ကတ်စ်မဲရိုးမပါဝင်ဘဲ လီဗာပူးလ်နဲ့ပွဲက လူစာရင်းအတိုင်း အပြောင်းအလဲမရှိပွဲထွက်လာတဲ့ ယူနိုက်တက်

August 27, 2022 Naing 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဆောက်သမ်တန်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။ ယူနိုက်တက်လူစာရင်းမှာ ဂိုး-ဒီဂီယာ၊ နောက်တန်း – မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့တ်၊ အလယ်တန်း -အဲရစ်ဆင်၊ တွမ်မီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ ရှေ့တန်း – အီလန်ဂါ၊ ရပ်ရှ်ဖို့ဒ်၊ […]

အသင်းခေါင်းဆောင်ဖြစ်လို့ ပွဲတိုင်းကစားခွင့်ရမယ်ဆိုပြီး မမျှော်လင့်ထားဖို့ မက်ဂွိုင်းယားကို တန်ဟက် သတိပေး

August 27, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ ဒီနေ့ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့် ဆက်လက်ပျောက်ဆုံးမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နည်းပြအဲရစ်တန်ဟက်က မက်ဂွိုင်းယားအတွက် ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ သတိပေးစကားပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ လီဗာပူးလ်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွိုင်းယားကို အရန်ကစားသမားစာရင်းထဲမှာသာ ထည့်သွင်းခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့အတွဲကို ပွဲထွက်အသုံးပြုခဲ့သလို ဒီကစားသမားနှစ်ယောက်က ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းယားဟာ အရင်ကလို […]

အသင်းနဲ့လမ်းခွဲဖို့မရှိတဲ့ ကစားသမား(၃)ဦးက ဘယ်သူတွေလဲဆိုတာ အဲရစ်တန်ဟက် ထုတ်ပြောလိုက်ပြီ

August 26, 2022 Naing 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ဖီးလ်ဂျုံးစ်၊ တွမ်ဇီဘီ၊ ဘရန်ဒန်ဝီလီယံစ်တို့ဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း အသင်းနဲ့လမ်းခွဲဖို့မရှိဘဲ လက်ရှိအသင်းမှာပဲ ဆက်ကစားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ ဒီဂီယာနဲ့အတူ သက်တော်ရှည်ကစားသမားဖြစ်တဲ့ နောက်ခံလူဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် လအတော်ကြာအောင်အနားယူခဲ့ရပြီး,ပြီးခဲ့တဲ့ရာသီကမှ အသင်းအတွက် ပြန်ကစားနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖီးလ်ဂျုံးစ်ဟာ အခုနွေရာသီတစ်လျှောက်လုံး အသင်းနဲ့အတူလေ့ကျင့်ခန်းမဆင်းခဲ့ဘဲ သူ့ကို ကလပ်တချို့က အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပေမယ့် […]

ဒီရာသီ ချန်ပီယံလိဂ်မှာကစားခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ မေးခွန်းကို အချက်ကျကျတုံ့ပြန်ခဲ့တဲ့ ကတ်စ်မဲရိုး

August 26, 2022 Naing 0

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ကတ်စ်မဲရိုးက ဒီရာသီ ချန်ပီယံလိဂ်မှာကစားခွင့်ရမှာမဟုတ်တဲ့အတွက် ဘယ်လိုခံစားရလဲဆိုတဲ့ မီဒီယာတွေရဲ့မေးခွန်းကို အချက်ကျကျတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်းကို ပေါင်သန်း(၇၀)နဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့(၄)နှစ်စာချုပ်,ချုပ်ဆိုခဲ့သလို အဲဒီစာချုပ်ပြည့်ရင် နောက်ထပ်(၁၂)သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်းပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်သာကစားရမှာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း ကတ်စ်မဲရိုးဟာ ချန်ပီယံလိဂ်ဖလားကို အကြိမ်ကြိမ်ဆွတ်ခူးခဲ့ပြီး,ပြီးခဲ့တဲ့ရာသီကမှ […]

ဆောက်သမ်တန်နဲ့ပွဲကို ဒဏ်ရာကြောင့် မာစီယဲလ် လွဲချော်မှာဖြစ်တယ်လို့ အဲရစ်တန်ဟက်အတည်ပြု

August 26, 2022 Naing 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က မနက်ဖြန်မှာ ဆောက်သမ်တန်နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲကို တိုက်စစ်မှူးမာစီယဲလ် လွဲချော်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် မနက်ဖြန် မြန်မာစံတော်ချိန် ညနေ(၆:၀၀)နာရီအချိန်ကျရင် ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မာစီယဲလ် မပါဝင်နိုင်တာကြောင့် တိုက်စစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာပါပြီ။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အက်သလက်တီကိုနဲ့ကစားခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် ရာသီအဖွင့်ပွဲတွေကို လွဲချော်ခဲ့ပြီး လီဗာပူးလ်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ […]

