သရဲနီဖန်အကြီးစားဖြစ်နေတဲ့ ဟာလန်း လက်သစ်

March 29, 2023 Naing 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရေရှည်အသုံးပြုနိုင်မယ့် အထောင် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး နွေရာသီ အပြောင်းအရွေ့ကာလ တဖြည်းဖြည်း နီးစပ်လာတာနဲ့အမျှ ကောလဟာလသတင်းတွေကလည်း ဆက်လက်ထွက်ပေါ်နေပါတယ်။ ယူနိုက်တက် ခေါ်ယူဖို့ အလားအလာရှိတဲ့ တိုက်စစ်မှူးစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြသူတွေကတော့ ဟယ်ရီကိန်း နှင့် ဗစ်တာ အိုစီမင်တို့ ဖြစ်ကြပြီး သူတို့က အသင်းအတွက် […]

ယူရိုခြေစစ်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ဒိုလေးနဲ့အတူရပ်တည်နေတဲ့ သရဲနီတပ်သား

March 29, 2023 Naing 0

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွေ့ပြီးနောက် နည်းပြသစ် ရောဘတ်တို မာတီးနက်ရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဆက်လက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးမီက ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်တွေမှာ ခြေစွမ်းပြသွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။ လက်ချင်စတိန်ကို ( ၄-၀ ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ( […]

၁၀ ရက်အတွင်း ယူနိုက်တက်အတွက် ပြန်ကစားပေးတော့မယ့် အဲရစ်ဆင်

March 29, 2023 Naing 0

ခရစ္စတီယန်အဲရစ်ဆင်ဟာလာမယ့်၁၀ရက်တွင်ယူနိုက်တက်အတွက် ပြန်လည်ကစားပေးလာနိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်။ အသက်၃၁နှစ်ရှိဒိန်းမတ်လက်ရွေးစင်ကစားသမားဟာခြေကျင်းဝတ် ဒဏ်ရာကြောင့်မေလအထိအနားယူရမယ်လို့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ခရစ္စတီယန်အဲရစ်ဆင်ဟာယခုအခါလေ့ကျင့်ခန်းပြန်ဆင်း လာနိုင်ပြီဖြစ်ပြီးမကြာမီကာလအတွင်းတွင်ပြန်ကစားလာနိုင်တော့မှာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာနယူးကာဆယ်၊ဘရန့်ဖို့ဒ်တို့နှင့်ရင်ဆိုင်ကစားရမဲ့လာမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲနှစ်ပွဲကိုဆက်လက်လွဲချော်လာဦးမှာ သေချာနေပေမဲ့လည်းဧပြီလ၈ရက်နေ့တွင်အဲဗာတန်ကိုဧည့်ခံ ကစားရမဲ့ပွဲမှာပါဝင်လာဖို့ရှိနေပါတယ်။ ဒိန်းမတ်လက်ရွေးစင်က “အားလုံးအဆင်ပြေချောမွေ့နေတယ်။စတင်ပြီးလေ့ကျင့်ခန်းဆင်းနေပြီ။ ပြီးရင်နောက်တစ်ဆင့်တက်မယ်။ရက်သတ္တပတ်အနည်းငယ်ခန့် ကာယလေ့ကျင့်ခန်းလုပ်မယ်။ပြီးရင်ပြန်လည်ထူထောင်ရေးလုပ်မယ်”လို့ ပြောကြားသွားပါတယ်။ ခရစ္စတီယန်အဲရစ်ဆင်ဟာဇန်နဝါရီလ ၂၈ရက်နေ့တုန်းကရီးဒင်းကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲစဉ်တွင် အင်ဒီကာရိုးလ်ရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယန်အဲရစ်ဆင်ပြန်ကစားလာနိုင်မှုကပရီးမီးယားလိဂ်တွင် ထိပ်ဆုံးလေးသင်းဝင်ရေးနှင့်ယူရိုပါလိဂ်ဖလားရရှိရေးကြိုးပမ်းနေတဲ့ အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်အတွက်သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်ကစားသမားကက်စ်မီရိုမှာလည်း မတ်လ၁၂ရက်နေ့တုန်းကဆောက်သမ်တန်နှင့်ပွဲစဉ်မှအနီကတ်ကြောင့် […]

