အာဂျင်တီးနားယူ-၂၀ အသင်းမှာ ဂါနာချို ပါဝင်ကစားဖို့ ပိတ်ပင်ခဲ့တဲ့ ယူနိုက်တက်

December 31, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်ကစားသမား ဂါနာချိုကို အာဂျင်တီးနားယူ-၂၀ အသင်းအတွက် ပါဝင်ကစားဖို့ ခွင့်မပြုခဲ့ဘူးလို့ အာဂျင်တီးနားမီဒီယာတွေက ဖော်ပြနေကြပါတယ်။ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြအဖြစ် ဘာစီလိုနာနဲ့ လီဗာပူးလ် နာမည်ကျော်ကစားသမားဟောင်း မာရှေရာနိုက တာဝန်ယူဆောင်ရွက်နေပြီး လာမယ့်ဇန်နဝါရီလမှာ ကျင်းပမယ့် တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ် ပြိုင်ပွဲဖြစ်တဲ့ Sudamericano ပြိုင်ပွဲကို […]

အသင်းသစ် အယ်လ်နာဆာနဲ့အတူ အဓိကပြိုင်ဘက်မက်ဆီနဲ့ ပြန်ရင်ဆိုင်ခွင့်ရဖို့ရှိတဲ့ စီရော်နယ်လ်ဒို

December 31, 2022 Naing 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းနဲ့ တရားဝင်စာချုပ်,ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းကို စီရော်နယ်လ်ဒို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပြီး အခုအချိန်မှာတော့ အယ်လ်နာဆာနဲ့ (၂)နှစ်စာချုပ်,ချုပ်ဆိုခဲ့သလို လစာနဲ့ တခြားခံစားခွင့်တွေအပါအဝင် (၁)နှစ်ကို ပေါင်(၁၇၃)သန်းအထိ ဝင်ငွေရရှိမှာပါ။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်းတစ်သင်းကို […]

လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးကြောင့် ဝုလ်ဗ်ကို အနိုင်ယူပြီး အဆင့်(၄)နေရာ ပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်

December 31, 2022 Naing 0

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်းမှာ ဝုလ်ဗ်ကို လူစားဝင် ကစားသမား ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အရမ်းကြီးအားရစရာ မကောင်းခဲ့ဘူး။ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး အထူးသဖြင့် ပြိုင်ဘက်ရဲ့ (၁၈)ကိုက်ဧရိယာအတွင်း အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့၊ အဆုံးသတ်သေချာတဲ့ No 9 […]

အာဂျင်တီးနားနိုင်ငံရဲ့ နောက်တက်လာမယ့် သမ္မတအဖြစ် မက်ဆီကို မဲပေးဖို့အသင့်ရှိနေတဲ့ အာဂျင်တီးနားပရိသတ်တွေ

December 31, 2022 Naing 0

အာဂျင်တီးနားပရိသတ်တွေဟာ နာမည်ကျော်ကစားသမားမက်ဆီကို နိုင်ငံသမ္မတအဖြစ် ခန့်အပ်ခံရဖို့ အားပါးတရ ထောက်ခံအားပေးနေကြပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲအောင် ခြေစွမ်းပြကစားခဲ့ပြီး (၃၆)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီအတွက်လည်း ဒါက လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံဆုဖြစ်သလို ၂၀၂၁ ကိုပါအမေရိကဖလားပြီးရင် […]

ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့လို့ အယ်လ်နာဆာကို ရွေးချယ်လိုက်ပုံရတဲ့ စီရော်နယ်လ်ဒို

December 31, 2022 Naing 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်ချက်မရှိတာကြောင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ရွေးချယ်လိုက်တာဖြစ်တယ်လို့ စပိန်မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက ပီယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ အသင်းပိုင်ရှင်ဂလေဇာမိသားစု၊ နည်းပြ အဲရစ်တန်ဟက်တိုအပေါ် ဝေဖန်ပြောဆိုခဲ့သလို အဲဒီ အင်တာဗျူးရုပ်သံ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုနဲ့ […]

တစ်ချိန်က ယူနိုက်တက်အသင်းသားဖြစ်ဖို့ နီးစပ်ခဲ့ဖူးတဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီး ပီလီ