ယူရိုပါလိဂ်အုပ်စုပွဲတွေထွက်ပေါ်လာပြီး အုပ်စုအဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ဖို့ရှိတဲ့ ယူနိုက်တက်

August 26, 2022 Naing 0

၂၀၂၂-၂၃ ရာသီ ယူရိုပါလိဂ်အုပ်စုအဆင့်အတွက် မဲခွဲပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ အတွဲအဖက်တွေအရ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ အုပ်စုချောင်နေပါတယ်။ ၂၀၁၇ ချန်ပီယံဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ အုပ်စု(E)မှာ ဆိုစီဒက်၊ မော်လ်ဒိုဗာကလပ် ရှရစ်ဖ်၊ ဆိုက်ပရက်စ်က အိုမိုနီအီယာနီကိုးရှားတို့နဲ့အတူ ကျရောက်ခဲ့ပြီး ဆိုစီဒက်တစ်သင်းသာ အဓိကပြိုင်ဘက်ဖြစ်လာဖို့ရှိနေသလို ကျန်တဲ့နှစ်သင်းကိုတော့ ကျော်ဖြတ်နိုင်ဖို့ သိပ်မခက်ပါဘူး။ […]

ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အုပ်စုအတွဲအဖက်တွေထွက်ပေါ်လာတဲ့ ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ

August 25, 2022 Naing 0

၂၀၂၂- ၂၃ ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် အတွဲအဖက်တွေထွက်ပေါ်လာပြီး ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ဒေ့ါမွန်တို့ တစ်အုပ်စုတည်းကျရောက်နေသလို အုပ်စုကျပ်(Group Of Death)အဖြစ် သတ်မှတ်ရမှာက အုပ်စု(C)နဲ့ အုပ်စု (H)ပဲဖြစ်ပါတယ်။ အုပ်စု(C)မှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ဗစ်တိုးရီးယားပါလ်ဇန်တို့ပါဝင်နေပြီး ၂၀၁၉-၂၀ ရာသီ ကွာတားဖိုင်နယ်တုန်းက ဘာစီလိုနာကို (၈-၂)ဂိုးနဲ့ […]

အလုပ်,လုပ်ခွင့် ဗီဇာရသွားပြီဖြစ်တာကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်မယ့် ကတ်စ်မဲရိုး

August 25, 2022 Naing 0

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ကတ်စ်မဲရိုးဟာ အလုပ်,လုပ်ခွင့်ဗီဇာရရှိသွားပြီဖြစ်တဲ့အတွက် လာမယ့်တစ်ပတ်ကျရင်ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ရီးယဲလ်ကနေ ယူနိုက်တက်ကို ဆုကြေးအပါအဝင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)နဲ့ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းသစ်မှာ တစ်ပတ်ကို ပေါင်(၃၅၀,၀၀၀)လစာငွေရရှိသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လီဗာပူးလ်နဲ့ပွဲမှာ ကတ်စ်မဲရိုးဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ပရိသတ်နဲ့မိတ်ဆက်ခဲ့ပေမယ့်လည်း အသင်းအတွက် မကစားနိုင်ဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ အားပေးခဲ့ရပါတယ်။ ဒါပေမဲ့ […]

ဘိုင်ယန်နောက်ခံလူပါဗာကို ယူနိုက်တက်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရ

August 25, 2022 Naing 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူပါဗာကို ထူးထူးဆန်းဆန်း ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်ကစားသမား ပါဗာဟာ ညာနောက်ခံလူဖြစ်ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ ခံစစ်အတွင်းလဲအဖြစ် ပြောင်းလဲကစားနေရတာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ခံစစ်ညာခြမ်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ဆန္ဒရှိနေပြီး ဒါလော့တ်၊ ဘစ်ဆာကာတို့နဲ့အပြိုင်ဖြစ်အောင် ပါဗာကို ခေါ်ယူချင်နေတာပါ။ အဲဒါကြောင့် ယူနိုက်တက်အသင်းက ပါဗာရဲ့ […]

ချန်ပီယံလိဂ်ကစားချင်နေတဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ရိန်းဂျားစ်ပရိသတ်တွေ တောင်းဆို

August 25, 2022 Naing 0

စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။ ရိန်းဂျားစ်အသင်းဟာ ချန်ပီယံလိဂ် Play off ဒုတိယအကျော့ပွဲမှာ PSV အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း(၃-၂)ရလဒ်နဲ့ အုပ်စုအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ဒါဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရိန်းဂျားစ်ပရိသတ်တွေက အသင်းတိုက်စစ်အတွက် […]