” ငါတို့တိုက်စစ်မှာ ဝက်ဟော့ထက်စာရင် တွမ်မီနေးက ပိုကောင်းမယ့်သူဖြစ်နေမလားပဲ ” 🤔

March 29, 2023 Naing 0

ပြီးခဲ့တဲ့အင်္ဂါည ယူရိုခြေစစ်ပွဲတွေအပြီးမှာ မန်ယူပရိသတ်တွေဟာ နည်းပြတန်ဟက်ကို ထူးထူးခြားခြားတောင်းဆိုမှုတစ်ခုလုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ လက်ကျန်ရာသီက အသင်းရဲ့တိုက်စစ်မှာ ဝက်ဟော့အစား တွမ်မီနေးကိုသာ အသုံးပြုဖို့ပါ။ မန်ယူကွင်းလယ်လူတွမ်မီနေးဟာ စပိန်ကို အံ့အားသင့်ဖွယ်အနိုင်ရမှုမှာ စကော့တလန်ရခဲ့တဲ့ ၂ ဂိုးစလုံးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဆိုက်ပရပ်စ်နဲ့အုပ်စုအဖွင့်တုန်းကလည်း လူစားဝင်လာပြီး ၂ ဂိုးသွင်းပေးခဲ့သေးတာကြောင့် ပြီးဆုံးသွားခဲ့တဲ့ […]

ပိုင်ရှင်အသစ်သာ ရက်ကလစ်ဖ်ဖြစ်ခဲ့ရင် ထိပ်ဆုံး ၄သင်းစာရင်းဝင်လည်း သရဲနီတွေ ချန်ပီယံလိဂ်နဲ့လွဲမယ်…

March 29, 2023 Naing 0

တကယ်လို့များဆာဂျမ်ရက်ကလစ်ဖ်သာအသင်းပိုင်ရှင်သစ်ဖြစ်လာပါက ယူနိုက်တက်ဟာပရီးမီးယားလိဂ်တွင်ထိပ်ဆုံး၄သင်းစာရင်းဝင်လာပါကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးလာရဖို့ရှိနေပါတယ်။ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဘာကာဘီလျှံနာရှိတ်ဂျမ်ဆင်ဘင်ဟာမက်အယ်သာနီနှင့်အတူယူနိုက်တက်ကို ဝယ်ယူရေးထိပ်ဆုံးမှရေပန်းစားနေပါတယ်။ ဒါပေမဲ့တကယ်လို့များ ဆာဂျမ်ရက်ကလစ်ဖ်သာပိုင်ဆိုင်လာမည်ဆိုပါကယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ဆာဂျမ်ရက်လစ်ဟာပြင်သစ်လီဂူး၁ကလပ်နိုက်စ်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းအရပိုင်ရှင်တစ်ဦးတည်းပိုင်အသင်းနှစ်သင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါဘူး။ စည်းမျဉ်းအရတကယ်လို့များနိုက်စ်သာ လီဂူး၁မှာအဆင့်၃ရရှိပြီးချန်ပီယံလိဂ်ဝင်ခွင့်ရပြီးယူနိုက်တက်မှာအဆင့်၄နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင်ပိုမြင့်တဲ့အဆင့်တွင်ရပ်တည်နိုင်တဲ့ နိုက်စ်ကဝင်ခွင့်ရရှိလာပါမယ်။ တကယ်လို့များနှစ်သင်းလုံးမှာအဆင့်၃နေရာတွင်ရပ်တည်လာပါက ပိုင်ရှင်ကိုယ်တိုင်ကဘယ်အသင်းကိုချန်ပီယံလိဂ်ကစားစေမလဲဆိုတာ ဆုံးဖြတ်လာရပါမယ်။ ဆာဂျမ်ရက်ကလစ်ဖ်ဟာယင်းသို့အခြေအနေကြောင့် ယူနိုက်တက်ကိုဝယ်ယူရေးအတွက်အခြေအနေမကောင်းဖြစ်လာပါတယ်။ ဒါပေမဲ့တကယ်လို့များယူနိုက်တက်ကိုဝယ်ယူလာနိုင်မည်ဆိုပါက ဆာဂျမ်ရက်ကလစ်ဖ်ဟာ နိုက်စ်အသင်းကိုစတေးပြီးရောင်းချသွားနိုင်ပါတယ်။ လက်ရှိအချိန်တွင်နိုက်စ်ဟာလီဂူး၁တွင်အမှတ်ပေးဇယားအဆင့်၇နေရာမှာ […]

ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ မူအာနီဟာ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်တယ်လို့ ဘာပေ ချီးကျူး

March 29, 2023 Naing 0

ပြင်သစ်အသင်းနာမည်ကျော်ကစားသမား ဘာပေက လက်ရွေးစင် အသင်းဖော် မူအာနီဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ ချီးကျူးစကားပြောခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီဟာ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေပြီး သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းက,ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၁၀၅)သန်းအထိပေးပြီးတော့ ကြိုးပမ်းသွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ ဖရန့်ဖတ်အသင်းအတွက် မူအာနီက […]