December 30, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ်ဂန္ထဝင်ကစားသမားပီလီကို ဘောလုံးစင်မြင့်ထက်မှာ အထင်ရှားဆုံးဖြစ်နေတဲ့ ၁၉၆၀ ကျော်ကာလတွေတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရတဲ့ ပီလီဟာ အူမကင်ဆာရောဂါကြောင့် မနေ့က ကွယ်လွန်သွားပြီဖြစ်ပြီး သူ ကွယ်လွန်ချိန်မှာ အသက်(၈၂)အရွယ်ရှိနေပြီဖြစ်ပါတယ်။ ဘောလုံးသမားဘ၀ (၂၁)နှစ်တာကာလအတွင်း ပီလီဟာ ပွဲပေါင်း (၁,၃၆၃)ပွဲ ကစားခဲ့ပြီး […]

ဟာလန်းသာ ပရီးမီးယားလိဂ်မှာ နှစ်အကြာကြီးကစားဖြစ်ရင် သူ့ရဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ဖို့ရှိတယ်လို့ အလန်ရှီးယား သုံးသပ်

December 30, 2022 Naing 0

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသူ ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက မန်စီးတီးအသင်းအတွက် မယုံနိုင်လောက်အောင် ဂိုးတွေသွင်းပြနေတဲ့ နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းကို ချီးကျူးစကားဆိုခဲ့ပြီး ဒီရာသီမှာ ဂိုး(၄၀)အထိ သွင်းနိုင်ဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဟာလန်းဟာ လိဒ်စ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ (၂)ဂိုးသွင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်(၁၄)ပွဲကစားအပြီးမှာပဲ ဂိုး(၂၀)အထိသွင်းယူခဲ့ပြီဖြစ်ပါတယ်။ အဲဒါကြောင့် […]

လာမယ့်နှစ်အစပိုင်းမှာပဲ အသင်းကို ဂလေဇာမိသားစု ရောင်းချမှာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေ နှစ်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ ဆန္ဒ မကြာခင်ပြည့်တော့မယ် . .

December 30, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ လာမယ့်လ အနည်းငယ်အတွင်းမှာပဲ အသင်းကို အပြီးသတ်ရောင်းချသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။ အခုနောက်ပိုင်းနှစ်အတွင်း ပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ မကြာခဏ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ယူနိုက်တက်အသင်းကို ရောင်းချဖို့စီစဉ်နေပြီလို့ ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့လက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဂလေဇာမိသားစု မထွက်မချင်း ဆန္ဒပြသွားဖို့ ရှိပြီး နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ ဂလေဇာမိသားစုဟာ […]

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြဂိုးတွေသွင်းခဲ့တဲ့ ဂျရူးကို အေစီမီလန် (၂)နှစ်စာချုပ်သက်တမ်းတိုးမယ် . .

December 30, 2022 Naing 0

အေစီမီလန်အသင်းဟာ သူတို့ရဲ့ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကို (၂)နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရသွားပြီလို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျရူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် (၄)ဂိုးသွင်းယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဖြစ်တဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်း အွန်နရီကို ကျော်ဖြတ်ပြီးတော့ (၅၃)ဂိုးနဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဂျရူးဟာ ဒီရာသီမှာလည်း ကလပ်အသင်းအတွက် […]

သူငယ်ချင်းဖြစ်သူ လင်ဂတ်အတွက် အမှတ်တရစကားပြောခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

December 29, 2022 Naing 0

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နော်တင်ဟင်ဖော်ရက်စ်နဲ့ ပွဲအပြီးမှာ သူငယ်ချင်းဖြစ်သူ လင်ဂတ်အတွက် အမှတ်တရစကားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအတွင်း ယူနိုက်တက်ကနေ အလွတ်နဲ့ထွက်ခွာခဲ့သူ လင်ဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ဘက်အဖြစ် ပြန်လည်ခြေချခဲ့ပြီး သူ လူစားလဲခံရချိန်မှာ ယူနိုက်တက်ပရိသတ်တွေက လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ ပွဲအပြီးမှာလည်း ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ တရင်းတနှီးစကားပြောခဲ့ကြပြီး အချင်းချင်း ဂျာစီလဲလှယ်ခဲ့ပါတယ်။ […]