
ကက်စ်မဲရိုးကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ဆောင်ဖို့ လွယ်ကူခဲ့သည်တော့မဟုတ်။
ကွင်းလယ်လူကက်စမဲရိုးကို ရီးရဲလ်ဆီက ခေါ်ယူမှုမှာ နည်းပြတန်ဟက် ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာကို အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ရှင်းပြလိုက်ပါတယ်။ အဲဒီဘရာဇီးသားဟာ ပြီးခဲ့တဲ့နွေမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက မန်ယူအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။ မန်ယူဟာ ပြီးခဲ့တဲ့နွေမှာ အခြားကွင်းလယ်ပစ်မှတ်တွေရှိခဲ့တယ်လို့ ရိုမာနိုက ပြောပါတယ်။ သူတို့ဟာ ဘာစီလိုနာက ဖရန်ကီဒီဂျောင်၊ ဂျူဗင်တပ်က ရာဘီယော့တို့နဲ့လည်း သတင်းကြီးခဲ့တာပါ။ […]