ယူနိုက်တက်၊ အာဆင်နယ်တို့ရဲ့ပစ်မှတ် ဗလာဟိုဗစ်ကို ရောင်းချဖို့ ဂျူဗင်တပ်စ်ပြင်ဆင်နေပြီ။

March 29, 2023 Naing 0

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဗလာဟိုဗစ်ကို လာမယ့် နွေရာသီကျရင် ရောင်းချဖို့ပြင်ဆင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့အတွက် သတင်းကောင်းဖြစ်လာပါတယ်။ အီတလီနာမည်ကျော်အားကစားသတင်းစာ La Gazzetta dello Sport က ဂျူဗင်တပ်စ်အသင်းဟာ ဗလာဟိုဗစ်နဲ့လမ်းခွဲဖို့ အသင့်ရှိနေပြီး သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကိုလည်း ရှာတွေ့ထားပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ […]

ရာသီမသိမ်းခင် ဟယ်ရီကိန်းကို ပေါင်သန်း ၈၀ နဲ့ အပြီးသတ်ခေါ်ယူမယ်…

March 29, 2023 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူများဟာနည်းပြ အဲရစ်တန်ဟက်အားဟယ်ရီကိန်းကိုပြောင်းရွှေ့ကြေးပေါင်သန်း၈၀ဖြင့် ခေါ်ယူရေးလုပ်ဆောင်ရန်မီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာယခုရာသီ၂၀၂၂-၂၃ဘောလုံးရာသီမကုန်ဆုံးမီ ဟယ်ရီကိန်းအားခေါ်ယူရေးအပြီးသတ်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။ အသက်၂၉နှစ်ရှိစပါးစ်တိုက်စစ်မှူးဟာယူနိုက်တက်ရဲ့နှစ်ရှည်လများ ပစ်မတ်ထားခြင်းလာခဲ့ရသူလည်းဖြစ်ပါတယ်။ယူနိုက်တက်ဟာနွေရာသီတွင် ကျောနံပါတ်၉ကစားသမားတစ်ဦးခေါ်ယူရန်စီစဉ်ထားပြီးဟယ်ရီကိန်းမှာ နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာယခုရာသီတွင် စပါးစ်သာချန်ပီယံလိဂ်ဝင်ခွင့်မရရှိလာပါကဟယ်ရီကိန်းမှာ ထွက်ခွာလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းကဟယ်ရီကိန်းအတွက် ပေါင်သန်း၁၀၀သတ်မှတ်ထားပေမဲ့လည်းယူနိုက်တက်တာဝန်ရှိသူများက ပေါင်သန်း ၈၀ ဝန်းဖြင့် ခေါ်ယူနိုင်ရေးအပြီးသတ်နိုင်ရန်မျှော်လင့်နေပါတယ်။ တကယ်တော့ဟယ်ရီကိန်းကိုခေါ်ယူလိုနေတာယူနိုက်တက်တစ်သင်းတည်း မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီနှင့် […]

ဂျီဘရော်လ်တာနဲ့ပွဲမှာ သူ့ခြေစွမ်းက ေ-ာက်သုံးမကျခဲ့ဘူးလို့ ဗက်ဟော့တ် ဝန်ခံ

March 29, 2023 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူးဗက်ဟော့တ်က ဂျီဘရော်လ်တာနဲ့ပွဲမှာ သူ့ခြေစွမ်းဟာ စိတ်ပျက်စရာကောင်းလောက်အောင် ေ-ာက်သုံးမကျခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဥရောပထိပ်သီး နယ်သာလန်အသင်းဟာ ကမ္ဘာ့အဆင့်(၂၀၀)သာရှိတဲ့ ဂျီဘရော်လ်တာကို တစ်ယောက်အသာ ၁၁ ယောက်- ၁၀ ယောက်နဲ့ကစားခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲ မယူနိုင်ဘဲ ဒီပိုင်း၊ နေသန်အကီ(၂ဂိုး)တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ တစ်ပွဲလုံးမှာ နယ်သာလန်အသင်း […]

ဘာစီလိုနာနဲ့လမ်းခွဲဖို့ နီးစပ်နေတဲ့ အန်ဆုဖာတီကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ရတော့မလား . . .

March 29, 2023 Naing 0

ဘာစီလိုနာလူငယ်ကြယ်ပွင့်အန်ဆုဖာတီဟာ သူ့ရဲ့အနာဂတ်အတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်နေပြီး အန်ဆုဖာတီကိုခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ဆုဖာတီဟာ ဥရောပဘောလုံးလောကရဲ့ အရည်အသွေးမြင့်လူငယ်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း ဒဏ်ရာပြဿနာတွေက သူ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ လာမယ့်နွေရာသီကျရင် အန်ဆုဖာတီဟာ ဘာစီလိုနာကနေ […]