယ်ပွင့်ကစားသမားဂတ်ပိုရဲ့ စွမ်းဆောင်ရည်အပေါ် အားရမှုရှိပြီး သူ့ကို အမြန်ဆုံးခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဂတ်ပိုဟာ ဆီနီဂေါ၊ အီကွေဒေါ၊ ကာတာတို့နဲ့ပွဲတွေမှာ ဂိုးတွေသွင်းယူပြီး ပထမဆုံးအကြိမ်ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု(၃)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ဒတ်ချ်ကစားသမားအဖြစ် […]

စီရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ချက်က ဘောလုံးနဲ့မထိခဲ့ဘူးဆိုတာ အထောက်အထားပြပြီး ဖီဖာ ရှင်းလင်း

November 29, 2022 Naing 0

ဥရုဂွေးနဲ့ပွဲမှာ ပေါ်တူဂီအသင်းရရှိတဲ့ ပထမဂိုးဟာ စီရော်နယ်လ်ဒို သွင်းယူတာ မဟုတ်ဘူးဆိုတာကို ဖီဖာက သက်သေအထောက်အထားတွေနဲ့ ရှင်းလင်းလိုက်ပါတယ်။ ဥရုဂွေးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ ဒုတိယပိုင်း (၅၄)မိနစ်မှာ ပေါ်တူဂီအသင်း ဘယ်ခြမ်းကနေ ဘရူနိုဖာနန်ဒက်စ် ကန်တင်ပေးလိုက်တဲ့ဘောလုံးကို စီရော်နယ်လ်ဒိုက ခေါင်းဝင်တိုက်ပြီးတော့ ဂိုးသွင်းခဲ့ပြီး အဲဒီအတွက် စီရော်နယ်လ်ဒိုဟာ အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့ […]

ကတ်စ်မဲရိုး ဂိုးသွင်းတဲ့ပွဲတိုင်း ဘရာဇီးလ်အသင်း ဘယ်တော့မှ ရှုံးလေ့မရှိ

November 29, 2022 Naing 0

ဘရာဇီးလ်အသင်းဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲမှာ ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ လှပတဲ့ဂိုးနဲ့ အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် တစ်လုံးတည်းသောဂိုးကို ပွဲချိန်(၈၃)မိနစ်မှာ ရိုဒရီဂို ပေးတာကနေ ကတ်စ်မဲရိုးက ပြင်းထန်အားပါတဲ့ ညာခြေကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ဝါရင့်ဂိုးသမားကြီးဆွမ်မာ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒီဂိုးဟာ ကတ်စ်မဲရိုးအတွက် […]

ဝမ်းနည်းပြီး ငိုနေတဲ့ ဆွန်ဟောင်မင်ကို အားနာမှုမရှိဘဲ Selfie ဆွဲခဲ့တဲ့ ဂါနာအသင်းနည်းပြ

November 29, 2022 Naing 0

ဂါနာအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးဟာ တောင်ကိုရီးယားနဲ့ပွဲအပြီးမှာ ရှုံးပွဲကြောင့် ဝမ်းနည်းပြီး ငိုနေတဲ့ တောင်ကိုရီးယားနာမည်ကျော်ကစားသမား ဆွန်ဟောင်မင်ကို လူမူရေးအရ အားနာရကောင်းမှန်းမသိဘဲ Selfie ဆွဲခဲ့တာကြောင့် ဝေဖန်ချင်စရာ ဖြစ်ခဲ့ပါတယ်။ ဂါနာနဲ့ပွဲမှာ တောင်ကိုရီးယားအသင်းဟာ (၂-ဝ)ဂိုးပြတ်ရှုံးနိမ့်ပြီးမှ တိုက်စစ်မှူး ချိုဂီဆောင်ရဲ့ ခေါင်းတိုက်သွင်းယူတဲ့ ချေပဂိုး(၂)ဂိုးကြောင့် နိုင်ပွဲရဖို့ မျှော်လင့်ချက် ပြန်ရှင်သန်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ကိုရီးယားအသင်း […]